Part 1 (မြေခွေးရဲ့ထိတ်လန့်ဖွယ်ရာသတင်းတပုဒ်)

3.9K 254 3
                                    

Unicode Version

ယနေ့ခေတ်ကာလမတိုင်မှီ ရှေးရှေးသော အချိန်ကာလတခုမှာ။ကျွေ့၊ဆု နဲ့ရှင်းတိုင်းပြည် တွေက ဒေသတခုအဖြစ်တည်ရှိနေပြီး ကျူ့တိုင်းပြည်က သီးခြားရပ်တည်လျက် ရှိခဲ့သည်။

ထိုအခြေအနေကနေ မျိုးနွယ်စုအသွင်နဲ့ ဝံပုလွေမျိုးနွယ်စုကျွေ့ နှင့်မြေ ခွေးမျိုးနွယ်စုရှင်း ဟူ၍ ကွဲထွက်လာခဲ့သည်။လောဘကြီးတဲ့ အသွင်ရှိတာတော့ တိုင်းပြည် နှစ်ခုလုံး အတူတူပါပဲ။

ရှင်းမျိူးနွယ်စုကလူသားတွေက ကျွေ့ဝံပုလွေမျိုးနွယ်စုတွေကို လောဘကြီးတယ် ဓါးပြတိုက်တယ်လို့ စွပ်စွဲပြောဆိုကြသည်။
ဆုမျိုးနွယ်စုလူသားတွေကတော့ ကျွေ့နဲ့ရှင်း မျိုးနွယ်စုနှစ်ခုလုံးကို အပြစ်တင်လေ့ရှိပြီး အတိတ်ကကော လက်ရှိကာလ မှာကော ထိုမျိုးနွယ်စုတွေနဲ့ စစ်မဖြစ်အောင် အမြဲထိန်းသိမ်းထားသည်။

သူတို့ကသာမန်လူသားတွေလို့ခံယူထားပြီး တိရိစ္ဆာန်အသွင်ဖြစ်နေတဲ့ ကျွေ့နဲ့ရှင်း မျိုးနွယ်စု တွေနဲ့ မပါတ်သတ်ပဲ သီးသန့် ခွဲထွက်ခဲ့ကြသည်။သူတို့မြေပေါ်ကို နည်းနည်း လေးမှကျူးကျော်ခြင်းမရှိ။

အတိတ်မှာ ဘယ်လိုပဲ ညီညွှတ်ခဲ့ပါစေ။ ယခုချိန်မှာတော့ အတူတကွယှဉ်တွဲနေထိုင် မယ့်အခြေအနေကိုရောက်ရှိဖို့ အခွင့်အရေး ဆိုတာ မရှိတော့ပါဘူး။

နယ်စပ်ပရိပက္ခတွေ။ရုဝ်တရပ်ကျုးကျော်စစ် တွေဖြစ်ခဲ့ကြပြီ။သက်ဦးဆံပိုင်ဘုရင်စနစ် ကိုလဲသူတို့တွေ ထူထောင်ခဲ့ကြသည်။မြေရှင်ယာရှင်စနစ်အသွင်ကို ဖော်ဆောင်ခဲ့ကြသည်။

ချူမျိူးနွယ်စုက ရှင်းမျိုးနွယ်စုတည်ထောင်ထား တဲ့နိုင်ငံတော်ကိုသစ္စာခံထားခြင်းဖြစ်သည်။ ရှင်းမျိုးနွယ်စုဆိုတာရှင်းတိုင်းပြည် စတင်တည်ထောင်ကတည်းကရှိခဲ့တဲ့ ရှေးအကျဆုံးအမှီးကိုးချောင်းမြေခွေးမျိုးနွယ် စုဖြစ်တဲ့အပြင် ထီးနန်းအတွက် တိုက်ခိုက် လေ့ရှိသော မျိုးနွယ်ဖြစ်သည်။

လက်ရှိဘုရင်ချူစုန့်က ချူယွင်ရဲ့ဖခင်ရဲ့ဦးရီးတော် ဖြစ်သည်။ ချူယွင်ဆိုသည်မှာ သူရဲ့ဦးရီးဝောာ်က နန်းတော်ထဲဝင်ရန်ဆင့်ခေါ်သည်နှင့် နှောင့်နှေးခြင်းမရှိဘဲ အမိန့်နာခံတက်သည်။

“ နိမ့်ကျလှတဲ့ကျတော် အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”

ချူယွင်ဒူးတ‌ဖက်‌ေထာက်ပြီးနူတ်ခွန်းဆက်သည်။ အမြီးကိုးချောင်းမြေခွေးဘုရင်တွေ စံမြန်းတဲ့ပုလင်ခြေရင်းတွင် သူခစားရင်းနူတ်ခွန်းဆက်သည်။

ရှင်းတိုင်းပြည်ရဲ့ဘုရင်စံမြန်းရာခန်းမ‌ဆောင်တွငါ အဖိုးထိုက်တန်တဲ့သစ်များအသုံးပြု ထားပြီး နံရံမှာ စိတ်လှုတ်ရှား‌ဖွယ် သတိပြုဖွယ် အသွင်ဖန်တီးထားတဲ့ နံရံဆေးရေး ပန်းချီများ ရေးဆွဲထားသည်။

