Part 21 (အဆုံးသတ်ခြင်း)

563 44 0
                                    

Unicode version


နှစ်ဦးလုံး၏ အထွဍ်အထိပ်ကို နောက်ဆုံးအချိန်ကျော်ဖြဝ်ပြီးနောက် မသက်မသာ ဖြစ်နေခဲ့ရသည့် ကာလတခုကို အနယ်ထိုင်စေတော့သည်။

ချူယွင်မှ သူအချိန်ကာလတခုထိ မထုတ်လွတ် ဘဲထိန်းထားနိုင်သည်ဆိုသာ်ကို သက်သေပြနိုင်ခဲ့သည်။ ရာဂနိူးဆွခံထား ရတဲ့အချိန် သူ မည်သို့မသက်မသာ ဖြစ်နေသည်ကို ဖော်ပြရန်ဆန္ဒမရှိပေ။ ထို့ကြောင့် ရေ ချိုးစည်ရဲ့တဖက်ကို မှီထိုင် လိုက်ပြီး ရေပါတ်တိုက်ကာ ရေချိုးခြင်း ကိုစတင် သည်။ ရှောင်ကျိုက် က သူနဲ့မျက်နှာ ချင်းဆိုင်တွင် ထိုင်နေတာ မဟုဝ် ခဲ့လျင် မျက်ဝန်းတွေရီဝေဝေဖြစ်ပြီး သူ့မျက်နှာနီရဲနေမည်မှာအမှန်ပင်။

“ငါနိုင်တယ်”

ရှောင်ကျိုက်ရဲ့တုံးတိတိ စကားကြောင့် ချူယွင် မျက်ဝန်းတွေ အရောင်တောက် လာပြီး မျက်ခုံးများကွေးညွှတ် သွားသည်။ ရှောင်ကျိုက်က ရေချိုးတိုက်တဲ့အဝတ်ကို ယူပြီး ရင်ဘက်မှကြွတ်သားများအပေါ် ပွတ်တိုက်နေသည်။

“ငါနိုင်တာ။ မင်းအရင်ပြီးသွားတာလေ”

ကိုယ်ကို မတ်ပြီး သူ့ကိုဒေါသနဲ့ စိုက်ကြည့် မိသည်။ ရေချိုး၍ ပြီးစီးခါနီးမှ နှစ်ဦးကြားအကွာအဝေး တခုကိုဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။

“အဓိကရည်ရွယ်ချက် ကပြီးတာမပြီးတာမဟုတ်ဘူး။ အစကထဲက ဘယ်သူပိုကြီးလဲဆိုတာ ပြိုင်ခဲ့တာ မဟုတ်လား”

ချူယွင်စကားတုံ့ပြန်ရန် နူတ်ခမ်းပွင့်ဟလာ ပေမယ့် အားနည်းချက်တခုကို ပွင့်ဟလာစေ မည့်အရေးကြောင့် ကိုယ့်သူကိုယ် ထိန်းချုပ်လိုက်သည်။ ယခုထိ သူရှူံးတယ်ဆိုတာ ဝန်မခံသေးပါ။ ထို့နောက် အသံတိတ်လျက်ရေချိူးပြီးအရင် ဆုံးအပီ့းသတ် သည်။ သူ့နောက်ကျောကို ရှောက်ကျိုက်စိုက်ကြည့်နေသည်ဟုလဲ ခံစား မိသည်။

ချူယွင် အတွင်းဝတ်ကို ယူပြီး ကိုယ်ပေါ် အမြန် ဆင်မြန်းပြီး ကိုယ်ပေါ်မှရေစများ ကိုစုပ်ယူစေသည်။ ထို့နောက်

“ဝမ်အန်း (Good Night) (ကောင်းသော ညချမ်းပါ”

ဆိုပြီး ကုတင်ပေါ်ရဲ့တဖက်ခြမ်းဆီ ပစ်လှဲချလိုက်သည်။ နောက် ရှောက်ကျိုက် ဘက် လှည့်ပြီး မျက်နှာကို လက်မောင်း နဲ့ဖိအုပ် လိုက်တော့သည်။

&&&&&&&

ရှောင်ကျိုက်အတွက် စိတ်ခြောက်ခြားစေ သည့် ညဖြစ်သည်။ မသက်မသာ ဖြစ်စေသော မရင်းနှီးတဲ့အိပ်ရာပေါ်လှဲ လျောင်းရခြင်းက ပို၍ အဆင်မပြေနိုင်ပေ။ ညနေက ‌ချူယွင်ကို အနိုင်ယူနိုင်ခဲ့တဲ့ အတွက်သူပျော်ရွင်ရပေမယ့် သိသာစေသည့် အသွင်မျိုးတော့သူ မနေထိုင် ပေ။ ချူယွင်ကို ပိုင်ဆိုင်နိုင်ရန် အတွက် ချူယွင်ရဲ့ အဓိပ္ပယ်မရှိ ပြိုင်ဆိုင်မှု တွေမှာပါဝင်ဖို့ သူစိတ် မဝင်စားပေ။ ယခုတော့ ပထမ အကြိမ် သာမက။ ဒုတိယအကြိမ် ထိပါ သူပါဝင်ခဲ့သည်။ သူနဲ့ချူယွင်က ယောက်ျားသားများကဲ့ သို့ အရွယ်ရောက်ကြီးပြင်းလာသည် ဆိုပေမယ့် လူပျိုပေါက် အရွယ်မှာ စူးစမ်းချင်စိတ် ဆို တာတော့ ရှိနေသေးသည်။

