Ch 23 ( arc 3-4 )

255 46 2
                                    

Unicode
 
          Kelvin က မြို့တော် H မှာနေရင်း zombies တွေကိုအမဲလိုက်ကာ အဆင့်တက်နေသည်။ တစ်လလောက်ကြာသောအခါ သူ့ရဲ့အဆင့်ဟာ Aကိုရောက်လာတော့သည်။ အဆင့် A ကိုရောက်တော့ နောက်ထပ်အဆင့်တက်ရန် ခက်ခဲလာသည်။ အဘယ်ကြောင့်ဆိုသော် အဆင့် ၃ zombie များရဲ့အမြုတေနဲ့မှ အဆင့်တက်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ အဆင့် ၁ နဲ့ ၂ zombies တွေက မရှားပါးဘဲ ရှာရလွယ်သည်။ သို့သော် zombies တွေအတွက်တောင် အဆင့် ၃ ကိုရောက်ဖို့ခက်ခဲလှပေသည်။ ထို့ကြောင့် အဆင့် ၄ ဂြိုလ်သားများကတောင် အဆင့် ၃ zombies များကို အလေးထားဆက်ဆံပြီး သူတို့နဲ့သိပ်မဝေးသောနေရာတွင်သာထားသည်။ လူသားစစ်တပ်နဲ့ထိပ်တိုက် တိုက်ခိုက်သောအခါတွင်မှသာ အဆင့် ၃ zombies များကို လွှတ်ပေးခြင်းဖြစ်သည်။

         ထို့ကြောင့် Kelvin က သစ်တောထဲပြန်ဝင်ကာ လူသားစစ်တပ်နဲ့ပူးပေါင်းရန် တွေးတောနေသည်။ ယခုသူ့အဆင့်နဲ့ပြောရလျှင် အဆင့် ၁ နဲ့ ၂. zombies များကို ကိုယ်ပျောက်အစွမ်းသုံးကာ သစ်သားချွန်နဲ့ တစ်ချက်ထိုးလိုက်ရုံသာလိုအပ်သည်။ အဆင့်ကွာလျှင် ခံနိုင်ရည်အားကွာသောကြောင့်လည်းဖြစ်သည်။

         ' system လူသားစစ်တပ်က တစ်စုတစည်းတည်းလား။ အဖွဲ့တွေကောကွဲနေသေးလား ဆိုတာ မင်းသိလား။ '

        ( omm လူသားစစ်တပ်ကတော့ လူသားတွေရဲ့အဓိကထောက်တိုင်ကြီးဘဲ။ အဲ့စစ်တပ်မှာက အတော်ဆုံးဆိုတဲ့ သူတွေဘဲပါခွင့်ရှိတယ်။ စစ်တပ်လက်အောက်မှာက အဖွဲ့ငယ်လေးတွေကျန်နေသေးတယ်။ အဲ့အဖွဲ့ထဲက တော်တဲ့သူတွေကို စစ်တပ်က အရည်အချင်းစစ်ပြီးခေါ်တာပေါ့။)

      ' Aww ငါနားလည်ပြီ။ စစ်တပ်ထဲဝင်ချင်ရင် အဖွဲ့ငယ်ထဲကနေ တက်ရမယ်ပေါ့။ ငါလိုအဆင့် A ရောက်နေတဲ့သူကိုကော အရည်အချင်းစစ်ခိုင်းမယ်ထင်လား system '

     ( အဲ့တာကတော့ သူတို့အပေါ်မူတည်တယ်။ system fic ထဲကလို မင်းကအဖွဲ့တစ်ခုခုကိုကယ်ပြီး မင့်အစွမ်းတွေပြလိုက်လေ။ တစ်ခါထဲ အဆင့်မြင့်မြင့်ရောက်တာပေါ့။)

     ' အေး မင်းပြောတာမှန်တယ်။ ငါအဲ့လိုအဖွဲ့တစ်ခုကိုရှာရမယ်။ ' Kelvin ကပြုံးလိုက်ပြီး ခရမ်းနေရာပြောင်းစွမ်းအင်နဲ့ တိုက်အမြင့်ပေါ်တက်ကာ အကူအညီ လိုအပ်သူတွေကို လိုက်ရှာနေတော့သည်။ခရမ်းစိမ်းနေရာပြောင်းစွမ်းအင်နဲ့ဆိုရင် သစ်ပင်စွမ်းအားများကုန်လွယ်မှာစိုးသဖြင့် မြင်ရသောနေရာသာပြောင်းနိုင်သော ခရမ်းနေရာပြောင်းစွမ်းအင်ကိုသာ သုံးခြင်းဖြစ်သည်။ Kelvin က မြို့လယ်က shopping center အဟောင်းနားအရောက် အထဲက အသံများကြားသဖြင့် သွားကယ်မလိုလုပ်စဥ် system က ပြောလာသည်။

Training with system to be a god Where stories live. Discover now