Part 19 (မြေခွေးရဲ့ကိုယ်လုံးတီး အခြေအနေ ကိုလိုချင်တယ်)

814 62 0
                                    

Unicode version

တနေ့လုံးတယောက်နဲ့တယောက် အနှောက်အယှက်မရှိ ဖြတ်သန်းလာပေမယ့် ချူယွင်သည် သူ၏ အခန်းမှာ တိတ်တဆိတ်ပင် စာတချို့ကို လေ့လာနေ သည်။ အမှန်တော့ ရှောင်ကျိုက်သည်လဲ ချူယွင် ဘာကြောင့် ကြောင်ဖြူလေးကို မထိလဲ ဆိုတဲ့လျို့ဝှက်ချက်က်ု ဖော်ထုတ်ရန် ကြိုးပမ်းနေသည်။

ချူယွင်က သူ့ကို အိမ်တော်တခုလုံးခွင့်ပြု ထားသည့်အတွက် ရှောင်ကျိုက် ဝမ်းသာ သည်။ ထို့ကြောင့် လွတ်လွတ်လပ်လပ် နေရန် အဆင်ပြေသည်။ အိမ်တော်ရဲ့အနောက် ဘက်မြေနေရာကွက်လပ်တွင် သီးပင်စား ပင် များစိုက်ပျိုးရန် နေရာလေးရှိသည်။ သီးပင်စားပင် မျိုးစေ့များဝယ်ယူ ကာ ပတ်ကျဲ ထားလျင် အချိန်တန်သည်နှင့် မြေကြီး ထဲမှပေါ်ထွင်လာမည်ကို။စိတ်ကူးရင်း ကျေနပ်နေသည်။

ရှောင်ကျိုက်သည် လက်ရှိမှာ အလုပ်လက်မဲ့ လူတန်းစားပါ။ သူ့ခမည်းတော်ရဲ့ စည်းမျဉ်း အောက်မှာပဲ  နေထိုင်သွားရလိမ့် မည်။ စစ်ရေးစစ်ရာ အရာရှိအနေ နဲ့ခန့်အပ်ခြင်း မရှိဘဲ ရှောင်ကျိုက် ဘာအလုပ် မှလုပ်ရန် မလိုအပ်ပေ။

အိမ်တော်ရဲ့ ခြံဝန်းကို သူဂရုစိုက်ရမည်။ ပန်းပင်နှင့် တခြားသော အပင်များဖြင့် ခြံ ဝန်းကိုအလှဆင်ရမည်။ ယခုအနေ အထားထက် နေချင်စဖွယ်ကောင်းမည့် နေရာအဖြစ်သို့ ရောက်နိုင်ပါလိမ့်မည်။ ကိုယ်တိုင်က ထီးနန်းရရှိရန်မလွယ်ကူတဲ့ အတွက် ကိုယ့်အချိန်ကိုယ် အလုပ်ပေးခြင်း ဖြင့် အချိန်ကုန်စေရမည်။

နောက်တနေ့ မနက် မရောက်ခင်အထိ တနေ့လုံးကို ပျော်ရွင်စွာဖြတ်သန်းလာနိုင် ခဲ့သည်။ နောက်တနေ့ မနက် တွင် အိမ်ရှေ့ အဝင်တံခါးရှေ့တွင် ချူယွင်ကို တွေ့ရသည်။ ရှင်းတိုင်းပြည်သို့ ပြန်ရန်အတွက် သူနဲ့အတူ မြင်းလှည်းထဲဝင်‌ ရန်စောင့်နေခြင်းဖြစ်သည်။

“သွားရအောင်။ မဟုတ်မှလွဲရော ခရီးကို  ရက်ကြာကြာ ဖြစ်အောင် အချိန်ဆွဲချင် တာလား”

ထိုသို့ ပြောပြီး မြင်းလှည်းပေါ် အရင် တက်သွားသည်။ သူမြင်းလှည်းပေါ် တက်ခါနီး အစေခံတယောက် ရှောင်ကျိုက် နားရောက်လာပြီး

“အရှင့်သားကိုသတင်းပို့ပါတယ်၊ဒီမနက် ကြင်ယာတော် ရဲ့ခြေထောက်ပေါ်ကို ကြောင်ဖြတ်သွားတဲ့အချိန် မနှစ်မျို့တဲ့ အနေအထား ကိုတွေ့ရပါတယ်”