ထို့နောက်တွင်တော့ နောက်ရက်တွင် သူတို့နား နေရာ နေရာတွင်ပဲ တဦးနဲ့တဦးထွေရာလေးပါး ပြောဆိုရင်း အချိန်ကုန်သည်။ အပြင်ဘက်က လူတွေအကြောင်းရာသီဉတု အကြောင်း စသည်ဖြသ့် စကားအမျှင်မပြတ်နိုင်ပေ။ ရှောင်ကျိုက်က သူ့ကိုာ ဘယ်မှာ ရပ်မလဲ ဘယ်မှာ စားမလဲဆိုသော မေးခွန်းများလဲ ပါဝင်လာသည်။

ရှင်းတိုင်းပြည်သို့ ခရီးဆန့်လာသည့် အချိန်အတွင်း တည်းခိုနေရာတိုင်းတွင် သူတို့ အတူတူရှိနေကြစမြဲပင်။ အိပ်မက်ထဲတွင် ချူယွင်ရဲ့  မြေခွေးမျက်လုံးနှင့် ဒေါသထွက်နေသော အသွင်အပြင်ကို မြင်ယောင် ခဲ့ပေမယ်ြ အမှန်တကယ်တော့ ဖြစ်မလာပေ။
အချိန်ကာလတခုကိုကျော်လွန်ပြီးနောက် လန်ကျိုးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာတော့သည်။

&&&&&&&&

ချူယွင်။
ရှင်းတိုင်းပြည် နယ်နိမိတ်ကို ဖြတ်ကျော်လာ စဉ် ကအင်မတန် ပျော်ရွင်မိပေမယ့် လန်ကျိုး မြို့တော်နားသို့ ရောက်လာစဉ်မှာ စိတ်မသက်မသာ ဖြစ်ခဲ့ရတော့သည်။ ရှောငိကျိုက်နဲ့ လက်ထပ်ထားသူ ဖြစ်သည့် အလျောက် သူ့ကိုအလျော့ပေးဆက်ဆံ ရမည်ဆိုသည်ကို သူမသိသလို လုပ်နေခြင်း ဖြစ်သည်။

“ငါတို့ရှင်းတိုင်းပြည်ရဲ့ ရာသီဉတုက ‌ပိုနေလို့ ကောင်းတယ်”

“ရှင်းတိုင်းပြည်ရဲ့ လေက ပိုပြီးလက်ဆက် တယ်”

“ငါတို့ နယ်စပ် စည်းကို ဖြတ်ကျော် လာကတည်းက ပိုပြီးအဆင်ပြေလာ တယ်လို့ ငါထင်မိတယ်”

“မင်း လန်ကျိုးမှာ အနားယူဖို့စဉ်းစားထား တာရှိလား။ လန်ကျိုးက အရမ်းလှတဲ့ မြို့တော်ပဲ။ လမ်းတွေတိုင်းမှာ ကျောက် နဲ့ခင်း ထားတာ။ တော်ဝင်မျိူးနွယ် တွေရဲ့ အိမ် ဆိုရင်လဲ မြင်တဲ့အတိုင်း အရမ်းခန်း နားတယ်”

ရှောင်ကျိုက်က သူပြောတာကို မကြား သလိုနှင့်

“တောင်ပိုင်းဒေသရဲ့ အဆောက်အဦးတွေက စိတ်ပျက်စရာပဲ”

ချူယွင်ရဲ့ ဒေါသတကြီးအော်သံနှင့် သတိပေးတဲ့ မျက်ဝန်းတစုံကို မြင်လိုက်ပေ မယ့် အရေးကြီးဆုံးက ချူယွင်ရဲ့ ပါးစပ်ပေါက်ကို ပိတ်နိုင်ဖို့ပင်။

‌”တောင်ပိုင်းရဲ့ တချို့နေရာတွေက အတော်ကိုအခြေအနေဆိုးပါတယ်။ ရှင်း တိုင်းပြည်မှာ ကျောက်ခင်းလမ်းထက် အဆင်မပြေတဲ့ နေရာတွေရှိမှာ အမှန်ပဲ”

သူပြောနာအမှန်ပါပဲ။ ချူယွင်ရဲ့ ဦးရီးတော် ဘုရင်မင်းမြတ်က မင်းသားတွေ၊ အမတ်တွေကို ပြဿနာများကို ဖြေရှင်းရန် ငွေကြေးအမြောက် အများ ပစ်ပေး ခဲ့ပေမယ့် သူတို့ရဲ့ အိတ်ထဲသို့ လက်လျို သွင်းတဲ့ အမတ်တွေကြောင့် အပြင်ပန်းသာ လှသည်။ အတွင်းပုတ်နေသည်ပေါ့။

