Ch 6 (arc 1-4)

350 59 5
                                    

  Unicode 

      သတိုးသည် ညောင်ပင်ကြီး အတော်အတန်ကြီးလာသည်အထိ အစွမ်းသုံးနေပြီး အချိန်အတန် ကြာသောအခါ အစွမ်းကိုရပ်လိုက်သည်။ သို့သော်ငြား ညောင်ပင်ကြီးသည်မရပ်တန့်ဘဲ နွယ်ကြိုးများဖန်တီးကာ သစ်ကိုင်းတစ်ခုမှတွဲဆင်း၍ ဒန်းလေးတစ်ခုကိုပြုလုပ်လိုက်သည်။ ဒန်းကြိုးပေါ်တွင်လည်း ပန်းလေးများပွင့်နေပြီး သတိုးကိုဝင်ထိုင်ခိုင်းသလို နွယ်ပင်များဖြင့်အမူအရာပြနေသည်။ ပတ်ဝန်းကျင်ကိုသတိမထားမိသော သတိုးအဖြစ်သည်  အစိမ်းရောင်အလင်းတန်းများ ရစ်သိုင်းနေပြီး သစ်ပင်များက ခစားနေသလို သစ်ပင်များအားလုံး၏ အရှင်သခင်သဖွယ် ရှုမငြီးဖွယ်ဖြစ်နေလေသည်။ ဒန်းပေါ်တွင်ထိုင်ပြီး စီးနေရင်းဖြင့် အရောင်လဲ့နေသော အစိမ်းရောင်မျက်ဝန်းများကို ကစားလိုက်ရာ ခပ်လှမ်းလှမ်းနေရာမှ ရပ်ကြည့်နေသော လူအုပ်ကြီးကို သတိထားမိလိုက်သည်။

    ' system ရေ ဘယ်လိုလုပ်ရမလဲ၊ ဟိုမှာ လူအုပ်ကြီးက ငါ့ကိုကြည့်နေတယ်။ ငါကထွက်ပြေးရမှာလား သူတို့ဆီသွားရမှာလား။ '

     (အဲ့တာတော့ ကျနော်မသိဘူး host ၊ host ဘာသာဖြေရှင်းရမယ်လို့ အရှင်ကပြောပါတယ်။ အတွေ့အကြုံရအောင်လို့ပါတဲ့ mission မအောင်ရင် အဆင့်ပေးမတက်ဘူးလို့ဘဲ အရှင် Kris က ပြောပါတယ်)

     'ငါသူတို့ကိုအတွေ့မခံဘဲ တိတ်တဆိတ်လုပ်ရမှာလား? သူတို့အကူအညီနဲ့လုပ်ရမှာလားဘဲ'

     သတိုး system နဲ့စကားပြောနေတဲ့အချိန် သူကြီးတို့ ရွာသားတစ်စုကအချင်းချင်းလက်တို့ပြီး နတ်ကွန်းနားကို တိုးလာကြတယ်။ သတိုးကလဲ ဘာလာလုပ်တာလဲ ဆိုတဲ့ အကြည့်နဲ့ကြည့်ပေးလိုက်ရာ သူကြီးတို့က မျက်ဝန်းစိမ်းတစ်စုံကြောင့် ကောင်းကင်တမန်တော်မှန်းသေချာသွားတာကြောင့်

     " အရှင် ကျွန်တော်မျိုးတို့က အာလန်ရွာသူ ရွာသားတွေပါ ။ လယ်ယာမြေ လုပ်ကိုင်ကြတဲ့ တောသူတောင်သားတွေပါ ။ အခုနှစ်မှာ အသီးအနှံမအောင်မြင်လို့ အကူအညီတောင်းတော့ ကောင်းကင်တမန်တော်က ဒီနေ့ရောက်မယ်ဆိုလို့ ကျနော်တို့ စောင့်နေကြတာပါ ။ အရှင်ကျနော်မျိုးတို့ကို ကယ်တင်ပေးပါ " ဆိုပြီး ရွာသားတွေနဲ့အတူ နတ်ကွန်းရှေ့မလှမ်းမကမ်းမှာ ဒူးထောက်လိုက်ကြတယ်။

Training with system to be a god Where stories live. Discover now