Ch 14 ( arc 2-6)

317 61 0
                                    

Unicode

        'system ရေ ငါရောက်ကတည်းက ကျောင်းစာဖတ်လိုက်၊ ကျောင်းတက်လိုက်လုပ်နေတာ တစ်ပတ်တောင်ရှိပြီဘဲ ​ပျင်း​တောင်လာပြီ။ ဇာတ်လိုက်မကလဲ ဘာအကွက်မှမရွေ့ဘူးလား။ ဒီကမ္ဘာက အရမ်းလွယ်လွန်းနေသလိုဘဲ။ '

   ( D အဆင့်ကမ္ဘာမို့နေမယ် host။ ဇာတ်လိုက်မကိုကြည့်ရတာလဲ သိပ်ကြီးအကြံကြီးတဲ့ပုံမဟုတ်ဘူး။ host ကိုကြည့်တဲ့ပုံကလဲ ဆွေးနေသလိုလိုနဲ့ လမ်းခွဲလိုက်တော့မှ host ရဲ့ကောင်းတာတွေကိုသိသွားပုံဘဲ)

    ' မင်းအပြောပါကွာ။ သူဇာတ်လိုက်ကိုကြည့်ရင်လဲ ချစ်ရည်ရွန်းတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာပါဘဲ။ စကားမစပ် ဇာတ်လိုက်ရန်ရှောင်ဝမ်က အစက ငါ့ကိုလိုက်ကပ်သလိုလိုနဲ့ အခုတလောမတွေ့တော့သလိုဘဲ။ '

    ( host ရယ် အဲ့တာက mission မှမဟုတ်တာ။ စာမေးပွဲကနီးနေပြီ စာမေးပွဲမှာအောင်ရင်ပြီးရောလေ။ ကျောင်းလေ့လာရေးခရီးမှာ Leo ရဲ့ဝိဉာဥ်ကိုဖမ်းဖို့ရယ် ဒါဘဲလုပ်ရမှာလေ။)

    ' အင်းလေ။ မင်းပြောတာလဲဟုတ်နေတာဘဲ။  ငါလဲဘာတွေတွေးနေတာလဲ။ ဒီတစ်ပတ်ကျောင်းပိတ်ရက်ကျရင်တော့ မြို့ပြင်က ရေကန်မှာ ငါးသွားမျှားလိုက်ဦးမယ်။ အပျင်းပြေမယ်ထင်တာဘဲ။ '

     ဝူယီမသိတာက ထိုအချိန်မှာ ရန်ရှောင်ဝမ်က စာမေးပွဲနီးနေတာက တစ်ကြောင်း၊ သူ့မှာလဲ သူ့အဖေကုမ္ပဏီမှာ အလုပ်ကိုစလေ့လာနေရတာကောကြောင့် ဝူယီအနားကပ်မနေခြင်းဖြစ်သည်။သို့သော် သက်တော်စောင့်တစ်ချို့ကို ကျောင်းသားလိုဝတ်ခိုင်းပြီး နောက်ကနေမသိမသာ စောသ့်ကြည့်ခိုင်းထားခြင်းဖြစ်သည်။

       '' omm ဝူယီလေးရေ ဒီတစ်ပတ်ပိတ်ရက်ကျရင်တော့ မင့်နားငါရောက်လာမှာပါ။'' ရှောင်ဝမ်က ဝူယီကို အမှန်တစ်ကယ်ပင်ချစ်မိနေပြီဖြစ်သည်။

    ထိုတစ်ပတ်ပိတ်ရက်တွင် ရန်ရှောင်ဝမ်သည် ကျန်းစံအိမ်သို့ရောက်ရှိလာသည်။ ကျန်းသခင်ကြီးတို့မိသားစုသည် သူတို့လောက်မချမ်းသာသော်လည်း သူတို့ရန်အိမ်နှင့်တော့ စိီးပွားရေးအရသိနေကြသည်။ ထို့ကြောင့် ရန်ရှောင်ဝမ်က မိဘမျက်နှာအားကိုးနှင့် ကျန်းစံအိမ်သို့ရောက်လာသည်။

Training with system to be a god Where stories live. Discover now