အစေခံသတင်းပို့လာသည့်ပုံစံက ရှေ့တန်းစစ်စခန်းမှာ အရေးကြီးကိစ္စကို အများသူဌာ မကြားစေရန် ပြောဆိုသော အသွင်ဖြစ်သည့်အတွက် ရှောင်ကျိုက် ပြုံးမိ သည်။ ထိုအစေခံရဲ့ အသွင်အပြင်က ဆံပင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထာပြီး အမြင်ဖြတ်လတ်သည်ြ အသွင်ရှိသည်။ တခြားသူတွေထက် အကင်းပါးပြီး အခြေအနေကို နားလည်နိုင်သူ ဖြစ်တာကြောင့်

“မင်းနာမည်ဘယ်လိုခေါ်လဲ”

ထိုအစေခံက ကိုယ်ကို မတ်ပြီး

“ကျတော်မျိုးနာမည် အမှန်က ဖန်းပါ”

“ဒါဆိုရင်။မင်းကို ဖန်းအာလို့ခေါ်မယ်။ ဒီနေ့ကစပြီး ကြင်ယာတော်နဲ့ပါတ်သတ်တဲ့ အခြေအနေမှန်သမျှ ငါ့ကိုသတင်းပို့ရမယ်။ သူတနေ့လုံးဘာလုပ်တယ်။ ဘာကိုင်တယ်။ ဘယ်ကိစ္စကို စိတ်မကြည်ဘူး။ ဘယ်လိုအကြောင်းအရာတွေကို သူသ‌ဘော ကျတယ်က အစ”

ထိုအစေခံမှ ကိုယ်ကို အနည်းငယ်ကိုင်းကာ

“အရှင့်သားရဲ့အမိန့်အတိုင်းလုပ်ဆောင်ပါ မယ်”

ရှောင်ကျိုက် မြင်းလှည်းပေါ် တက်လာပြီး ချူယွင်နှင့် မျက်နှာချင်းဆိုင် တွင် ဝင်ထိုင်ကာ စောနက အစေခံရဲ့ သတင်းပို့ မူကြောင့် ပြုံးနေမိသည်။

“မင်းဘာပြုံးနေတာလဲ” ဆိုသော ချူယွင်ရဲ့ အမေးက သူ့ဆီသို့ ကျရောက်လာ သည်။ ရှောင်ကျိုက်က ဘာမှမဟုတ်ပါဘူးဆိုတဲ့ သဘောဖြင့် ခေါင်းခါကာ အပြင်ဘက်သို့ ပြတင်းဖွင့်ပြီးကြည့်သည်။ တချိန်တည်းမှာ ပဲ မြင်းလှည်းက စတင်ရွေ့လျားလာပြီး ဟောက်လင်မြို့မှ ထွက်လာစေတော့သည်။

ချူယွင်ရဲ့ပုံစံက သူ့ခမည်းတော်လက်ဆောင် ပေးသော အမွေး‌နုနု ကြောင်ဖြူလေးရဲ့ အသွင်နှင့် ထူးမခြားနား ပါပဲ ဟု သူစဉ်းစား နေမိ တော့သည်။

&&&&&&&&

ခရီးလမ်းတလျောက် ရပ်နားရာ နေရာသည် ကလဲ ကျွေ့တိုင်းပြည်ကို လာစဉ်က ရပ်နား ခဲ့သည့် တည်းခိုခန်းမှာပင်။ သူတို့ဝင်ရောက်လာချိန်မှာတော့ အရဂ်နဲ့မတူဘဲ ပြောင်း‌လဲနေတာတွေ ရှိသည်။ သူတို့နှစ်ဦးဝင်လာသည်နှင့် တည်း ခိုခန်းပိုင်ရှင်က ပြူဌာစွာပြုံးပြပြီ။

“ဧည့်သည်အတွက် တခန်းပဲကျန်ပါ တော့တယ်”

ယခုခရီးစဉ်တွင် အစေခံများအားလုံးနှငိ့ ရှောက်ကျိုက်ရဲ့ ကိုယ်ပိုင်အစောင့် ရှောက် အနည်းငယ်သာလိုက်ပါလာပြီး ထိုသူတွေအတွက် တည်းခိုရန် လိုအပ်သေး သည်။ ထို့ကြောင့် တခြားတည်းခိုခန်း ကိုအလျင်အမြန်ရှာဖွေရန် ခိုင်းစေပေမယ့် နောက်ဆုံးမှာတော့ ချူယွင်က

“အခန်းယူမယ်”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now