Ch 22 ( arc 3-3)

262 49 1
                                    

Unicode

         Kelvin အခုရောက်နေတဲ့နေရာက အရင်တုန်းကအရမ်းစည်ကားခဲ့တဲ့ မြို့တော် H ဖြစ်တယ်။ အခုအခါမှာတော့ လူသားတွေရဲ့ သစ်တောဒေသနဲ့ zombies တွေရဲ့အပူပိုင်းဒေသ ကိုပိုင်းခြားထားတဲ့ နယ်စပ်မြို့ပျက်ကြီးဆိုလဲမမှားချေ။ ဒီမြို့ကနေ တောင်အရပ် မိုင်၁၀၀ ကျော်မှာ သစ်တောများရှိပြီး မြောက်ဘက် မိုင် ၁၀၀ ကျော်မှာကတော့ ကန္တာရဖြစ်ကာစဖြစ်နေပြီး သစ်ပင်တစ်ပင်တောင်မတွေ့ရတော့။

          Kelvin လို အမြုတေရှာသူတွေနဲ့ zombies တွေရဲ့ အဆင့် ၁ ရှေ့ပြေးတပ်သားတွေ စတည်းချအနားယူနေတတ်တဲ့ မြို့ပျက်ကြီးလဲဖြစ်တယ်။ Kelvin ဟာ သူ့အဆင့် C ကနေအဆင့်တက်ဖို့အတွက် မြို့တော် H ကအသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်တယ်။ ခရမ်းစိမ်းနေရာပြောင်းစွမ်းအင်က အပင်တွေအပေါ်မှာ အာရုံခံမှုမြင့်မားပြီး မိုင် ၁၀၀၀ အတွင်းသွားလို့ရပေမယ့် zombies တွေကို အာရုံခံလို့ကတော့မရပါဘူး။ ဒါကြောင့် zombies တွေကို အမဲလိုက်မယ့် Kelvin ဟာ ခရမ်းနေရာပြောင်းစွမ်းအင်ကို အလိုရှိသလို သုံးလို့မရတာမို့ သတိနဲ့သာနေနေရတယ်။

           Movies တွေထဲက zombies တွေနဲ့မတူတာက ယခုကမ္ဘာက zombies တွေဟာ အစွမ်းတွေပါပိုင်ဆိုင်ပြီး အဆင့်တက်လာလေလေ အသိဉာဏ်ပိုကြွယ်လာလေလေမို့လို့ သူတို့ဘက်က တိတ်တဆိတ်လာတိုက်မှာကိုပါ စိုးရိမ်နေရတယ်။ Kelvin ဟာ ဒီမြို့ပျက်ကြီးထဲ လှည့်လည်သွားလာရင်း အဆင့် ၁ zombies တွေကို လိုက်ရှာနေတယ်။

          အစွမ်းသုံးကာ မသွားဘဲ သတိနဲ့သွားနေရင်း ဆင်ခြေဖုံးရပ်ကွက်လို့ယူဆရတဲ့နေရာတစ်ခုမှာ zombies တွေလို့ယူဆရတဲ့အသံတွေကြောင့် ခဏအရင်ပုန်းလိုက်တယ်။ ဝူးဝူးဝါးဝါး အသံကြားရာနေရာဆီကြည့်လိုက်တော့ သွေးကြောအပြာရောင်တွေထောင်ထနေတဲ့ လူပုံသဏ္ဍာန် zombies သုူံကောင်ကိုတွေ့လိုက်ရတယ်။ သွေးကြောတွေအပြာရောင်သာရှိသေးတာမို့ အဆင့် ၁ zombies တွေမှန်းသိလိုက်တယ်။ သူ့ရဲ့ အဆင့် C ကနေ B ကိုတက်ဖို့အတွက် ဒီ zombies တွေကို အမဲလိုက်ဖို့ပြင်ဆင်လိုက်တယ်။

        " Zane ထွက်ခဲ့တော့ ငါမင်းကို လိုအပ်တယ်။ '' Kelvin ပြောလိုက်တာနဲ့ သူ့ရဲ့ဘာ်ဘက်လက်ဖဝါးမှ တက်တူးလေးကနေ အစိမ်းရောင် chomper လေးထွက်လာတယ်။ ခရမ်းနေရာပြောင်းစွမ်းအင်က မျက်စိကွယ်ရာနေရာတွေကိုသွားရင် ပြဿနာဖြစ်ပေမယ့် သူ့မျက်စိရှေ့က နေရာကိုသွားတာလောက်က ကိစ္စမရှိ။

Training with system to be a god Where stories live. Discover now