Ch 18 ( arc 2-10)

327 55 8
                                    

Unicode

       ''ဝူယီ မနက်ဖြန်ဆို ငါတို့ကျောင်းလေ့လာရေးခရီးသွားရမှာနော်။ ငါတို့သွားရမှာက တုန်းသိမ်တောင်ခြေကိုတဲ့။ အဲ့အနားမှာရေကန်ကြီးတစ်ကန်လဲရှိတယ်တဲ့။ ''

     '' မင်းက အဲ့မှာရေကန်ရှိတာ ကို ဘယ်လိုသိတာလဲ ရှောင်ဝမ်။ ဆရာပြောတုန်းက ရေကန်အကြောင်းမပါပါဘူး''

     '' ငါက ဆရာပြောကတည်းက အင်တာနက်က ရှာထားတာ။ ဒီမှာကြည့် ရေကန်ထဲမှာကြာတွေနဲ့ အရမ်းလှတာ ငါရေကူးလည်းသင်ထားတယ်။ မင့်အတွက်ခူးပေးမယ်။ ''

     '' ကောင်းပြီလေ ကြည့်ရသေးတာပေါ့။ ''  ဝူယီကတော့ ထိုရေကန်တွင် ရေမိစ္ဆာရှိမှန်းသိသဖြင့် Leo ရဲ့ ဝိညာဥ်အစိတ်အပိုင်းကိုတွေ့ရမည်ဟု ခန့်မှန်းထားသည်။ သို့သော် ဇာတ်ကြောင်းထဲတွင် ရေမိစ္ဆာဟုသာပြောသဖြင့် မည်ကဲ့သို့ သတ္တဝါမှန်းမသိသေးပေ။ မိမိ၏ အစွမ်းကိုယုံ​ကြည်လွန်းသဖြင့်သာ ထိုရေကန်ထဲသို့ရှောင်ဝမ် ဆင်းကူးမည်ဆိုသည်ကို မတားမိခြင်းဖြစ်သည်။

        နောက်တစ်နေ့တွင် ဝူယီသည် ရန်ရှောင်ဝမ်နှင့်အတူ ကျောင်းမှ စုဝေးရာနေရာသို့ထွက်လာခဲ့လ်ုက်သည်။ ဝူယီက ရှောင်ဝမ်ကို အဖြေမပေးရသေးသော်လည်း သူ့အနားမှာဘဲနေပြီး သူ့အလိုလိုက်သော ရှောင်ဝမ်ကို မျက်နှာပေးထားလေသည်။ Leo ကိုဖမ်းမိလျှင် အ​ကြောင်းတစ်ခုရှာပြီး ဒီကမ္ဘာမှ ထွက်သွားမှာဖြစ်တာကြောင့် အချိန်သိပ်မကျန်တော့သဖြင့် ရှောင်ဝမ်အလိုလိုက်နေခြင်းဖြစ်သည်။ ကားပေါ်တွင်လည်း ဝူယီအနားမှာဘဲ ထိုင်ပြီး သူလိုတာမှန်သမျှ လုပ်ပေးနေသည်။

       '' ဝူယီ မင်းအဆင်မပြေရင် ငါ့ပုခုံးပေါ်မှီအိပ်လဲရတယ်နော်။ ''

        ဝူယီက မအိပ်ချင်သေးသော်လည်း ရှောင်ဝမ်မှ လိုလိုလားလား ပြောနေသဖြင့် သူ့ပုခုံးပေါ် အသာလေးမှီပေးလိုက်သည်။

       ( host ကတော့ အသားယူနေတော့တာဘဲ။ သူ့ရည်းစားလည်းမဟုတ်ဘဲနဲ့။)

       ' ငါက သူ့ကိုသနားလို့ သူပြောတဲ့အတိုင်းလုပ်ပေးတာပါ။ '

       ဝူယီက မှီရင်းဖြင့် အိပ်ပျော်သွားတော့သည်။ ရှောင်ဝမ်က ဝူယီအိပ်ပျော်သွားသောအခါ ဝူယီကို သူ့ရင်ခွင်ထဲထည့်ထားပြီး ဆံပင်လေးကို နမ်းရှိုက် လိုက်သည်။

Training with system to be a god Where stories live. Discover now