Part 3 (ဝံပုလွေ အသိုက်အမြုံ)

1.2K 142 4
                                    

Unicode version


ဒုတိယမင်းသားလေးရှောင်ကျိုက် အတွက် အင်မတန် မခံသိမခံသာ ဖြစ်သော နေ့ရက်ပါ။ဇာမဏိ မျက်ဝန်းကိုပိုင်ဆိုင်ထားသူ ဖြစ်သည့်အပြင် မကျေနပ်ချက် ထောင်ပေါင်းများစွာကို ဆုတ်ကိုင်ထားခဲ့ရသည်။

တနေ့လုံး သူ့နူတ်ခမ်းသူ ဖိကိုက်ထားသည်။သူ၏ အသွင်သဏ္ဌာန်မှာ ယုံကြည်မှုအပြည့်နှင့်မီးပွား တစရှိရင်ကို မီးပုံ တခုဖန်တီးနိုင်လောက်သည့် စိတ်အနေအထားဖြစ်နေသည်။

အမှန်မှာ သူ့ရဲ့ဆန္ဒကို မမေးမမြန်းဘဲ သူ၏ ခမည်းတော်ရဲ့အစီအစဉ်ကြောင့် မကျေမနပ် ဖြစ်နေသည်မှာ ရက်သတ္တပါတ် တခု ကြာမြှင့် ခဲ့ပါပြီ။

ဒီနေ့မှာတော့ သူ့ကံတရားကိုချုပ်နှောင်ခံ ရသည့် ရှင်းတိုင်းပြည်နှင့် ငြိမ်းချမ်းရေး မင်္ဂလာပွဲ ကိုလူသိရှင်ကြားကြော်ညာခဲ့ဖြသ်း ဖြစ်သည်။

ရှောင်ကျိုက်ကသူ့ရဲ့အသိုက်အမြုံဖြစ်တဲ့ အိပ်ဆောင်မှာ သူဘာလုပ်ရင် အကောင်းဆုံး ဖြစ်နိုင်လဲ တွေးတောနေသည်။သူရဲ့လက်မှာ ကြွေထည်သေရည်ခွက် ကနေရာယူနေပြီး ခွက်ထဲကသေရည်မှာ တစ်စုံတယောက် မော့သောက် မည့်အချိန်ကာလကို စောင့်ဆိုင်း နေသည်။

ရှောင်ကျိုက်။ သူရဲ့ဇာမဏီ မျက်ဝန်း တစ်စုံကို အချိန်ကြာကြာဖိပိတ်ထားပြီး သူ့အိပ်ဆောင်အနီားအနားတွင်ပျံ့နှံ့ နေသည့် ထင်းရူးပင်အနံ့ကို ငြိမ်သက်စွာရူရှိုက်နေသည်။အသက်ကို ဖြေး ဖြေးခြင်းရူရှိုက်ပြီးသူရဲ့ ဒမ်။ ခမည်းတော်မှ သင်ကြားပြသထားသည့် အတိုင်းပြုမူနေသည်။

• ဒမ်= တိရိစ္ဆာန် တွင်အသုံးပြုသော မိဘ အရာကို ဆိုလိုသည်။ လူသဘောသဘာဝဆိုရင် Omega ကို ကိုယ်စားပြုပါသည်။

ပြောရမယ်ဆိုရင်ရှောင်ကျိုက် သူ့၏ ခမည်းတော် ရှိရာ တော်ဝင်နန်းတော်ကိုပ ပြောင်းရွေ့နေထိုင်လျင် သူရဲ့ အိမ်ရာထူထောင် ရေးအတွက် စိုးရိမ်ခဲ့ဖူးသည်။

လက်ရှိအခြေအနေမှ ထီးနန်းကို ရယူလိုစိတ်က သူ့ဆီတွင် တဝက်ခန့်တော့ ဆန္ဒရှိနေသေးသည်။နောက်ဆုံးမှာတော့ သူ၏ ခမည်းတော်မှသူ့ဘဝကို ချယ်လှယ်စေဖို့ ထိုးအပ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ကျားမျန်ယွဲ့ နန်းတော်ဆိုတာ ကျွေ့တိုင်းပြည်ရဲ့ ရတနာ တပါးဖြစ်သည်။ ဒါပေမယ့် ရှောင်ကျိုက် အတွက်ကတော့ ကလေးဘဝကထဲက ‌ကစားရာနေရာ၊ တိုက်ခိုက်ရေးလေ့ကျင့်ရာနေရာ။ ညီမငယ်လေးနဲ့ အတူတူ နေခဲ့တဲ့နေရာ ဖြစ်သည်။

နန်းရင်ပြင်။ တံတိုင်း။ စိမ်းလမ်းစိုပြေနေသော ဉယာဉ် ဆိုတာ သူ့အတွက် သူပိုင်ဆိုင်ရမည့် အရာဟူ၍ လောဘ တက်ဖွယ်ကောင်းပေးသည်။

ရှောင်ကျိုက်။ သူရဲ့အခန်းတံခါးဖွင့်သံနှင့် အတူ အထဲသို့ လှမ်းဝင်လာသော ခြေသံကို ကြားလိုက်ရသည်။ သူလှည့်ကြည့်ရန်လိုမည် မထင်။ သူ့ရဲ့ ခမည်းတော် ဖြစ်နေမည်ဆိုတာ အတပ် ပြော နိုင်သည်။

အချိန်ခဏခန့်ကျော်လွန်ပြီးနောက်။ ကုဝေ ‌သူ့ရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်သည်။ ‌ထို့နောက် သေရည်ခွက်ကို မြောက်ကိုင်ပြီး တကြိုက်တည်းမော့သောက်ကာ

"မင်း၊ အသုံးမကျတဲ့ကောင်"

သူ့ကိုအထင်အမြင်သေးတဲ့ အကြည့်နှင့် ကြည့်လာသည်။ရှောင်ကျိုက် သူ့ရဲ့သေရည်ခွက်ကို တရိုတသေမြှောက်လိုက်ပြီး သူ့ခမည်းတော် (ဒမ်)ရှေ့မှာပဲ ကုန်စင်အောင် မော့သောက်ပစ်သည်။

*ဆာ = တိရိစ္ဆာန်တွေမှာ အသုံးပြုတဲ့ အခေါ်အဝေါ်ဖြစ်သည်။ လူသား ဆိုလျင် Alpha ဟု အခေါ်ရှိမည်

ကုဝေက သူ၏သားတော်ရဲ့အမူအရာကြည့် ပြီး သဘောကျသည့်အတွက် မျက်နှာတွင်‌ေအရာင်‌ေတာက်ကာ အပြုံးပန်းဝေလာသည်။ ကုဝေ ငယ်ငယ်လေး ကတည်းက လက်ရှိ ဘုရင် နဲ့လက်ဆက် ခဲ့ခြင်းဖြစ်သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)حيث تعيش القصص. اكتشف الآن