Ch 8 ( between lives)

337 55 1
                                    

  Zawgyi

  ' system ရေဘယ်လိုလဲကွ သတိုးသီဟဆိုတဲ့ ငါလေးက တော်တယ်မလား'

  ( တော်ပါတယ် host 😒) God Kris ပေးထား တဲ့အစွမ်း က op ဖြစ်လွန်းလို့ဟုတော့မပြောဖြစ်။

  ' မင့် အသံကလည်းအားမလိုအားမရနဲ့။ ကဲကဲ ငါ့ကို mission လုပ်ခိုင်းထားတော့ point တွေရမယ်ဆို ဘယ်လောက်ရပြီလဲ point က တွက်ပေး'

  ( point က ရွာ ၇ရွာကိုကယ်တာရယ် Leo ကိုဖမ်းတာရယ်ဆိုတော့ point 1000 ရမယ် host)

  ' အဲ့ point တွေနဲ့ ဘာလုပ်လို့ရသလဲ ပြန်ပြောပြဦး။ မေ့သွားလို့ '

( အဲ့ point တွေကိုသုံးပြီးတော့ host ရဲ့ အခြားစွမ်းအင်တွေကို update တင်လို့ရပါတယ် host။)

' အင်း ခုနနေကျရင် update တင်မယ်။ point တွေက ငါ့ကမ္ဘာပြန်ဖို့နဲ့မဆိုင်ဘူးမလား။ ငါ့ကမ္ဘာပြန်ချင်ရင်က Leo ရဲ့ ဝိညာဉ်အစိတ်အပိုင်းအားလုံး စုနိုင်ရင်ရပြီမလား။ '

  ( Yes, host . ဒါဆို update အရင်တင်မလား။ အခြားစွမ်းအင်အရင်ယူမလား host။)

' အခြားစွမ်းအင်အရင်ယူမယ် ပြီးမှဘယ်ဟာအရင် update တင်ရမလဲ စဉ်းစားရမယ်။'

system လည်း သူ၏တုတ်တံကိုဝှေ့ယမ်းလိုက်ရာကတ္တီပါဘူး လိမ္မော်ရောင်လေးပေါ်လာပြီး သတိုးကိုပေးလိုက်သည်။ သတိုးက ကတ္တီပါဘူးကိုဖွင့်လိုက်ရာ အတွင်းတွင် လိမ္မော်ရောင်အလင်းတန်းများတောက်နေသော မျက်ကပ်မှန်တစ်စုံကိုတွေ့လိုက်ရသည်။ သူသည် ယခုအကြိမ်တွင်လည်း ဂရုတစိုက်ယူ၍ မျက်ကပ်မှန်ကိုတပ်လိုက်သည်။ ပုံမှန်မျက်ကပ်မှန်တပ်ထားသလို မခံစားရဘဲ မျက်လုံးအတွင်းသို့ ပျော်ဝင်သွားသလိုခံစားချက်နှင့်အတူ နာကျင်စူးရှမှုကိုလည်း ခံစားလိုက်ရသည်။

' အား system ရေ အစွမ်းတွေရတိုင်းဒီလိုခံစားရမှာဘဲလားကွ။ အရင်ကထက်ပိုနာလာသလိုဘဲ ကျစ် ကျစ်'

  ( အစွမ်းတွေများလာတာမို့လို့ပါ host. အစွမ်းတစ်မျိုးထဲဆို အရမ်းမနာပါဘူး အစွမ်းတွေပိုရလာလေ မျက်လုံးက ပိုနာလာလေပါဘဲ host။ host စွမ်းအားကြီးချင်ရင် ခံနိုင်ရည်ရှိမှရပါမယ်။)

  ' ဒါနဲ့ မင်းအခုပေးတာ ဘာအစွမ်းလဲ။ သူ့မှာကော အဆင့်ရှိသလား။ '

Training with system to be a god Where stories live. Discover now