Part 32 (ဝံပုလွေရဲ့သတင်းဆိုး)

202 11 1
                                    

Part 32

Unicode Version

ရှောင်ကျိုက် ကိုယ်ကို မတ်ပြီး ထထိုင်လိုက်သည်။ သူရဲ့အဖွားဖြစ်သူမှာ သတို့နှစ်ယောက်ကို တွေ့ဖို့ စိတ်အား ထက်သန်နေပုံရသည်။ ထို့နောက် သူ့ရဲ့ ခမည်းတော်ကို တချက်ကြည့်ပြီး ချူယွင်ကဲ့သို့ လက်ဖက်ရည်ကို ဖြေးဖြေး ချင်းမော့သောက်လိုက်သည်။

မယ်တော်ကြီးသည် စာပွဲရဲံ ထိပ်ပိုင်းနေရာတွင် ဝင်ထိုင်သည်၊ အားလုံးကို ဝေ့ချီကျားစေ့များကို စတင်ကားမည့် သူပုံစံဖြင့် အားလုံးကိုဝေ့ကြည့်သည်၊ နောက်ထပ် ကျားစေ့ကို ဘယ်နေရာချရမလဲ ဆိုသည့် ပုံစံဖြင့်။ ရှောင်ကျိုက်ရဲ့ (တန်-အိုမီဂါ)* ဖခင်က သူ့ကိုဖိတ်ကြားထားခြင်းမျိုး မဟုတ်ဘဲ သူမကိုယ်တိုင် ဖိတ်ကြား ထားသည် နှင့် ဆင်တူနေသည်။

သူမပုံစံက ကျွေ့တိုင်းပြည်ဘုရင်မင်းမြတ်ကဲ့သို့ ကုဝေနှင့် ရှောင်းကျိုက်ကို ရန်ဘက်သဘောနှင့် ရင်ဆိုင်နေခြင်း မဟုတ်ပေ။ ဒါပေမယ့် သူမ ဘာတွေးနေလဲဆိုတာကိုတော့ သိနိုင်မည် မဟုတ်ပေ။တစုံတယောက်ကို သဘောကျသည့် ပုံစံဖြင့် ကိုယ့်သူကိုပြုံးလိုက်သည်က လူတိုင်းအတွက် ဆုံးဖြတ်ချက်ချဖို့ရန် ခက်ခဲသည့် အနေအထား ဖြစ်စေတာ့သည်။

သူမရဲ့အတိတ်ကလျို့ဝှက်ချက်များသည်။ သူမ ကံကုန်ဘုရင်နှင့် ဘယ်လိုလက်ဆက်ခဲ့သည်လဲ၊ သူမရဲ့အနှံ့ကြောင့်လဲ ဖြစ်နိုင်သည်။တခြားသော တန် တွေထက်ပိုပြီး အသက်ရှင်နိုင်ဖို့ကို ကြိုးစားခဲ့ရသည်မှာ အမှန် ဖြစ်လိမ့်မည်။

ရှောင်ကျိုက်သည် သူရဲ့အဖွားတော်ကို တွေ့ဆုံရသည့် အတွက် ပျော်ရွင်သည်ဆိုသည့် သဘောတော့ မသက်ရောက် စေပါ။လက်ရှီအနေအထားကဘာကြောင့်ဖြစ်တည် လာသည်ဆိုသည်တော့ သိချင်စိတ်များနေသည်။သူမကြောင့် ချူယွင်ကို မသက်မသာ ဖြစ်စေသည်မှာ အမှန်ပင် ဖြစ်သည်။

"စားကြရအောင်၊ ဒီဟင်းလျာတွေကို ပိုင်လျို့က အားလုံးစီစဉ်ပေးထားတာ ၊ ဒီဟင်းလျာတွေ အေးသွားရင် အလ ဟသ ဖြစ်စေလိမ့်မယ်" ထို့နောက် သူမရဲံ အင်္ကျီလက်ကို ပင့်တင်ပြီး ဟင်းလျာကို စတင်မျည်းစမ်းသည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now