Ch 4 (arc 1-2)

439 66 0
                                    

 Unicode

  "အားးးး နာလိုက်တာ ၊ ဘယ့်နှယ် အစွမ်းသုံးပါတယ်ဆို သစ်ပင်ရှေ့တည့်တည့်မှ လာပေါ်ရလားလို့။ ဟင့်.......  system ရေ မင်းပြောတော့ အဆင့်တက်ရင် အကွာအဝေးတွေ ပိုဝေးသွားမယ်ဆို။"
   
    (ဟုတ်ပါတယ် host မကောင်းဘူးလား)

     "ဘယ်ကောင်းမလဲကွ နီးနီးလေးတောင် မမြင်ရလို့ ငါခေါင်းဆောင့်မိပြီ ဝေးသွားရင် တခါတလေ များ ချောက်ထဲကျတာတို့ ပင်လယ်ထဲ ကျတာတို့ ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ၊ မကောင်းပါဘူး ဒီ စွမ်းအင် ကြီးက ဟင့်...... ဟီး....."

     (အာ host ကလည်း တုံးရန်ကော ဝေးဝေးသွားလို့ရမှကောင်းမှာပေါ့ ၊ ဒီပြဿနာကို ရှင်းရမယ်ဆိုရင် ommm...... အာသိပြီ host အရှင် kris ဆိုရင်လေ အစွမ်းတွေ ပေါင်းပြီး သုံးလေ့ရှိတယ် ပိုကောင်းလားတော့ မသိဘူး စမ်းကြည့်ပါလား🙂)

    "ဪ အေးအေး သူလဲမသိဘဲနဲ့ ရမ်းသမ်းပြောနေပြန်ပြီ ဆိုပါဦး ဘယ်လိုပေါင်းရမလဲလို့ "

    (အဲ့တာတော့ ကျနော်လဲ သေချာမသိဘူးဗျ ။ အရှင်သုံးတုန်းကတော့ မျက်လုံးက တစ်ဖက်တစ်ရောင်ဖြစ်နေတာတော့ မြင်လိုက်ရတယ် ၊ ဘာတွေ ရွတ်သလဲသာမသိတာ host စမ်းကြည့်ပါလား)

     "omm ​ကောင်းပြီလေ "

     "ပေါင်းစပ် နေရာပြောင်းစွမ်းအင်"×3

      "ဘာမှလဲမဖြစ်ဘူး"

      "ခရမ်းစိမ်းနေရာပြောင်းစွမ်းအင်"  ×3

       "အား နာတယ် "လို့အော်နေရင်း သတိုးသည် ညာဘက်မျက်လုံးမှ အေးချမ်းပြီး စပ်ဖျဥ်းဖျဥ်း ခံစားချက် ၊ ဘယ်ဘက်မျက်လုံးမှ ဆွဲထုတ်ပြီး လွင့်ပစ်ခံလိုက်ရသလို ခံစားချက် များ ကို ခံစားလိုက်ရတယ်။ မိနစ်အနည်းငယ်ကြာမှ သက်သာသလို ခံစားရပြီး မှန်ကို ထုတ်ကြည့်လိုက်ရာ ညာဘက်မျက်လုံးက အစိမ်းရောင် ဘယ်ဘက်က ခရမ်းဖျော့ရောင်ကို မြင်လိုက်ရတယ်။
( note:မျက်ဆံတင်အရောင်ပါတာပါနော် မျက်လုံးတစ်ခုလုံး အရောင်မပေါ်ပါဘူး)

     (host အစွမ်းပေါင်းစပ်တာ ရသွားပြီဘဲ တော်လိုက်တာ host က အစွမ်းစမ်းသုံးကြည့်ပါလား ဘယ်လို သုံးရတာလဲ သိချင်လို့)

Training with system to be a god Where stories live. Discover now