Ch 3 (arc 1-1)

585 65 2
                                    

Unicode

      "wtf!  system နာလိုက်တာကွာ၊ ငါလဲ wp ဖတ်ဖူးပါတယ် သူများတွေက ခေါင်းဘဲ နာတာပါ ငါ့ကျတော့ တစ်ကိုယ်ကောင်လုံး နာနေသလိုဘဲ"

       (ဟုတ်တယ် host ၊ ဒါမဲ့ host က အရှင် Kris ရဲ့ဝတ္ထုထဲကိုဝင်ရတာမို့ ကိုယ်ကိုသေးလိုက်သလိုဖြစ်သွားလို့ပါ ၊ နောက်တစ်ခေါက်မှ တံခါးပေါက်လေး လုပ်ပေးမယ်လေ ဟီး)

       သတိုး ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တယ်။ သူက ညောင်ပင်ကြီးတစ်ပင်ပေါ်မှာ ထိုင်လျက်သားနဲ့ ရောက်နေတာကို မြင်လိုက်တယ်။

        "system ရေ ငါ့ကိုဘယ်ပေါ်ပို့လိုက်တာလဲဟ အပင်ပေါ်ရောက်နေရတယ်လို့ ၊ btw ငါ့ကို မှန်ပေး၊ wp ထဲကလို ရုပ်ချော" လေးများဖြစ်နေမလားဘဲ အဟိ"

        (ဒီမှာ ပါ host)

        " ဟမ် ငါ့ရုပ်က ဘာမှလဲမပြောင်းဘူး ငါ့အရင်မျက်နှာကြီးကို ပြီးတော့ အပင်ပေါ်ဘယ်လိုရောက်နေရတာလဲ ဒီကိစ္စကို အရင်ရှင်း ဇာတ်ကြောင်းမပို့နဲ့ ဦး ခေါင်းနာလို့ အပင်ပေါ်က ပြုတ်ကျလို့ မသာပေါ်နေဦးမယ် "

          ( အာ ဒီ ကမ္ဘာမှာ host က သူများကိုယ်ထဲဝင်စရာမလိုသေးဘူး ပြီး သူများကိုယ်ထဲဝင်လို့ စွမ်းအားတွေ သုံးနေရင် သံသယဝင်ခံရနိုင်တယ်လေအာ့ကြောင့်ပါ။ အာ အပင်ပေါ်ရောက်နေရတာက ကျတော့ host အစွမ်းသုံးကြည့်လေ host ပထမဆုံးအစွမ်းက အပင်တွေကို အား​​ဖြည့် ခိုင်းစေခြင်း မဟုတ်လားဒီ အစွမ်းနဲ့ ညောင်ပင်ကို ငါ့ကိုအောက်ချပေးလို့ပြောလိုက်လေ)

             "အမ် ကောင်းပြီလေ ၊ ညောင်ပင်ကြီးရေ ငါ့ကိုအောက်ချပေးပါ"လို့ပြောပြီး လက်မှအစိမ်း​​ရောင်အစွမ်းတွေထုတ်ကာ အပင်ကြီးကို ထိလိုက်တော့ အကိုင်းတွေရှည်ထွက်လာကာ  လှေကားသဏ္ဍာန် သစ်ကိုင်းတွေချိတ်ဆက်သွားပြီး သူ့ရှေ့ရောက်လာခဲ့တယ် ။ သတိုးလဲ အံ့သြနေပြီး အဲ့လှေကားမှ ဆင်းသွားရာ အောက်ရောက်သောအခါ သစ်ကိုင်းတွေက ပြန်ကျုံ့သွားပြီး နဂိုမူလအတိုင်းပြန်ဖြစ်သွားတယ်။ မတူတာဆိုလို့ ခုနကထက် အရွက်တွေ ပိုများလာပြီး အခြားအပင်တွေနဲ့ ယှဥ်လိုက်လျှင် အရောင်အဝါတစ်မျိုးထွက်ကာ အဆင့်အတန်းပိုမြင့်နေသလိုပင်။

Training with system to be a god Where stories live. Discover now