Ch 25 ( arc 3-6 )

250 46 0
                                    

Unicode

        Kelvin တို့အဖွဲ့သစ်တောထဲဝင်လာရင်း တောနက်ထဲရောက်လာလေ သစ်ပင်အိမ်များကိုတွေ့လာလေပါဘဲ။ သစ်ပင်အိမ်ဆိုတာက အပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းမရှိဘဲ သစ်ပင်ခွကြားနေရာတွေမှာ သစ်သားတွေနဲ့အိမ်အသေးလေးတွေ ဆောက်ထားခြင်းမျိုးဖြစ်သည်။ အပင်အောက်တွင်ဆောက်သော အိမ်မျိုးကတော့ ရွှံ့အိမ်တွေဖြစ်နေတတ်သည်။ ကြည့်လိုက်သည်နှင့် တတ်နိုင်သလောက် သစ်ပင်များကိုမခုတ်လှဲဘဲ ရသမျှနှင့်သာ အိမ်ဆောက်နေထိုင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သစ်ပင်စွမ်းအင်ကို လေ့ကျင့်တဲ့ Kelvin ( သတိုး)  အဖို့ ပျော်ရွှင်မှုကို ခံစားရသည်။ သစ်တောထဲကို ဝင်လာကတည်းက သစ်ပင်စွမ်းအားများက တရိပ်ရိပ်ပြည့်နှက်လာသလို ခံစားရတာကြောင့် ဒီနေရာကို အဖျက်ဆီးမခံရအောင် ကာကွယ်မည်ဟု စိတ်ထဲတေးမှတ်ထားလိုက်သည်။

          Leno အဖွဲ့တည်နေရာကိုရောက်တော့ သူတို့အဖွဲ့ဟာ အရမ်းကြီးတဲ့သစ်ပင်ကြီးပေါ်မှာ နေထိုင်ကြပြီး အဖွဲ့ဝင်ကလည်း အားလုံးမှ ၁၅ ယောက်ခန့်သာရှိသည်။ အပင်အောက်ခြေကိုအဆင်းအတက်လုပ်ရန် ဓာတ်လှေကားပုံစံကိရိယာကို ကြိုးနဲ့ကိုယ့်အားကိုယ်ကိုးကာ ဆွဲပြီးတက်ရခြင်းဖြစ်သည်။ သစ်ပင်တက်ကျွမ်းကျင်သူများကတော့ ဘာမှမလိုဘဲတက်သွားကြသည်။ သစ်တောထဲနေရတာလဲ နှစ်ရှည်လများကြာပြီကိုး။ Kelvin က ထိုသစ်တောထဲရှိသစ်ပင်ကြီးတိုင်း၌ သစ်ပင်အိမ်များကိုတွေ့ရပြီး သစ်တောအလယ်မှ အကြီးဆုံးသစ်ပင်ကြီးအကြောင်းကို Wuyan ကိုမေးလိုက်သည်။

           '' ခေါင်းဆောင် Wuyan အဲ့သစ်ပင်ကြီးကိုကော ဘယ်သူတွေပိုင်တာလဲ။ ''

            '' အဲ့တာက လူသားတွေရဲ့အတော်ဆုံးစစ်သားတွေရှိတဲ့နေရာဘဲ။ အဲ့မှာ လာမယ့် တစ်ပတ်ဆိုရင် အဖွဲ့ပေါင်းစုံအရည်အချင်းစစ်ပွဲ ကျင်းပလိမ့်မယ်။ စစ်တပ်ထဲမှာဆိုရင် အထောက်အပံ့ပစ္စည်းတွေလည်း ရလိမ့်မယ်။ အမြုတေ၊ ရိက္ခာ အားလုံးက သူ့စွမ်းဆောင်ရည်အလိုက်ပေးတာဘဲ။ အခုလိုခေတ်ပျက်ကြီးမှာ အရာရာက ခက်ခဲတယ်လေ။ အားလုံးကကြိုးစားကြရမှာဘဲ။ ''

              '' ကောင်းပြီ အဲ့အရည်အချင်းစစ်ပွဲမှာ ကျနော်လဲပါချင်တယ်။ စာရင်းသွင်းပေးထားပါ။ '' Kelvin က ပြောပြီး သူ့အတွက်ပေးထားတဲ့ နားနေရာအိပ်ခန်းလေးထဲဝင်ထိုင်နေလိုက်သည်။

Training with system to be a god Dove le storie prendono vita. Scoprilo ora