Ch 27 ( arc 3-8 )

218 49 0
                                    

Unicode

မနက်ဝေလီဝေလင်းအချိန်တွင် သစ်တောထဲမှ အမြင့်ဆုံးသစ်ပင်ကြီးပေါ်တွင် လူတွေတက်ကြွစွာလှုပ်ရှားနေကြသည်။ မြို့တော် H ကိုသွားပြီး ရိက္ခာသွားရှာဖို့ရာအတွက် Kelvin ရဲ့ဗျူဟာအတိုင်း အဖွဲ့ ၂ဖွဲ့ ခွဲလို့ ပြင်ဆင်နေကြသည်။ အဆင့် A များနဲ့အဖွဲ့မှာ ခေါင်းဆောင် Ardam က ဦးစီးပြီးတော့ အဆင့် B အဖွဲ့မှာတော့ Kelvin နဲ့ William က ဦးစီးကာ ပြင်ဆင်နေကြသည်။ ကိုယ်စီအစွမ်းတွေကို အသုံးပြုဖို့ရာ လက်နက်တွေနဲ့ ရိက္ခာတွေ၊ အမြုတေတွေကို သိမ်းဖို့ရာအထုပ်အပိုးတွေပါ ယူလာကြသည်။ အားလုံး အသင့်ဖြစ်ချိန်မှာတော့ မြို့တော် H ဆီကို ချီတက်ကြတော့သည်။

စစ်တပ်မှ လက်ရွေးစင်တပ်သားများသာ ရွေးချယ်ထားတာကြောင့် အထုပ်အပိုးတွေ ပါပါသော်လည်း မနှောင့်နှေးဘဲ သစ်ပင်တွေ သစ်ကိုင်းတွေပေါ်ကနေ ခုန်ကူးပြီးလည်း သွားနိုင်ကြသည်။ ၁ နာရီစွန်းစွန်းအချိန်အတွင်း မြို့ပျက်ကြီးနားကို ရောက်လာကြတော့သည်။

ဗျူဟာအရ မြို့ထဲကို အဆင့် A တပ်ဖွဲ့ကအရင်ဝင်ပြီး zombies တွေကို အယောင်ပြသတ်ကာ စျေးဝယ်စင်တာတွေနဲ့ ဝေးတဲ့နေရာကို မျှားခေါ်သွားရမှာ ဖြစ်သည်။ ပြီးမှ အဆင့် B တပ်ဖွဲ့က ရိက္ခာတွေကို လာစုပြီး တောစပ်မှာ သွားထားရန်ဖြစ်သည်။ နောက်ဆုံးအဆင့်ကျမှ တပ်ဖွဲ့အားလုံးပေါင်းလို့ zombies တွေကို သတ်နိုင်သမျှသတ်ကာ ဂြိုလ်သားတွေလာရင် ထွက်ပြေးကြရန်ဖြစ်သည်။

'' Force A, Let's go. move move '' Ardam က ဦးဆောင်ကာ မြို့ထဲဝင်သွားလေသည်။ အချိန်အတန်ကြာသောအခါ တိုက်ခိုက်သံတွေကြားရပြီး အသံတွေက မြို့လယ်ကနေ မြို့တောင်ဘက်ကိုဝေးသွားလေတော့သည်။ ထိုအခါမှ Kelvin က William နဲ့တိုင်ပင်ပြီး ရိက္ခာတွေကို သွားစုတော့သည်။ အများစုမှာရိက္ခာအခြောက်အခြမ်းတွေဖြစ်ပြိး အချိုရည်တွေပါ ပါရှိလေသည်။

'' William ဒီလောက်ဆို လုံလောက်ပြီမလား။''

'' ငါတို့စစ်တပ်က လူ ၇၀ လောက်ဘဲရှိတာ။ တစ်လစာတော့လုံလောက်ပါပြီ။ ''

'' Ok ငါတို့ရဲ့ ပထမ mission အောင်မြင်တယ်။ အားလုံးဘဲ လုံလောက်ပြီ။ ငါတို့ ရိက္ခာတွေကို တောစပ်ကို မြန်မြန်ပို့ရမယ်။ ''

Training with system to be a god Where stories live. Discover now