Ch 29 ( arc 3- 10)

206 45 5
                                    

Unicode

              Kelvin က ဂြိုလ်သားကောင်ရဲ့ အမြုတေကို သိမ်းထားလိုက်ပြီး သူတို့နှစ်ယောက်ဟာ အစွမ်းတွေကို  သိမ်းလိုက်ကြတယ်။ William က ဂြိုလ်သားအလောင်းကို ကြည့်ပြီး Kelvin ကို မေးတစ်ချက်ငေါ့ပြလိုက်တယ်။

             '' ဒီ ​ဂြိုလ်သားအလောင်းကိစ္စ ဘယ်လိုလုပ်ကြမလဲ။ မကြာခင် ခေါင်းဆောင်တို့လဲ ရောက်လာတော့မယ်။ မင်းရဲ့ သစ်ပင်အစွမ်းကိစ္စ ကို ပြောပြလိုက်တော့မလား။ ''

             '' ဟင့်အင်း။ ငါမပြောချင်သေးဘူး။ ငါ့စိတ်ထဲမှာ လူသားစစ်တပ်ထဲမှာလည်း သူလျှိုတွေ ရှိနိုင်တယ်လို့ ထင်နေမိတယ်။ အခုအခြေအနေအရဆို သစ်ပင်စွမ်းအင်ပိုင်တဲ့သူ ပေါ်လာပြီဆိုတာ လူတွေကော ဂြိုလ်သားတွေကော သိသွားကြတော့မယ်။ ''

         '' သိသွားလည်းကောင်းတာဘဲလေ။ ကိုယ့်စိတ်အရဆိုရင် အစွမ်းကို ထုတ်ပြပြီး ခေါင်းဆောင်တက်လုပ်လိုက်တယ်။ အဲ့လိုဆို လူသားတွေကို စုစည်းရတာလဲ လွယ်ကူပြီးတော့ သူတို့ကို အားတက်စေနိုင်တယ်လေ။ ''

         '' ငါ ဘာလို့ ဒီကိုရောက်လာလဲဆိုတာ မင်းသိပါတယ်။ ငါ့ mission က လူသားတွေကို ကယ်ရမယ်ဆိုပေမယ့်။  အဓိကက အဖျက်နတ်ဆိုး Leo ရဲ့ ဝိညာဥ် အစိတ်အပိုင်းကို ဖမ်းဆီးဖို့ဘဲလေ။ အခုဆို Leo က ဂြိုလ်သားတစ်ကောင်ရဲ့ ကိုယ်ထဲဝင်သွားပြီး အဆင့် ၅ ရောက်နေတယ်တဲ့။ အစွမ်းကလဲ ၂ မျိုးတောင်ပိုင်ထားသေးတယ်တဲ့။ ငါစိုးရိမ်တာက ငါက အခုမှ SS အဆင့်မပြောနဲ့ S အဆင့်တောင်မရောက်သေးဘူး။ ငါ့အကြောင်း.သတင်း ပေါက်ကြားသွားရင် ငါ့ mission auto fail သွားမှာစိုးတာ။ ''

          '' သတိုးလေးကလဲ ဘာတွေစိုးရိမ်နေတာလဲ။ အခုလေးတင် ကိုယ်တို့ အဆင့်ကျော်ပြီး တိုက်ခိုက်ခဲ့တာ ၂ ကြိမ်တောင်ရှိသွားပြီလေ။ ကိုယ်က ကာကွယ်ပေးမှာပေါ့ကွ။ ''

          '' William မင်းသိလား။ မင်း ကိုယ့်ကိုယ်ကို ဘယ်လောက်ထိယုံကြည်နေမှန်းငါမသိပေမယ့်။ ငါဆိုတာက မသေချာတဲ့ အလုပ်ဆို ဘာမှမလုပ်ချင်ဘူး။ ဒီတော့ ငါ့ကို ဆင်ခြေမပေးဘဲနဲ့ ။ ဒီ ဂြိုလ်သားကိစ္စကို အစဖျောက်ကူ။ Zane ကို ထပ်စားခိုင်းရင် ငါတစ်ကယ် zombie ဖြစ်သွားလိမ့်မယ်။ ''

Training with system to be a god Where stories live. Discover now