Ch 17 ( arc 2-9)

295 51 0
                                    

Unicode
     
            '' ဒယ်ဒီနဲ့မာမီ သားမြို့ပြင်ကခြံမှာ ဒီနေ့အပင်သွားစိုက်မလို့။ အဲ့တာခွင့်တောင်းတာပါ။''

           '' ဘာများလဲလို့သားရယ်။ အဲ့ခြံကသားအတွက်ဝယ်ပေးထားတာဘဲ။ ခွင့်တောင်းစရာမလိုပါဘူး။ ဒါနဲ့ ခြံရှင်းဖို့လူတွေဘာတွေကောလိုသေးလား။ မာမီဘာလုပ်ပေးရဦးမလဲ။ ''

            '' ဟင့်အင်း။ ဘာမှမလိုတော့ဘူးမာမီ။ လူတွေဘာတွေလည်း သားဖာသာသား စီစဥ်လိုက်ပါ့မယ်။ မာမီတို့ ဒယ်ဒီတို့က အလုပ်တွေရှိသေးတယ်မလား။ ''

            '' ဟား ငါ့သားက လိမ္မာလာရုံတင်မကဘူး။ အလိုက်ပါသိလာပြီ ။ ကိုယ့်အားကိုယ်ကိုးလိုစိတ်ရှိတာအရမ်းကောင်းတယ်။ သားသွားမှာဆိုသွားလေ။ ''

          '' ဟုတ်ကဲ့ဒယ်ဒီ။ ဒါဆို မာမီရော ဒယ်ဒီရော သားသွားတော့မယ်နော်။ '' ကျန်းဝူယီက သူ့မာမီတို့ကို နှုတ်ဆက်ကာ အိမ်ထဲကထွက်ခဲ့တယ်။ ကြိုတင်ဝယ်ထားတဲ့ အပင်ပေါက်ကလေးတွေကို ကားနောက်ဖုံးထဲထည့်ပြီး မြို့ပြင်က ခြံကြီးဆီကိုထွက်လာခဲ့တော့တယ်။
    
            ထိုခြံဆီရောက်သောအခါ ဝူယီက ကားနောက်ဖုံးထဲကနေ စံပယ်ပင်ပေါက်တွေကို အရင် ထုတ်လိုက်တယ်။ ခြံကြီးက အကျယ်ကြီးဆိုတော့ ခြံနားမှာလူရှိမရှိကို ခရမ်းစိမ်းနေရာပြောင်းစွမ်းအင်သုံးကာ စစ်ဆေးတော့တယ်။ ဘယ်သူမှမရှိတာသေချာပြီဆိုမှ သူ့ရဲ့ စံပယ်ပင်များကို ခြံရဲ့ထောင့်တစ်နေရာစီ ကိုအရင်ရွှေ့ထားလိုက်တယ်။ ပြီးတော့ အပင်စိုက်တဲ့အခါသုံးရအောင် ရေလည်းကြိုတင်ခပ်ထားတယ်။ ပြင်ဆင်လို့ပြီးသွားတဲ့အခါ ဝူယီက ခြံမျက်နှာစာကိုအရင် စံပယ်ပင်နွယ်တက်အောင် စံပယ်ပင်စစိုက်တော့တယ်။

         '' စံပယ်ပင်လေးရေ ဒီခြံပေါ်တွယ်တက်ပြီး စံပယ်ရနံ့တွေထုံသင်းနေတဲ့ ခြံတံတိုင်းလေးဖြစ်နေအောင် ကြီးထွားလိုက်ပါဦး။ '' ဝူယီက စံပယ်ပင်လေးကိုလက်မှအစွမ်းသုံးကာထိရင်းပြောလိုက်တယ်။ 

           စံပယ်ပင်လေးဟာ သူ့ရဲ့တာဝန်ဖြစ်တဲ့ စံပယ်ခြံတံတိုင်းလိုဖြစ်အောင် အပေါ်ကို တဖြည်းဖြည်းနွယ်တက်သွားရုံသာမက ဘေးဘက်ကိုပါ ကိုင်းဖြာသွားပြီး ခပ်လှမ်းလှမ်းနေရာတွင် မြေကြီးထဲအမြစ်တွယ်လိုက်ကြသည်။ ထိုနေရာမှ စံပယ်ရုံများထပ်မံပေါ်လာကြပြီး အပေါ်ကိုနွယ်တက်ကြပြန်သည်။ ဤသို့ဖြင့် ကျယ်ဝန်းလှသော ခြံမျက်နှာစာသည် စံပယ်ရုံကြီးဖြင့်လွှမ်းခြုံထားပြီး အနားကပ်လိုက်ရုံဖြင့် စံပယ်ရနံ့များလှိုင်လှိုင်ထွက်ပေါ်လာတော့သည်။ ဝူယီက အပင်ပေါက်ကို စံပယ်ရုံဖြစ်အောင်စိုက်လိုက်ရတာမို့ အစွမ်းအတော်ကုန်သွားသဖြင့် ခဏနားလိုက်ရသည်။ တောနဲ့လဲနီးသဖြင့် သစ်ပင်စွမ်းအင်များက ပြန်ပြည့်လွယ်သဖြင့်လည်း ခဏသာနားရခြင်းဖြစ်တယ်။ ဝူယီက ဒီလိုပုံစံအတိုင်းဘဲ အခြားခြံ ၃ ဖက်ကိုလည်း ပြောင်းလဲလိုက်သည်။ သူ့ဆန္ဒအတိုင်း စံပယ်ပင်တံတိုင်းကတော့ပြီးသွားပြီဖြစ်သည်။

Training with system to be a god Where stories live. Discover now