Ch 16 ( arc 2-)

292 45 0
                                    

Unicode

ဝူယီဟာ စာမေးပွဲလဲနီးနေတာမို့ ရန်ရှောင်ဝမ်ကို စာလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အနားလာမနှောင့်ယှက်ရဟုပြောထားလိုက်သည်။ ရှောင်ဝမ်ကတော့ ဝူယီပြောသမျှကို အမိန့်တစ်ခုလိုဘဲ သတ်မှတ်ပြီး ဝူယီဆီမသွားတော့ဘဲ အိမ်မှာ ရေကူးသင်နေတော့တယ်။ နောက်တစ်ခါရေကန်မှာကြာပန်းခူးခိုင်းပြန်ရင် ခူးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ဝူယီက လိမ္မော်မှတ်ဉာဏ်စွမ်းအင်ကိုသုံးပြီး စာကြည့်တိုက်သွားပြန် အိမ်မှာစာလုပ်ပြန်နဲ့ အသေအကြေကြိုးစားနေတယ်။ တစ်ခါဖတ်ရုံနဲ့မှတ်မိတယ် ဆိုပေမဲ့ အရင်ဝူယီက စာလုံးဝမကျက်ခဲ့တော့ ယခုဝူယီခမျာ အလူးအလဲကြိုးစားနေရလေတော့တယ်။ စာမေးပွဲကနောက်၂ ရက်ဆို စတော့မှာဆိုတော့ ဝူယီက ဦးနှောက်လဲဆေးရင်း ဥယျာဥ်ထဲမှာစိုက်ချင်တဲ့ အပင်တွေကို ပျိုးပင်အရွယ်များ ရှာဝယ်တော့တယ်။ နှင်းဆီ၊ စံပယ်၊ သစ်ခွ၊ ဒေစီ စသဖြင့် ပန်းပျိုးပင်များအပြင် စပျစ်ပင်ကောစိုက်ချင်သေးသဖြင့် စပျစ်နွယ်ပျိုးပင်များလဲ ဝယ်လိုက်တယ်။

အပင်ပေါက်များကို ကားနောက်ဖုံးထဲ ထည့်ထားပြီး ပြန်လှည့်လိုက်တဲ့အခါ မြင်လိုက်ရတာက ဇာတ်လိုက်မ ချန်ယုံရုံ။ သူမက ဝူယီကို ပြုံးပြကာ စကားလာပြောလာတယ်။

'' ဟဲ့ ကျန်းဝူယီ၊ ဘာပင်တွေလာဝယ်တာလဲ။ ဟယ် နှင်းဆီတွေကော၊ သစ်ခွတွေကော စုံလို့ပါလားဟ။ ပျိုးပင်တွေအများကြီးဝယ်ထားတာဆိုတော့ ဥယျာဥ်စိုက်မလို့လား။ ''

'' ဟုတ်တယ်။ ဒယ်ဒီတို့ကို ခြံအကျယ်ကြီးဝယ်ခိုင်းပြီး အဲ့မှာအပျင်းပြေ အပင်စိုက်မလို့လေ။ ''

'' ငါလဲ အပင်စိုက်ရတာ ဝါသနာပါတယ်။ ကိုယ်စိုက်ထားတဲ့အပင်တွေဆို မထိရက်မကိုင်ရက်နဲ့ တယုတယထားရတာ ငါကအရမ်းသဘောကျတာ။ ဒါနဲ့ နင်အပင်စိုက်တော့မယ်ဆိုငါ့လဲခေါ်လေ။ ငါကော ကူညီပါ့မယ်။ ''

ကျန်းဝူယီက ဇာတ်လိုက်မယုံရုံ ပျောက်ချက်သားကောင်းနေတယ်ဆိုပြီးတွေးနေပေမယ့် တွေ့မ.့်တွေ့တော့လဲ။ သူဖတ်ဖူးတဲ့ system fic ထဲကလို သူ့ကို ရန်လိုနေတာမဟုတ်ဘဲ နှမြောတသဖြစ်ခြင်းတွေ၊ ချစ်ခင်မြတ်နိုးမှုတွေကို သူမမျက်လုံးတွေကနေဖတ်လိုက်ရတယ်။

Training with system to be a god Where stories live. Discover now