Ch 30 ( arc 3-11)

207 44 6
                                    

Unicode

         System လေးက မင်းခန့်ကို (William) ရောက်နေတာမို့ သူ့အကူအညီမလိုလောက်ဘူးဆိုပြီးလျှောက်သွားနေတာပါ။ အခုတော့ သတိုးသီဟ ( Kelvin) အဆင့်ကျော်တက်ပြီး အစွမ်း၂ မျိုးရသွားတဲ့ကိစ္စကြောင့် သူလဲအမြန်လာခဲ့လိုက်တယ်။ ဘာအစွမ်းရမလဲဆိုတာ သူလဲမသိပါဘူး။

          '' Hey Orchid, ရောက်လာပြီလား။ မတွေ့တာတောင်အတော်ကြာပြီနော်။''

           '' Hi မင်းခန့်၊ ဒီတစ်ခါတော့ ကောင်းသော တွေ့ဆုံခြင်းဖြစ်ချင်ပါတယ်နော်။ ''

          '' ဟီး မစိုးရိမ်ပါနဲ့ Orchid ရ။ ဒီတစ်ခါက ငါအတည်ပါဟ။ ပြီးတော့ သူခွင့်မပြုရင် ငါသူ့အသားတောင်မထိပါဘူး။ စိတ်ချပါ။ ''

           '' နတ်ဘုရား Kriz ကိုကြောက်လို့ လုပ်နေတာကို ငါမသိဘူးများ ထင်နေလား။ ဒီတစ်ခါထပ်ဖြစ်ရင်တော့ ငါ့အဆိုးမဆိုနဲ့နော် အမောင် မင်းခန့်ကို။ ''

            ''စောင့်ကြည့်လိုက်ပါဦးကွ။ Orchid ကလည်း စိတ်ကြီးဘဲ။ ဒါနဲ့ Kelvin ဒီတစ်ခါ ဘာအစွမ်းရမယ် ထင်လဲ။ ''

             '' အဲ့တာတော့ ငါလဲသေချာမသိဘူး။ သစ်တောနတ်ဘုရားမျိုးဆက်တွေကတော့ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက်ကူဖို့ ကမ္ဘာတွေမှာ ပစ္စည်းတွေ ချန်ထားခဲ့တတ်ကြတယ်။ ဒါပေမဲ့ Kelvin က နတ်ဘုရားသွေးတစ်ဝက် မပြောင်းသေးတော့ ဖွက်ထားတဲ့ ပစ္စည်းတွေကို အာရုံခံလို့မရသေးဘူးလေ။ ဒါကြောင့် သူ နိုင်ဖို့ဆိုရင် SS အဆင့်ရောက်ဖို့လိုတယ်။ ''

             '' SS အဆင့်ထိက ရောက်ဖို့လိုလို့လား။ ငါတို့ တွေ ဒီကမ္ဘာလာတုန်းက အဆင့် S နဲ့တင် နိုင်သွားကြတာဘဲလေ။ နတ်ဆိုးဝင်ထားတဲ့ ကိုယ်က အလွန်ဆုံးမှ အဆင့် ၄ အထွဋ်အထိပ်ပေါ့။ Kelvin ကပြောတယ် နတ်ဆိုး Leo ဝင်ထားတဲ့ ကိုယ်က အဆင့် ၅ ဂြိုလ်သားဖြစ်နေပြီဆို မဖြစ်နိုင်ဘူးမလား။ မင်းတမင်ပြောလိုက်တာ မဟုတ်လား။ ''

           '' ငါသူ့ကို မလိမ်ထားပါဘူး။ တစ်ကယ်ကို ဂြိုလ်သားက အဆင့် ၅ ရောက်သွားတာပါ။''

          '' မဖြစ်နိုင်တာ။ ဆရာပြောတော့ နတ်ဘုရားတပည့်တွေ မနိုင်မှာစိုးလို့ အဆင့် ၅ တက်လို့မရအောင် နတ်ဘုရား Kriz က ကန့်သတ်ထားတယ်ဆို။ ''

Training with system to be a god Where stories live. Discover now