Ch 26 ( arc 3-7)

316 53 6
                                    

Unicode

          Kelvin က William ကို အနိုင်ယူလိုက်ပြီးနောက် အဖွဲ့ပေါင်းစုံအရည်အချင်းစစ်ပွဲက ပြီးဆုံးသွားတော့သည်။ Kelvin က ပထမရရှိပြီးတော့ သူ့ရဲ့ကိုယ်စားပြု Leno အဖွဲ့ကလဲ ရိက္ခာနဲ့ အမြုတေအချို့ကို ရရှိမည်ဖြစ်သည်။ Kelvin က Willaim အနေနဲ့ သူ့နာမည်အရင်းကို မည်သို့သိသလဲကို သိချင်နေသည်။

      '' Hey William မင်းငါ့ကို ရှင်းပြစရာရှိတယ်လို့မထင်ဘူးလား။ ''

     '' ဒါပေါ့ ကိုယ့်ရဲ့သတိုးသီဟလေးက သိချင်နေရှာမှာပေါ့။ ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ ကိုအခုမအားသေဘူး။ နောက်မှ တပ်ထဲကျရင်ဆုံမယ်လေ။ '' Willaim က Kelvin အနားကပ်ကာပြောလိုက်ပြီး သူ့ရဲ့ ရေစွမ်းအင်ဖြင့် ထွက်သွားတော့သည်။ Kelvin ခမျာ Willaim ကိုရှာရတော့မလိုလို ဆက်ပြီးဘဲ နေရမလိုလိုနဲ့ကျန်ခဲ့တော့တယ်။

       '' Hi ကိုယ့်နာမည်က Ardam။ ကိုက စစ်တပ်က ခေါင်းဆောင်ပါ။ '' Ardam ဟာ ပထမရတဲ့လူငယ်လေးကို ဆုချရန် ဆင်းလာခြင်းဖြစ်တယ်။ အစက အဝေးမှသာကြည့်ရခြင်းဖြစ်ပြီး တိုက်ခိုက်စဥ်တွင်လဲ ကိုယ်ပျောက်အစွမ်းနဲ့ဆိုတော့ မျက်နှာကိုသေချာမမြင်ရသဖြင့် သိချင်စိတ်ကောကြောင့် အနားကို သွားလိုက်တယ်။ အနားရောက်တော့ ဖြူဆွတ်နေသော အသားရောင်ရယ်၊ လေအဝှေ့မှာ လွှင့်သွားတတ်တဲ့ ရွှေရောင်ဆံပင်ပျော့ပျော့လေးတွေနဲ့အတူ နှာတံဖြောင့်ဖြောင့်၊ တလက်လက်တောက်နေတဲ့ မျ
က်ဝန်းစိမ်းတွေက ​မြင်ရသူကို အကြည့်မလွဲနိုင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းနေတယ်။ ပြီး အောက်နှုတ်ခမ်းထူပြီး အပေါ်နှုတ်ခမ်းပါးလေးက ထွက်ခဲ့တဲ့စကားသံက ချိုသာမနေဘဲ သြရှရှလေးနဲ့မို့ ပြောသမျှစကားတိုင်းကို နားထောင်နေချင်မိတယ်။

       '' Hello ကျွန်တော်က Kelvin ပါ။ ကိုယ်ပျောက်အစွမ်း အဆင့် A ပါ။ အဆင့်ဆက်တက်ဖို့ အဆင့် ၃ အမြုတေတွေလိုလို့ စစ်တပ်ထဲဝင်လာတာပါ။ ကူညီစောင့်ရှောက်ပေးပါဦး ခေါင်းဆောင်။ ''

      '' ဒါပေါ့ ကူညီရမှာပေါ့။ ကိုယ့်လို S အဆင့်ရောက်စေရမယ်။ ဒါနဲ့ကိုယ့်ကို အကိုArdamလို့ခေါ်ပါ။ ''

      '' ဟုတ်ကဲ့ အကို Ardam '' Kelvin က အကူအညီလိုနေတာမို့ Ardam ကို ကပ်ထားရန်ကြံလိုက်တယ်။ system ကတော့ SS အဆင့်ကိုရောက်ဖို့နည်းလမ်းရှိတယ် ဆိုပေမယ့် သူ့ကိုပြောပြတာမှမဟုတ်တာ နည်းလမ်းကို ရှာဖွေရမှာမို့ဖြစ်နိုင်ချေတွေအကုန် အသုံးချမှရမယ်။ စစ်တပ်ရဲ့ တည်နေရာကလဲ သူတို့ပြိုင်ပွဲကျင်းပတဲ့ သစ်ပင်ကြီးပေါ်မှာဘဲမို့ Ardam က Kelvin ကို အိပ်ဖို့အခန်းရှိရာကိုလိုက်ပို့တယ်။ သစ်ပင်ပေါ်က အိပ်ခန်းဆိုလို့ အထင်မသေးလိုက်ပါနဲ့။ တစ်တောလုံးက အကြီးဆုံးသစ်ပင်ကြီးက ပေတစ်သောင်းလောက်မြင့်ပြီး အကိုင်းအခက်တွေကြား အိမ်အသေးလေးတွေဆောက်ထားတာမို့ လူတစ်ထောင်လောက်နေဖို့ဟာ သာသာယာယာပါဘဲ။ စစ်တပ်ကလဲလူက ခုနစ်ဆယ် နီးပါးသာရှိတာမို့ တစ်ကယ်ကို ချောင်ချောင်ချိချိပါဘဲ။

Training with system to be a god Where stories live. Discover now