Ch 13 ( arc 2-5)

335 68 0
                                    

Unicode

'system ရေ ဇာတ်လိုက်ကအလာကြီးဘဲဟ။ အရင်ဇာတ်ကြောင်းတုန်းက ဝူယီကို သတ်လိုက်တာ သူမဟုတ်တဲ့အတိုင်းဘဲ '

( ဇာတ်လိုက်က တမင်သတ်တာမဟုတ်ပါဘူး host ကလည်း။ ရေကန်ထဲတွန်းချမိလို့ ဝူယီကရေမိစ္ဆာကြောင့် သေသွားတာလေ။)

' ဘယ်လိုဆိုဆို သူ့ကြောင့်ဘဲ 🙄။ အခုလည်း ငါဝင်လာပြီး ရုပ်ရည်လေးပြောင်းလို့ အနေအထိုင်ဆင်ခြင်လိုက်တာနဲ့ ငါ့လာကြိုက်တာကတော့ wp ထဲက system fic ရဲ့ logic အရမ်းဆန်လွန်းနေတယ် 😑😑'

(ပြောချင်ရာသာပြောတော့ စိတ်မဝင်စားတော့ဘူး။ host ဒါနဲ့လေ မျက်ကပ်မှန်တပ်ဖို့မစဥ်းစားမိဘူးလား။ host ရဲ့ မျက်လုံးအရောင်တွေကို ဖုံးထားရအောင်လေ။)

' omm ​ဟုတ်တယ်နော်။ အစွမ်းသုံးချင်ရင်တောင် အရိပ်အခြေကြည့်နေရတဲ့ ဘဝက သိပ်တော့မလွယ်ဘူး ။ သွားမယ် မျက်ကပ်မှန်လုပ်ရအောင် မျက်စိအထူးကုဆီ Let's go'

ဝူယီလဲ ကျောင်းဆင်းတော့ ဦးဝမ်ကားနဲ့လာကြိုတာနဲ့ တက်လိုက်သွားပြီး မြို့ထဲက မျက်စိဆရာဝန်တစ်ယောက်ဆီသွားလိုက်တယ်။ ဝူယီရဲ့ နဂိုမျက်လုံးအရောင်က အနက်ကြောင့် အနက်ရောင် မျက်ကပ်မှန်တစ်ခုလုပ်ခိုင်းလိုက်ပြီး အိမ်သို့သာပြန်လာခဲ့တယ်။ ညစာစားပြီးလို့ အခန်းထဲဝင်ကာ စာလုပ်နေတုန်း ဖုန်းခေါ်လာတာကြောင့် ကောက်ကိုင်လိုက်တယ်။

'' Hello ''

'' ခေါင်းဆောင်ကလည်း စိမ်းကားလိုက်တာ အခုတလောတောင် ခေါင်းဆောင်ကျနော်တို့ဆီမလာဘူးနော်။ ''

'' omm ငါခေါင်းဆောင်မလုပ်ချင်တော့ဘူး။ ငါမိဘတွေ စိတ်ချမ်းသာအောင်နေမလို့။ ဒါကြောင့် ငါ့ကိုလာမပတ်သတ်နဲ့တော့ ကျိုးယွီ။ ''

'' ခေါင်းဆောင်နော် အဲ့လိုလုပ်လို့မရဘူးလေ။ နုတ်ထွက်ရင်လဲ နုတ်ထွက်တဲ့ပါတီလေးတော့လုပ်ပေးရမယ်။ လာခဲ့မရဘူး အခုကျနော်တို့ Moon club မှာ ဒကာလာခံ။ လက်အောက်ငယ်သားတွေကိုတော့ ကျနော်ကြည့်ပြောလိုက်မယ်။ ကျနော်တို့ ၃ယောက်ကိုတော့ ဒကာခံပေးရမယ်။ ''

'' ကောင်းပြီလေ။ ငါလာခဲ့မယ် ခနတော့စောင့်ဦး''

ဝူယီလည်း ထိုကိစ္စကိုအပြတ်ဖြတ်ရန် club သို့သွားလိုက်တယ်။ ထိုနေရာကိုရောက်တော့ အစောင့်များက သူ့အားမှတ်မိတယ် ထင်တယ်။ မတားကြ အခြားသူများကိုသာ စစ်ဆေးနေကြသည်။

Training with system to be a god Where stories live. Discover now