Ch 20 ( arc 3-1 )

334 54 0
                                    

Unicode

သတိုးသီဟ ကမ္ဘာကူးပြောင်းလာတဲ့အခါ ယခင်ကလို ခေါင်းကိုက်နေတဲ့ခံစားချက်အပြင် တစ်ကိုယ်လုံးအားမရှိသလိုဖြစ်နေပြီး ခြေထောက်မှတစစ်စစ်နာကျင်မှုကိုပါ ခံစားသိရှိလိုက်ရသည်။

' system ရေ အခုငါ့ကိုဇာတ်ကြောင်းသွင်းပေတော့လေ။ တစ်ကိုယ်လုံးလဲအားမရှိသလိုဘဲ ခြေထောက်ကလဲနာနေသေးတယ်။ '

( host အချိန်ဆွဲနေလို့မရပါဘူး။ အမြန် ဒဏ်ရာတွေကို ပျောက်အောင်ကုပြီး ဒီကနေပြေးမှဖြစ်မယ်။ ခြေထောက်ဒဏ်ရာကသွေးနံ့ရလို့ zombies တွေလာနေပြီ။)

' ဟမ် zombies ဟုတ်လား။ ငါ့လက်ရှိသစ်ပင်အစွမ်းအရ zombies နည်းနည်းလောက်ကတော့ ဖြေရှင်းလို့ရတယ်မလား။ ' သတိုးက zombies ဆိုတဲ့အသံကြားလို့ လန့်သွားပေမယ့် ခြေထောက်ဒဏ်ရာကို ကုနေရင်း ဖြေတွေးတွေးလိုက်တယ်။

( ဟာ...... host ကလည်း။ မြန်မြန်သာလုပ်။ စိတ်ပူစရာမလိုဘဲ ကျနော်က ပြောပါ့မလား။ ဇာတ်ကြောင်းကအရေးမကြီးသေးဘူး။ host မသေဖို့က ပိုအရေးကြီးတယ်။ zombies တွေက ရိုးရိုးzombies မဟုတ်ဘူး။ အဆင့်တွေခွဲထားပြီးတော့ zombies တိုင်းက အစွမ်းရှိတယ်။ အဆင့်အလိုက်လဲ ရင်ဆိုင်ရခက်တယ်။ )

သတိုးဟာ ထိုအခါမှအမြန်လုပ်ပြီး ထိုနေရာကနေ ခရမ်းစိမ်းနေရာပြောင်းစွမ်းအင်သုံးကာ ပြေးထွက်လာခဲ့တယ်။ ပြီးနောက် zombies တွေလိုက်မလာနိုင်လို့ ယူဆရတဲ့ တိုက်အမြင့်ပေါ်ကို တက်နေလိုက်တယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ မြို့ပျက်ကြီးတစ်ခုမှာရောက်နေတာဖြစ်ပြီး တစ်ဖက်ခြမ်းက သစ်ပင်ဟူ၍ လုံးဝမရှိဘဲ တစ်ဖက်ခြမ်းတွင်တော့ သစ်ပင်အနည်းငယ်ကို တွေ့ရသည်။

' system ဒီနေရာလောက်ဆိုရင်တော့ လုံခြုံပြီမလား။ ဇာတ်ကြောင်းသွင်းပေးတော့လေ။ '

နတ်သူငယ်လေးက မှော်တုတ်တံလေးကို ကိုင်ပြီ သတိုးရဲ့ခေါင်းကိုထိလိုက်တယ်ဆိုရင်ဘဲ ရှုပ်ထွေးလွန်းလှတဲ့ အကြောင်းအရာတွေက သူ့ခေါင်းထဲကို ဝင်ရောက်လာတယ်။ သတိုးရောက်နေတဲ့ကမ္ဘာက နည်းနည်းအဆင့်နိမ့်တယ်။ အဏုမြူလက်နက်တွေလဲမရှိသလို အမြင့်ဆုံးမှ လောင်ချာလက်နက်လောက်ဘဲရှိတယ်။ ယုတ်စွအဆုံးလေယာဥ်တောင်မပေါ်သေးဘဲ ကားလောက်သာ တီထွင်ပြီးစကာလ။ ဒီကမ္ဘာနာမည်က Zetsu ။ ဒီကမ္ဘာကို တခြားသုံးကမ္ဘာလောက်အကွာက Menovis ဂြိုလ်က ဂြိုလ်သားတွေက ကျူးကျော်လာတာဖြစ်တယ်။ သူတို့ဂြိုလ်ကိုလဲ သစ်ပင်လူသားတွေက ကျူးကျော်ကာတိုက်ခိုက်လာတာမို့ ပြေးနိုင်တဲ့ သူတွေကပြေးထွက်လာကြရာ ဂြိုလ်သား ၁၀ ကောင်က ဒီ Zetsu ကမ္ဘာကို ရောက်လာကြတယ်။

Training with system to be a god Where stories live. Discover now