Ch 7 (arc 1-5)

379 69 4
                                    

 Unicode 

     'system ရေ ငါတို့ အာလန်ရွာကထွက်ကတည်းက ကူညီပြိီးတာ ၅ ရွာရှိပြီမလား။ အခုထိလည်း Leo ကိုရှာမတွေ့သေးဘူး။ အခုနောက်ဆုံးရွာဘဲကျန်တော့တယ်။ တစ်ခုခုများလွဲနေသလားလို့ '

  ( မလွဲနိုင်ဘူး host. နတ်ဆိုး Leo နားရောက်ရင် နတ်ဘုရားသစ်ပင်က အချက်ပြလိမ့်မယ်။ အခုက နည်းနည်းဝေးနေလို့နေမှာပါ။)

   ' ခရမ်းစိမ်းနေရာပြောင်းစွမ်းအင်နဲ့ အာရုံခံကြည့်တာလဲ မတွေ့ဘူး။ အဲ့လိုအာရုံခံရင် မမြင်ရဘူးလား system '

    ( အဲ့တာတော့ အတိအကျမသိဘူး host ၊ ကျနော်ထင်တာကတော့  host အာရုံခံနိုင်တဲ့ အကွာအဝေးကြောင့်များလားလို့ပါ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ကျနော်တို့လဲ ဒီဒေသကိုပြုပြင်လာတာ Leo ရဲ့အငွေ့အသက်တွေဆိုတာ သေချာတယ်။ ဒီရွာကို ရှာလို့မတွေ့ရင် ရွာတွေရဲ့အလယ်က တောနက်ကြီးထဲရှာရတော့မှာဘဲ။ host fighting)

    သတိုးလဲ system ကို ခပ်ဖျော့ဖျော့ အပြုံးတစ်ချက်သာပေးလိုက်ရင်း လုပ်နေကြအတိုင်း ကျန်နေသောရွာကို အစွမ်းဖြင့် ပြုပြင်ပေးလိုက်သည်။ ထုံးစံအတိုင်း ထိုရွာတွင်လဲ Leo ကိုမတွေ့ခဲ့ မခံစားခဲ့ရပေ။

    ထို့ကြောင့် သတိုးလဲ တစ်ရက်လောက်အနားယူပြီး ရွာ  ၇ ရွာ၏ အလယ်တွင်ရှိသော စေတလုံးတောင်ကြီး ပေါ်တက်ခဲ့လိုက်သည်။ ရွာ ၇ ရွာသည် ထို တောင်ကြီးကို ဗဟိုပြုကာ တောင်တန်းများကြား တည်ထားကြခြင်းဖြစ်သည်။ ထို့ကြောင့် သတိုးသည် စေတလုံး တောင်ကြီး၏ အလယ်တည့်တည့် တွင်လည်း ညောင်ပင်ကြီး တစ်ပင်ကို စွမ်းအား ၃ ပုံ ၂ ပုံ သုံး၍ စိုင်ပျိုးခဲ့သည်။ နောက်ထပ်တစ်ရက်နားပြီးသောအခါ အခြားတောင်တန်းများပေါ်တွင် အစွမ်းသုံး၍ ညောင်ပင်နှင့်ချိတ်ဆက်ရန် ထိုတောင်တန်းများပေါ်ရှိ အပင်ကြီးများတွင် သူ၏ အမှတ်အသားများချန်ထားခဲ့သည်။ နောက်ဆုံးတွင် စေတလုံးတောင်ပေါ်သို့တက်လာကာ ညောင်ပင်ကြီးနားလာပြီးအစွမ်းဖြင့်ပြောလိုက်သည်။

   '' စေတလုံးတောင်ပေါ်ရှိ အစောင့်အရှောက်နတ်အပေါင်းတို့ ကျနော် ကောင်းကင်တမန်တော် Ian အမိန့်ချလိုက်သည်။ ဤ ညောင်ပင်သည် ဒီ တောင်ကြီးတစ်ခုလုံးနှင့် အနီးရှိ ရွာ၇ရွာ အထိ အပိုင်စားရသည်။ ဤ ဒေသတွင်ရှိသော အဖျက်နတ်ဆိုး Leo ရဲ့ အငွေ့အသက်များကို ဖယ်ရှားပြီးပါက ဤ အမိန့်သည် တည်စေသတည်း" ဟုဆိုလိုက်ရာ စေတလုံးတောင်တန်းပေါ်မှ အရင်အချိန်များထက် ပိုမိုတောက်ပသော အစိမ်းရောင်အလင်းတန်းများပေါ်လာပြီး စေတလုံးတောင်၊ ပတ်ပတ်လည်ရှိတောင်တန်းများ၊  ရွာ ၇ ရွာ အထိ ဖုံးလွှမ်းသွားပြီး ထို အလင်းတန်းကြီး လွှမ်းခြုံရာအောက်တွင်ရပ်နေသော သတိုးသည် စွမ်းအားများပြန်ပြည့်လာသည်ကိုခံစားလိုက်ရသည်။

Training with system to be a god Where stories live. Discover now