ခန်းမ အလယ်တွင် ကျောက်ဖြူဖြင့် ‌အမြီးကိုးချောင်းမြေခွေးတကောင် အသွင်ပုလ္လင်တခုထွင်းထုထားပြီး လက်တန်း တွေကိုကနူတ်များဖြင့် ဖန်တီးထားရာ သူ့ဟာနဲ့သူတော့ လိုက်ဖက် တင့်တယ်နေသည်။

အမြီးကိုးချောင်းမြေခွေးတွေက အရမ်းချောမောရုံသာမက တေးဂီတနဲ့ သံစဉ်တွေမှာလဲ ထူးချွန်ပြောင်မြောက်သည်။ ထို့ကြောင့် တေးဂီတပုံဖော်တီးခက်တဲ့တန်ဖိုးကြီးကိရိယာ မျိုးစုံ ချူနန်းတော်မှာအများအပြား ရှိသည်။

မြေခွေးဘုရင်ကြီးမှာ တော်ဝင်ဝတ်ရုံတော်ဆင်မြန်းထားပြီး လက်နှစ်ဖက် နောက်ပစ်ကာ ဒူးထောက်ခစား နေတဲ့ တူတော် ဖြစ်သူ ချူယွင်ကို

“အရေးကြီးကိစ္စတခုကြောင့် တူတော် လေးကိုဆင့်ခေါ်လိုက်ရတယ်”

ချူယွင် ထရပ်သည်။ သို့ပေမယ့် ဦးခေါင်းကို ညွှတ်ထားပြီး မျက်ဝန်းတစုံက ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။

ချူယွင်သည် အရပ်မြင့်ပြီးသွယ်လျတဲ့ ခန္ဓာကိုယ်ရှိသည်။သူ့ရဲ့အသွင်က ရူ့ပျော်ဖွယ်ရှိပြီးနှစ်လိုဖွယ်ကောင်းသည်။ သူတချက်ပြုံးလိုက်ရုံနဲ့ သဘောထားကြီး တဲ့အရိပ်အာဝါသ တွေရစ်သန်းနေသည့် အသွင်ပင်။သူရဲ့ထူးခြားချက်မှာ ဟာသဉာဏ်ရှိပြီး တဖက်သူညွှတ်ကျအောင် ပြောတက်တဲ့ နူတ်ခမ်းတစုံနှင့် ညို့အားပြင်းသောမြေခွေးမျက်ဝန်းတစုံရှိခြင်းပင်။

တော်ဝင်မျိုးနွယ်ရဲ့ပုံရိပ်ကိုလေးစားပြီးတန်ဖိုးထားတဲ့ အနာဂါတ်မျိုးဆက် အနေနဲ့ တည်ရှိနေသည်။ ဟန်ဆောင်ကောင်းတယ် ဆိုတာ ဘုရင်ကြီးက သိထားပြီးဖြစ်ပါလိမ့်မည်။

“မင်းလဲသိပါတယ်။ ကျွေ့ကဝံပုလွေတွေဘယ်လောက်ကောက်ကျစ်ပြီးကိုယ်‌ေတာ်တို့ရှင်းတိုင်းပြည်အ‌ေပါ်ပြဿနာရှာလဲဆိုတာ။မကြာသေးခင်ကပဲ ကုန်သွယ်တဲ့လမ်းကိုဖြတ်တောက်ပစ်ပြီး မြစ်ဝါအထိ သူတို့နယ်နိမိတ်ကိုကန့်သတ်လိုက်တယ်”

ချူယွင် ဒီအကြောင်းတွေအားလုံးသိခဲ့ပြီး ဖြစ်သည်။ သူ့ရဲ့ဖခင်က အမြဲလိုလို အခြေနေ အရပ်ရပ်ကို သူ့အားသိစေသည်။

မကြာသေးခင်က သူ့ရဲ့အမေက သတိကေးခဲ့သည်။ ချူယွင်က ရုံးတော်ကိုဝင်နိုင်တဲ့သူ ဖြစ်စေရမယ်တဲ့။ ကိစ္စအရပ်ရပ်ကို လုပ်ကိုင်နိုင်ခွင့်ရှိတဲ့ သူဖြစ်အောင် သူကြိုးစားရလိမ့်မည်။

ချူယွင်ရဲ့မိခင်သည်လဲ အရှင်မင်းကြီးက ချူယွင်ကို အခေါ်လွတ်တယ်‌ဆိုတော့ အင်မတန်ဝမ်းသာနေခဲ့သည်။
“အရှင်မင်းကြီး။ကြီးမြတ်တဲ့ရှင်းတိုင်းပြည် ဖြစ်ဖို့အတွက် အခုလို စမ်းသပ်မှုတွေက်ု အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်မှာပါ”
ချူးယွင်ဦးခေါင်းငုံ့ထားတဲ့အတွက် သူ့ရဲ့ ဦးရီးတော် အရှင်မင်းကြီးရဲ့ နူဝ်ခမ်းဖျားတွင်ဟန်ဆောင်အပြုံးတစ်ခု ဖြတ်ပြေးသွားသည်ကို မမြင်တွေ့ လိုက်ပေ။

“ဒါကြောင့် ကိုယ်တော်တို့”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now