Part 6 (သတို့သားကသတို့သားကို လာရောက်ခေါ်ဆောင်ခြင်း။)

938 91 0
                                    

Unicode version


ယခုမင်္ဂလာပွဲက သူ့ကို အားလုံးကအပြစ်ပေး ချင်တဲ့အတွက် စီစဉ် ထားသည်ဟု ရှောင်ကျိုက် တထစ်ချ ယုံကြည်ထားသည်။

သူတာဝန်ယူထားရသည်က ခက်ခဲကြမ်းတမ်းသော ရှင်းတိုင်းပြည် ဆီခရီး ထွက်ပြီး သူရဲ့ အနာဂါတ် ကြင်ယာ တော်ကို ကျွေ့တိုင်းပြည် ဆီ ပြန်လည် ခေါ်ဆောင်ပေးရန်ဖြစ်သည်။ ထို့ကြောင့် သူခရီးထွက်နေခြင်းဖြစ်သည်။

သူရဲ့ ဒမ် ခမည်းတော်မှ မင်းသားကျင်း ကိုပြူပြူဌာဌာ နူတ်ဆက်ပြီး ထီးနန်းရရှိဖို့ အတွက် အခွင့်အရေးတရပ်ရှာဖွေ ဖို့ အားပေးလိုက်သေးသည်။ဘုရင်နှစ်ပါးရဲ့ ဆက်ခံ ခွင့်ရှိသူ မင်းသားနှစ်ပါးကို နိုင်ငံရေးအရူတ်အထွေးရဲ့ဓါးစားခံအဖြစ် ခေါ်သွင်းလာခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ် ယောက်က အနာဂါတ်မှာ အသုံးဝင်နိုင်သေးတဲ့အတွင် ဘေးသို့ကန့်ထုတ် ခြင်းလဲ မဖြစ်ရအောင်။ တိုင်းပြည်နှစ်ခုရဲ့ အကြီးအကဲတွေ စီစဉ်တဲ့မင်္ဂလာပွဲပါ။

ရှောင်ကျိုက် သူရဲ့ ဒမ်ခမည်းတော်ပြောတဲ့ စကားတွေကို မှတ်သားထားရန်ကြိုးစားပြီး လမ်းကျဉ်းများ။မက်စောက်သော တောင်တန်းများ၊ ကြမ်းတမ်းသောမုန်တိုင်း များကြားမှဖြတ်ကျော်လာပြီးနောက် ရှင်းတိုင်းပြည် သို့ရောက်ရှိခဲ့လေပြီ။ ပင်ပန်းနွမ်းနယ်နေပြီး နောက် နေသားမကျတဲ့ ပူနွေးသော ရာသီဉတု ကို ရုတ်တရပ် ခံစားလိုက်ရသည်။

အချိန်တခုကျော်လွန်ပြီးနောက် တော်ဝင် နန်းစောင့်တပ်ရဲ့သတင်းပေးမှုအရ မင်းသားကျင်းရဲ့အိမ်တော်ဆီသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတော့မည် ဆိုလိုချင်တာက အိမ်တော်ထဲ မဝင်ခင် တည်းခိုခန်းမှာ ခဏခန့် ဝင်နားပြီး မင်္ဂလာဝတ်စုံကို ဝတ်ဆင်ရမည် ဖြစ်သည်။

ရှောင်ကျိုက် မြင်းကိုပြန်ဆွဲပြီး ခုန်တက်ကာ အရှိန်မှန်မှန်လေးနှင့် စီးနင်းလာခဲ့သည်။ ရှောင်ကျိုက်အနေနဲ့ ဒီမင်္ဂလာပွဲကို ရှောင်လွဲလို့ မရနိုင်ဘူးဆိုတာ နားလည်ထားပြီး ဖြစ်ပေမယ့် ရှေ့ဆက်ဖို့ နှောက်နှေးနေခဲ့သည်။ဒါပေမယ့် သူရဲ့လူပျို ဘဝကို အချိန်နည်းနည်း ဆွဲပြီး မှ စွန့်လွတ် ရမယ်ဆိုလဲ မဆိူးပါဘူး။

“အရှင့်သား ဒီနေရာကနေ မင်းသားကျင်း အိမ်တော်ကို ရောက်ဖို့ အချိန်ယူရပါမယ်”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now