Part 16 (အိမ်အသစ်ကို မကြိုက်ဘူး)

410 57 0
                                    

Unicode version


ဝေါယာဉ်က ဟောက်လင်မြို့ထဲကို ဖြတ်သန်းနေသည်။ မြို့ထဲမှာရှိသော နေအိမ်။ ဈေး။ တရားရုံးတော်။ အထက်တန်းစား နေအိမ်များရှေ့မှ ဖြဝ်သန်းလာပြီး နောက်ဆုံးတွင်တော့ ယိုင်လုလု နံရံရှေ့သို့ ဝေါယာဉ်ရပ်တန့် သွားသည်။

ချူယွင်ရဲ့ အတွေးထဲမှာ တစုံတယောက်က သူ့တို့ရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေပြီဆိုတာ။ ချူယွင် ဆန္ဒရှိခဲ့သည်က သူမျှော်မှန်းထား သည်ထက် တဝက်ခန့်တော့ ပြီးပြည့်စုံ မည် ပေါ့။

ကျိုးပဲ့ဆွေးမြေ့နေသော ဝင်ပေါက် တံခါးရဲ့ အပေါ်မှ သစ်သားဆိုင်းဘုတ် တွင်ရေးထား သည်က

“မင်းသားပေ ၏အိမ်တော်”

ချူယွင် ဝေါယာဉ် မှလိုက်ကာစကို ဖယ်ပြ္း ထိုဆိုင်းဘုဒ်ကို ဖတ်ပြီးနောက်

“ဒီအိမ်က မင်းနဲ့ဆွေမျိုးတော်စပ်သလား”

ရှောင်ကျိုက်ထိုသို့မေးခံရသည့် အတွက် သွား ကြိတ်ကာ ဒေါသကို ထိန်းချုပ်ထား သည်။

ချူယွင် မကျေနပ်ဖြစ်နေသည်ကို သူ သတိမပြူတော့ဘဲ

“ဟုတ်တယ်။ငါ့ဦးလေး ရဲ့အိမ်တော်။ ငါ ငယ်ငယ်လေးကတည်းက တိုင်းပြည် သစ္စာဖောက် အနေနဲ့ သေဒဏ်ပေးခံခဲ့ ရတာ။ အခုထိ ဘယ်သူမှမနေဘူး”

ချူယွင် အသက်ကို ဝဝရူပြီး

“ဒါက”

ဆိုင်းဘုတ်ကို လက်ညိုးနဲ့ ထိုးပြီး

“ငါတို့ကိုသတိပေးတဲ့သဘောပဲ”

ရှောင်ကျိုက် သူ့ရဲ့လက်နှစ်ဖက်ကို ချူယွင် ပုခုံးပေါ် တင်ပြီး

“တူညီတဲ့အဆုံးသတ်မျိုးငါတို့ ရောက်သွားဖို့ မလိုအပ်ပါဘူး”

ချူယွင်ကို ပြုံးပြပြီး

“ဒါက သတိပေးချက်ဆိုလဲ အိမ်အသစ်ပဲလေ။ မင်းက မင်းယောက်ျားကို ဘာလုပ်စေချင် တာလဲ”

ထိုအခါ ချူယွင်ကလေသံနိမ့်ပြီး

“ငါမင်းကို နောက်ပြန်လှည့်စေချင်တယ်။ မင်းကမင်းသားတပါးဖြစ်တဲ့အတွက် ကြီးကျယ်ခန်းနာမှုတော့ရှိရမယ်။”

“ငါ့တို့ဘက်က ထည့်ပေးတဲ့ မင်္ဂလာခန်းဝင် က လမ်း တလမ်းလုံးကို ဝယ်လို့ရတယ်။ အခုလိုညစ်ပါတ်နေတဲ့နေရာမှာ နေဖို့ မလို ဘူး”

ချူယွင် ပြောတာ အားလုံးမှန်ကန်သည်။ သို့သော် ရှောင်ကျိုက်အနေနဲ့က လွယ်ကူတာထက် ယခုလိုအခြေအနေကို ပိုကြိုက်သည်။

“ဒီအိမ်တော်က ငါ့ရဲ့ ခမည်းတော် ငါကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးထားတာ။”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Kde žijí příběhy. Začni objevovat