Ch 21 ( arc 3- 2 )

261 49 0
                                    

Unicode

         ' စကားမစပ် Kelvin ရဲ့ အစွမ်းကဘာလဲ မင်းသိလား system။ ငါအစွမ်းသုံးကြည့်တော့ ဘာမှမဖြစ်ဘူးသလိုဘဲ။ '

          ( Kelvin ရဲ့အစွမ်းက ကိုယ်ပျောက်အစွမ်းပါ။ အခုသုံးလို့မရတာက ဇာတ်လိုက်မ Sofia အစွမ်းတွေစုပ်သွားလို့လေ။ အဆင့် C တောင် မျှင်မျှင်လေးကျန်ခဲ့တာ။ အစွမ်းမပျောက်ရုံတမယ်လေးဘဲ။ )

          ' Aww ကိုယ်ပျောက်အစွမ်းလား။ အဲ့တာဆိုရင်တော့ မိုက်တာဘဲ။ zombies တွေမသိအောင် အနားကပ်ပြီး သတ်လို့ရပြီလေ ။ ဟားဟားဟားဟား။ '

          ( S ရူး host ။ အဲ့အစွမ်းလဲ ကန့်သတ်ချက်တွေရှိတာဘဲ။ နို့မို့ရင် ကိုယ်ပျောက်အစွမ်းရှိတဲ့ ဂြိုလ်သားက လူတွေကို အများကြီးသတ်ပြီးကမ္ဘာကို သိမ်းပြီးတာကြာပေါ့။ ဟွန့်။)

           ' အမ် ကန့်သတ်ချက်တွေရှိတာလား။ အဲ့တာဆို ဘယ်လိုမျိုးလဲ ပြောပြဦးလေ။ '

           ( ကိုယ်ပျောက်အစွမ်းဆိုပေမယ့် ကိုယ်ဘဲပျောက်တာ အရိပ်ကပေါ်နေဆဲဘဲ။ ဒါကြောင့် ဒီအစွမ်းသုံးလဲ အခြားသူတွေက မြင်နေရမှာဘဲလေ။ နောက်ပြီး ကိုယ်ပျောက်အစွမ်းရှိသူတွေက အချင်းချင်းမြင်ရတယ်။ ဒီကမ္ဘာမှာ အစွမ်းရှိတာက တူလေ့ရှိတယ်။ အစွမ်း ၂ မျိုးရှိတာသာ အရမ်းရှားတာ။ ဘာလို့ဆို ဂြိုလ်သားတွေတောင် အဆင့် ၅ ရောက်မှ အစွမ်း၂ မျိုးရမှာလေ။ လူသားတွေသာ ကံကောင်းတဲ့သူအချို့က အစွမ်း ၂ မျိုးပိုင်တာ ဥပမာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ပေါ့။)

             ' အင်းပေါ့လေ။ သူတို့က ဒီကမ္ဘာရဲ့ သားတော်သမီးတော်တွေဆိုတော့လဲ။ Aww ဒါနဲ့ ငါ့အစွမ်းက အဆင့် ပြန်မြှင့်လို့ရသေးလား။ မင်းပြောသလိုဆို  အဆင့်မြှင့်တာမှာလဲ ကန့်သတ်ချက်တွေရှိသလိုဘဲ။ '

             ( omm ရှိတယ် host ။ လူတွေက အဆင့်မြှင့်ချင်ရင် zombies အမြုတေတွေနဲ့မှရတယ်။ ဘာလို့ဆို အစွမ်းတွေကလဲ သူတို့ဆီကဘဲရတာမို့လို့လေ။ zombies တွေကတော့ သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလိုက်ပြီး Menovis ဂြိုလ်သားတွေက အဆင့်မြှင့်နိုင်တဲ့ ပစ္စည်းတွေ ပေးလေ့ရှိကြတယ်။ ဪ အရေးကြီးတာတစ်ခုရှိသေးတယ်။ အဲ့တာက အဆင့် C လူသားတွေက အဆင့် ၁ zombies အမြုတေတွေဘဲ သုံးရမယ်။သူ့ထက်အဆင့် မြှင့်တဲ့အမြုတေ  သွားသုံးရင် အဆင့်ပေါ်မူတည်ပြီး အချိန်အနည်းအများအတွင်း zombie ဖြစ်သွားနိုင်တယ်။)

Training with system to be a god Where stories live. Discover now