Ch 19 ( between lives)

327 53 0
                                    

Unicode

         " God Kris ကျေးဇူးပြုပြီး ကျနော့်ကို ခွင့်ပြုပေးပါ။ ကျနော် God Kris ရဲ့ တပည့် သတိုးသီဟ ကိုတစ်ကယ်ကြိုက်တာပါ ''

        '' မင်းခန့်ကို မင်းခန့်ကို ငါ့လာပြီး မင်းကို ယုံခိုင်းနေတာလား။ မင်းကမိန်းမပွေလွန်းလို့ မင့်ကို ရေနတ်ဘုရားကတောင် လက်လွတ်ထားတာလေ။ ငါ့တပည့်မကိုလာနှောင့်ယှက်လို့ ငါက ဖမ်းပြီး ပြစ်ဒဏ်ပေးထားတာလေ။ အဲ့လိုလူက သတိုးကိုကြိုက်တယ်တဲ့လား။ မင်းဝတ္ထုထဲက ရုပ်ရည်ကိုသဘောကျတာ မဟုတ်ဘူးလား။ ''

         '' မဟုတ်ရပါဘူး God Kris ရယ်။ ကျနော်သဘောကျတာက သတိုးရဲ့ မျက်ဝန်းစိမ်းလေးတွေရယ်ပါ။ ''

         '' အယ် ငါ့တပည့်မကိုလဲ မင်းအဲ့လိုပြောတာဘဲ။ ဒီလိုပြောကြေးဆို ငါရော ငါ့တပည့်အကုန်လုံးက မျက်ဝန်းစိမ်းတွေချည်းဘဲလေကွာ။ ''

         '' ဒီတစ်ခါတော့ ကျနော့်ကို ယုံပေးပါ God Kris ရယ်။ God Kris ရဲ့ ပုံရိပ်ယောင်ကမ္ဘာတွေဘယ်လောက်ဆိုးလဲဆိုတာသိရဲ့သားနဲ့ ကျနော် သူ့ကို ကူချင်လို့ပါဗျာ ''

         '' မင်းက ဟုတ်လား မင့်အစွမ်းတွေကို ချိတ်ပိတ်ထားလို့ မင့်မှာတောင် ဘာအစွမ်းမှမရှိဘူးလေ။ တကယ်လို့ မင့်ဆရာသာ ငါချိတ်ပိတ်ထားတာကို ဖြေပေးရင်ငါလဲ သတိုးနောက်လိုက်လို့ရအောင် လမ်းကြောင်းပြပေးမယ် ။ Ok ?''

       '' Ok ပါတယ် God Kris။ ကျနော့် ဆရာကိုအကူအညီတောင်းလိုက်ပါဦးမယ်။ ''

       ခဏအကြာ

        ''Kris ရေ မင်းတော့ ဘယ်လိုထင်လဲမသိဘူး။ ငါတော့ဒီကောင်ကို ခပ်လန့်လန့်ဘဲ။ အစက မိန်းမပွေတယ်။ အခုကျပြန်တော့လဲ ငိုကြီးချက်မနဲ့ မင့်တပည့် ကောင်လေးတစ်ယောက်ကို ကာကွယ်ချင်လှချည့်နဲ့ မင်းချိတ်ပိတ်ထားတာဖြေခိုင်းနေတယ်။ ''

        '' ဖြေသာဖြေပေးလိုက်ပါ။ သတိုးကလဲ ငယ်သေးတော့ အကူအညီလိုတာအမှန်ဘဲ။ ငါအဖော်ထည့်ပေးလိုက်တဲ့  နတ်သူငယ်လေးကိုလဲ မကူညီခိုင်းထားဘူးလေ။ မင်းတောင် မင်းတပည့်ကို အစွမ်း၃ ပုံ ၁ ပုံ အကုန်ခံလို့ ချိတ်ပိတ်ထားတာ ဖြေပေးထားတာဘဲ။ ငါက ငါ့တပည့်အတွက်ကောင်းတာကို ငါလဲလုပ်ပေးရမှာပေါ့။ အစွမ်းပိုကုန်ပေမယ့်လို့ပေါ့။ ''

Training with system to be a god Where stories live. Discover now