Ch 24 ( arc 3-5)

245 48 0
                                    

Unicode

         Kelvin လာကယ်တဲ့အဖွဲ့ဟာ စစ်တပ်ကမဟုတ်ပေမယ့် လူသားတပ်ဖွဲ့တွေများစွာထဲက နံပါတ် ၁ တပ်ဖွဲ့ Leno ဖြစ်တယ်။ သူတို့တပ်ဖွဲ့ဟာ အစက ထင်ပေါ်ကျော်ကြားပေမယ့် နောက်ပိုင်း zombies တွေလဲ အဆင့် ၃ ရောက်လာတဲ့အချိန်မှာ သစ်တောဒေသကို အစုလိုက်အပြုံလိုက်ထိုးစစ်ဆင်လာကြတယ်။ ထိုအခါ အစကတစ်ကွဲတပြားစီဖြစ်နေတဲ့ အဖွဲ့တွေထဲက လူငယ်ပါရမီရှင်တွေကို စုစည်းကာ စစ်တပ်ဖွဲ့စည်းလိုက်တာကြောင့် သူတို့အဖွဲ့က အဆင့် A လူတွေနဲ့ အလားအလာရှိတဲ့လူငယ်တွေကို   အဖွဲ့ပေါင်းစုံ အရည်အချင်းစစ်ပွဲကနေ စစ်တပ်ကခေါ်ယူသွားတယ်။ ဒါကြောင့် သူတို့ Leno အဖွဲ့မှာ အဆင့် A လဲမကျန်တော့တဲ့အပြင် ကျန်တဲ့သူတွေကလဲ အသက်ကြီးလို့ စိတ်နောက်လူမလိုက်နိုင်တော့တဲ့ အရွယ်အများစုသာကျန်တော့တယ်။ အဖွဲ့ဆိုတဲ့အတိုင်း ရိက္ခာနဲ့အမြုတေတွေကို ကိုယ့်ဘာသာရှာရတာမို့ သစ်တောနဲ့အနီးဆုံး H မြို့တော်ဆီလာခဲ့ခြင်းဖြစ်တယ်။

          ဘယ်သူသိနိုင်မလဲ zombies စစ်တပ်နဲ့ သာပါလာလေ့ရှိတဲ့ အဆင့် ၃ zombie ကောင်ကိုသူ့အပေါင်းအပါတွေနဲ့တွေ့ရလိမ့်မယ်လို့။ ဂြိုလ်သားတွေသတိမထားမိခင် အဆင့်တက်ခါစ အဆင့် ၃ zombie ဖြစ်နိုင်ပါတယ်။ zombies တွေသေရင် အမြုတေတွေနဲ့ သူတို့က အဆင့်တက်နိုင်သလို လူတွေသေရင်လဲ zombies တွေဖြစ်သွားနိုင်တာမို့ အသည်းအသန်ခုခံနေရခြင်းဖြစ်တယ်။ အဖွဲ့လိုက်စုလို့ တလှည့်စီနားပြီး ခုခံနေရင်း ခြေကုန်လက်ပန်းကျကာနီးမှ ကယ်တင်ရှင်တစ်ယောက်ရောက်လာပြီး မျောက်ထက်တောင်မြန်တဲ့ အရှိန်နဲ့ သူတို့ကို ကယ်တင်သွားလေတယ်။ အရိပ်လိုသာမြင်လိုက်ရပြီး ရုပ်ကိုသေချာမမြင်လိုက်ရတဲ့အပြင် မည်သည့်အစွမ်းသုံးမှန်းတောင် မသိလိုက်ရတဲ့ သူတို့ဘဝပါလေ။

           အချိန်အတန်ကြာစောင့်ပြီးသောအခါ သူတို့ရှိရာဘက်ကို ရွှေရောင်ဆံပင် ဂုတ်ဝဲလောက်နဲ့ မျက်ဝန်းစိမ်းများက အရောင်တလက်လက်တောက်ပနေပြီး ဖြူဖွေးသောအသားအရည်နဲ့ slim body ပုံစံလူငယ်လေးတစ်ယောက်က လျှောက်လာတာကိုမြင်လိုက်ရတယ်။ လည်ပင်းမှာမြင်နေရတဲ့ လည်ဇလုပ်လေးကိုသာ မတွေ့ရလို့ကတော့ ဒီကိုယ်လုံး၊ ဒီအသားအရည် ရုပ်ရည်နဲ့ဆိုရင် မိန်းကလေးအဝတ်သာဝတ်လိုက်ပါက ယောကျ်ားလေးလို့ပြောလျှင် မယုံသူများပေလိမ့်မည်။

Training with system to be a god Where stories live. Discover now