Ch 34 (arc 4-1 )

161 22 4
                                    

Unicode

              သတိုး နောက်ကမ္ဘာတစ်ခုကိုရောက်လာတော့ ထုံးစံအတိုင်းခေါင်းကနာကျင်နေမှုကြီးက ကြိုဆိုနေပြန်တယ်။ မျက်လုံးကို အားယူဖွင့်လိုက်တော့ အဖြူရောင်မျက်နှာကျက်ကို မြင်လိုက်ရတယ်။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ လက်မှာ drip ပိုက်တန်းလန်းနဲ့ ဆေးသွင်းထားတာမို့ ဆေးရုံရောက်နေပြန်တာတော့ သိလိုက်ပြီ။ မတူတာက အခုအခန်းက ခမ်းနားတယ်လို့မပြောရုံတမယ်ဘဲ။ ရှေ့တည့်တည့်နံရံမှာ တီဗီအကြီးတစ်လုံးနဲ့ ဆိုဖာတွေရယ်၊ စားပွဲလှလှ တစ်လုံးနဲ့ စားစရာတွေရယ်၊ ပြတင်းပေါက်ဘေးမှာက ပန်းအိုးတစ်ချို့နဲ့ဆိုတော့ VIP ခန်းဖြစ်လောက်မယ်။ ဆေးရုံကို VIP ခန်းတောင်နေနိုင်တယ်ဆိုတော့ အခုဝင်ထားတဲ့ကိုယ်က နည်းနည်းနောနော အဆင့်မြင့်တာတော့ မဟုတ်လောက်ဘူး။

               အနားမှာ ဘယ်သူမှစောင့်မနေတာသေချာမှ Orchid ကိုစကားပြောလိုက်တယ်။ '' Orchid ငါ့ကို မှတ်ဉာဏ်သွင်းပေးတော့ '' Orchid က တုတ်တံလေးကို သတိုးခေါင်းပေါ်ဝှေ့ယမ်းလိုက်တယ်ဆိုရင်ဘဲ။ မှတ်ဉာဏ်တွေအများကြီးဝင်လာပြီး ခေါင်းနောက်တစ်ခါကိုက်သွားပြန်တယ်။

              အင်းးးး။ ဒီတစ်ခါ ဝင်ထားတဲ့ကိုယ်ရဲ့ ဘဝက တော်တော်ရှုပ်တယ်လို့ပြောရမယ် ထင်တယ်။ အခုဝင်ထားတဲ့ကောင်လေးရဲ့နာမည်က Toshimo Keki။ သူက အဆိုတော်တစ်ယောက်ဆိုလဲဟုတ်တယ်။ သရုပ်ဆောင်ပိုင်းကို ကူးနေတဲ့ ဝါနု သရုပ်ဆောင်ဆိုလဲ ဟုတ်တယ်။ ဒီကမ္ဘာရဲ့ဇာတ်လမ်းကိုပြောရရင်တော့ ဇာတ်လိုက်က သူ့အကိုလို့ပြောရမယ်။ သူ့အကိုက Toshimo Kosuke၊ အလွတ်စုံထောက်တစ်ယောက်၊ တစ်ခါတစ်လေ အမှုကြီးတွေ အတွက် ကြေးစားလဲ လိုက်တတ်တယ်။

              ဇာတ်လိုက်ဖြစ်တဲ့သူ့အကိုက အရင်က အေးအေးဆေးဆေးနေနေတတ်တဲ့သူတစ်ယောက်။ စာဖတ်ရတာသဘောကျပြီး အတွေးအခေါ်ကောင်းတဲ့လူတစ်ယောက်ပေါ့။ အေးအေးဆေးဆေးနေတာ ကြိုက်တဲ့သူက အလွတ်စုံထောက်ဘယ်လိုဖြစ်သွားလဲဆိုတော့ သူတို့မိဘနှစ်ပါးရဲ့ ရုတ်တရက် ပျောက်ဆုံးမှုကြောင့်လို့ဆိုရမှာဘဲ။ သူတို့ နှစ်ယောက်ရဲ့မိဘတွေက ရှေးဟောင်းသုတေသန ပညာရှင်တွေ။ နာမည်ကျော်ကြားတာမျိုးမဟုတ်ပေမယ့် သူတို့ရှာတွေ့တဲ့ ပစ္စည်းတွေက အရမ်းအရေးကြီးတော့ နိုင်ငံတကာကနေတောင် လျှို့ဝှက်ထောက်လှမ်းနေရတဲ့အထိဘဲ။ သူတို့ဇနီးမောင်နှံ နာမည်မကြီးတာက သူတို့ကိုယ်တိုင်က သိုသိုသိပ်သိပ်နေတာလဲပါတယ်။နိုင်ငံခေါင်းဆောင်ပိုင်းတွေ က သူတို့ရဲ့အရည်အချင်းကို တွေ့ပြီး သူတို့ရှာတွေ့တဲ့အရာကို သတင်းမီဒီယာတွေမှာ မပြန့်နှံအောင် ထိန်းချုပ်တာကြောင့်လဲ ပါတာပေါ့။

Training with system to be a god Where stories live. Discover now