Part 33 (မြေခွေးအတွက်လုပ်ဆောင်ချက်တခု)

368 12 3
                                    

Part 33

Unicode version

ချူယွင်သည် ကျွေ့တိုင်းပြည်ကိုရောက်သည်နှင့် ဒီလိုအတင်းအဖျင်းမျိုးကိုကြားရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီလူတွေကတော့ ကုတ်နဲ့ကော်ထုတ်လို့သွားမည့်သူတွေမဟုတ်ပေ။ ကုဝေနှင့် မယ်တော်ကြီးတို့ ညစာစားသုံး သည့်အချိန်တွင်တော့ တကယ်ကိုသည်းမခံနိုင်ပေ။ ချူယွင်အနေနဲ့ မယ်တော်ကြီးရဲ့ အကြည့်အောက်ကနေ မလွတ်မြောက်နိုင်သောကြောင့် စိတ်ကို ဒုံးဒုံးမချနိုင်ပေ။

ရှောင်ကျိုက်နှင့် သူ့ရဲ့ တန်ခမည်းတော် တို့ရဲ့အသံတိတ်ဆက်သွယ်ချက်တွေကိုလဲ မြင်နေရသည်။ ဘာဆိုတာမသိရတဲံ့အတွက် အဲဒါကို သူအစိုးရိမ်ရဆုံးဖြစ်သည်။ ရှောင်ကျိုက်အနေနဲ့သူ့ခမည်းတော် သူ့အပေါ် သိသိသာသာ မျှော်လင့်ချက်ထားသည့် အခြေအနေကို ကောင်းစွာနားလည်သဘောပေါက်သည်။ အကယ်၍ ကုဝေက ချူယွင်ရဲ့အသက်ကို လိုချင်တယ်ဆိုရင်တောင် ရှောင်ကျိုက်က တွေဝေခြင်းရှိမည် မဟုတ်ပေ။

သူသတိထားဖို့လိုအပ်သည်။သူ့ထက် ကုဝေရဲ့ အကြည့်ကသိသိသာသာ လွှမ်းမိုးနေသည်။ နောက်ဆုံးတော့ စား သောက်၍ ပြီးစီးသွားသည်။ မယ်တော်ကြီးနဲ့ ကုဝေသည် မြင်းလှည်းတခုထဲဖြင့် အတူတူလာပုံရသည်၊ ပြီးတော့ လမ်းကြောင်းတခုထဲ ဖြစ်ပုံရသည်။

"မနက်ဖန် မင်းတို့နှစ်ယောက် ရောက်လာမယ်လို့ ငါမျှော်လင့်တယ်"

မယ်တော်ကြီးမိန့်တော်မှုပြီးနောက် သူ့ရဲ့မြေးတော်နဲ့ချူယွင်ကိုပြုံးပြသည်၊ ထို့နောက်တွင်တော့ အစေခံများက မြင်းလှည်းဆီသို့ ပို့ဆောင်သည်။

"ငါတို့အနေနဲ့ ဒီလို အရေးကြီးတဲ့ ပွဲတော်မျိုးကိုမလွဲချော်သင့်ဘူးမဟုတ်လား အရှင့်သား"

"ဟုတ်တာပေါ့၊မရေတွက်နိုင်တဲံသူတွေ တက်ရောက်မဲ့ပွဲမှာ မင်းအနေနဲ့ သိသာထင်ရှားနေသင့်တယ်"

မယ်တော်ကြီးက အဓိပ္ပာယ်ပါသည့် အပြုံးမျိုးဖြင့် ပြုံးသည်။

ချူယွင် ထိုစကားကို နားလည်သဘောပေါက်သည်။ အကယ်၍ ကုဝေနဲ့ မယ်တော်ကြီးသာ ဒီနေ့ရောက်မလာခဲ့ ဘူးဆိုရင် စေ့စပ်ပွဲနဲ့ပတ်သတ်ပြီး ဘာမှသိရတော့မည် မဟုတ်ပေ။ မဟုတ်လျင် အစေခံတွေရဲံ အတင်းအဖျင်းကနေ တဆင့်ပဲ သူတို့ကြားသိရပါလိမ့်မည်။ထို့ကြောင့် ဒီအချက်ကြောင့်ကုဝေနဲ့ မယ်တော်ကြီး ရောက်ရှိလာခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Nov 03, 2023 ⏰

Add this story to your Library to get notified about new parts!

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now