“ဟုတ်သားပဲ။ ဒီနေရာမှာ ငါဦးဆောင်ခွင့် မရှိခဲ့တော့ ဖြစ်ချင်သလို ဖြစ်နေမှာပေါ့”

ချူယွင်ထိုသို့ ပြောပြီး လိုက်ကာစ ကိုဖယ် လိုက်သည်။ အပြင်ဘက်မှ အလှစိုက်ထား သော အပင်များကို အကြည့်ပို့ ထားသည်. ရှောင်ကျိုက် နှာတချက် မှုတ်ပြီး

“ငါနဲ့ လက်မထပ်ခင်က မင်းမှာလုပ်ပိုင်ခွင့် အပြည့် အဝရှိတယ်ဆိုတဲ့ပုံစံမျိုး ဟန်ဆောင် မနေပါနဲ့”

“မင်းကော ဘာထူးလို့လဲ”

ချူယွင် ပတ်ခနဲပြန်ပြောသည်။ နောက်

“ကျွေ့တိုင်းပြည်မှာက ဘီတာ တွေနေထိုင် မှုကြောင့် အခွန်ငွေရရှိတယ်လို့ ငါကြားဖူးတယ်။ အဲဒီအခွန်ငွေတွေက မင်းတို့ပြည်သူတွေအတွက် အကျိူးရှိစေတယ် ဆိုတာ မင်းသိမှာပါ”

ရှောက်ကျိုက်က

“အားလုံးကို အရှင်မင်းကြီးပိုင်ဆိုင်သွား တာ”

“ဒါကြောင့် နန်းတော် တံခါးဝ ကို အကျယ်ကြီး ဖွင့်ပေးပြီး ပြည်သူတွေကို မြင်စေချင်နေပြီ။နန်းတွင်းမှာ အခွန်ငွေတွေကို ဘယ်လိုသုံးဖြုန်းနေတယ် ဆိုတာကို”

နောက်ဆုံးတော့ ချူယွင် နူတ်ဆိတ် သွားတော့သည်။ သူတို့နှစ်ဦးလုံး စဉ်းစား ချင့်ချိန်ရမည် ဆိုတာ သေချာသလောက် ဖြစ်နေသည်။

&&&&&&&&&&&&

ရှောက်ကျိုက်။
မင်းသားကျင်းအိမ်တော်ကို ရောက်တဲ့အချိန် အတော်ကို ပင်ပန်း နေပါပြီ။ သူတို့ကိုကြိုဆိုရန် ပြင်ဆင်ထားသည် ကိုလဲတွေ့ရသည်။ အဝင်တံခါးဂိတ်တွေ ပန်းများနှင့်အလှဆင်ပြီး အနီရောင်ပိုး ဖဲများ အသုံးပြုထားသည်။

ပင်ပန်းနေတဲ့အသွင်ရှိပေမယ့် ယောက္ခထီး၊ယောက္ခမတော်များကို အပြုံးနှင့် နူတ်ဆက်ရန် နူတ်ခမ်းတွင် အပြုံး တခုကို အသေတပ်ဆင်ထား တော့သည်။ သားမက်တော် တယောက်အနေနဲ့ မာကျော နေသည့် အသွင်က နောင်တွင် သူ့ကို အနေရခက်စေမည် မှာ အမှန်ပင်။

ကျင်းသခင်မက ချူယွင် မြင်းလှည်းပေါ်က ဆင်းလာသည်ကို တွေ့သည်နှင့် မျက်ရည်များ စီးကျလာပြီး ချူယွင်ကို ပွေ့ဖက် ထားတော့သည်။

“သားလေး။ အရမ်းပိန်သွားတယ်”

ချူယွင်နဲ့ ကျင်းသခင်မတို့ရဲ့ အရပ်အမောင်းကွာခြားချက်ကြောင့် ချူယွင် ရဲ့ ကိုယ်ထဲတွင် နှစ်မြုတ်နေတော့ သည်။ ချူယွင်က သူ့မိခင်ကို ပြန်လည် ပွေ့ဖက် ထပြီး

“ကျတော်က ကျွေ့တိုင်းပြည်က အစား အသောက်တွေ ကျတော်နဲ့အဆင်မပြေ မှာပိုကြောက်နေတာ”

ရှောက်ကျိုက်နေရာမှာတင် လက်နှစ်ဖက် ယှက်ပြီး ရပ်နေရင်းသက်ပြင်းချ မိသည်။
အင်မတန်ရှည်လျားတဲ့ နေ့ရက် တခုကို ကျော်ဖြတ်ရတော့မည် မဟုတ်ပါလား
&&&&&&

To be continue.

Original Author Note
“ကံကောင်းပါစေ၊ရှောင်ကျိုက်။ အခုက ချူယွင် ရဲ့ပိုင်နက်ကို ရောက်နေတာ၊ ကုဝေမှာထားတာ မမေ့နဲ့နော်”


Zawgyi Version

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now