Part 11 (မင်္ဂလာပွဲ)

629 65 0
                                    

Unicode version


ဟွားနန်ယီ ရဲ့စကားအဆုံး။ ကျွေ့ရိုးရာ မင်္ဂလာ ဝတ်စုံဝတ်ထားသော ကိုယ့်သူ ကိုယ် မူးမေ့သွားမတက် ထိန့်လန့်သွားခဲ့သည်။ သူ့ရဲ့ ဆံပင် ကို အစေခံများ ကိုင်တွယ် နေသည်ကို မလွဲရှောင်သာ ခွင့်ပြုထား ရသည်။

သူစဉ်းစားနေခဲ့သည့် အရာက ယခုစီစဉ်ထားသည့်မင်္ဂလာပွဲ ဆိုတာ ပြဿနာ အားလုံးဖြစ်စေသည့် သူ့ဘဝရဲ့ အစအဆုံးပါ။သူသိရှိထားသည့် အတိုင်း ကျွေ့တော်ဝင်မိသားစု နှင့် လက်ထပ်မယ့် အချိန် သို့ ရောက်ရှိလာပါတော့မည်။ အဘယ်ကြောင့် ဆိုသော် ရှောက်ကျိုက် သည် ‌မင်းသားတပါး ဖြစ်ပေမယ့် အိမ်ရှေ့စံ မဟုတ်သောကြောင့် တော်ဝင် မိသားစုဝင် ဟု အဆိုရှိသည်။

ချူယွင် အရူးတယောက်လို့ စဉ်းစားမိသည့် အကြောင်းအရာရှိသည်။ ထိုသည်မှာ သူနဲ့ရှောင်ကျိုက် နန်းတော် အပြင်ဘက်မှာ သီးခြားနေထိုင်ရမည်ဆိုလျင် နန်းတွင်း အရူတ်အ‌ထွေးမှာ ဝင်ရောက်ပါတ်သတ် မည်မဟုတ်။

မဟာဗြူဟာ အရဆိုရင် စစ်ဖြစ်ရမည်ထက် ပိုကောင်းတဲ့ အခြေအနေ တခုကို သူရွေးချယ်လိမ့်မည်။

အပြုံးအရယ်မရှိသော အစေခံများက ခန်းမ ဆီသို့ ဦးဆောင်လမ်းပြ ခေါ်ဆောင် လာသည်။ အနီရောင် အသုံးအဆောင်များ နှင့် ပြည့်နှက်နေရာ သူတယောက်တည်းဆို လျှင် မည်သည့်နေရာသို့ သွားရမည် ကိုသိမည် မဟုတ်။

သူ သတိထားမိသည့် အရာ တခုရှိသည်။ ထိုသည်က စစ်သွေးကြွ ဝံပလွေ ပုံစံ ထွင်းထု ထားသော တံခါးချပ် နှစ်ချပ်ပင်။ သူ့ရှေ့မှာတင် ပွင့်ဟသွားသည်။ ပင်မဆောင် တခုလုံးကို အနီရောင် အသုံးအဆောင်များ အသုံးပြုပြီး။ မင်္ဂလာပွဲ အတွက် မင်္ဂလာရှိစေရန် ရည်ရွယ်သည့် သဘောဖြစ်သည်။

ချူယွင်သည် မင်္ဂလာပွဲဆီသို့ တက်ရောက်လာသော ဧည့်သည် များကို မျက်နှာချင်းမဆိုင်ပေ။ သို့သော် သူသတိပြုမိသည်နှင့် ရွှေရောင်အနားဖြင့် အနက်ရောင် ဝတ်စုံဝတ်ထားသော။ အခွင့်ထူးခံနေရာတွင် ရှိနေသော။ ကျွေ့ တိုင်းပြည်၏ ဘုရင်မင်းမြတ်ကိုပင်။ နောက်ထပ် သတိပြုမိသည်က ပုလဲလုံး သီကုံးထားသော လိုက်ကာ အနောက်က သူ့(ရှောင်ကျိုက်) ကိုပင်။ထို့နောက် ပိုးသား ထိုင်ခုံတွင် ရွှေသရဖူ ဆောင်းထားပြီး ထိုင်နေ‌သော အမျိုးသမီးကို  သတိပြုမိသည်။ ထိုအမျိုးသမီးသည် ကျွေ့တိုင်းပြည် ၏ ဘုရင်မကြီး။ ဘုရင်မင်းမြတ်၏ မယ်တော်ဖြစ်ရမည်။

ရှောင်ကျိုက်ရဲ့ ဒမ် ခမည်းတော်က ဘယ်မှာ လဲ။ ဟွားနန်ယီပြောပြ ကတည်းက သူ အတွေ့ချင်ဆုံးသူမှာ ထိုသူဖြစ်သည်။
သူ့စိတ်ထဲ မတင်မကျ ဖြစ်နေသည်မှာ သူနဲ့ မျက်နှာချင်းဆိုင်မှာ ရှောင်ကျိုက် ရှိနေပြီး ခန်းစီးစဖယ်လိုက်သည်နှင့် ရှောက်ကျိုက်ရောက်ရှိလာသည်။

နန်းတော် ရဲ့ ဘဏ္ဌာစိုးမှ

“ဒုတိယမင်းသားလေး။ ရှောင်ဇီလန် ရောက်ရှိလာပါပြီ”

ဆိုသော အသံကြောင့် သူ့အတွေးများ ပျက် တောက်သွားသည်။

ရှောင်ကျိုက် ရောက်ရှိလာသည့်အခါ ဘုရင်နှင့် ဘုရင်မတို့မှလွဲ၍ ဧည့်ပရိတ်သတ်များအား လုံးထရပ် လာသည်။
သူသတိထားမိသည်။ သူရောက်လာချိန်ကလဲ။

“ရှင်းအိမ်‌ တော်မှ မင်းသားကျင်းရဲ့ သားတော်။ မင်းသားလေးချူမြောင်ယန်း ရောက်ရှိလာပါပြီ”

သူခန်းမအလယ်ကို လျောက်လာပြီး ရှောက်ကျိုက်ရဲ့ရှေ့တွင် ခြေစုံရပ်သည်။ မှုန်မှုန်ဝါးဝါး အနီရောင် ခေါင်းဆောင်ပါဝါ ကိုကျော်ဖြတ်ပြီး မျက်နှာအမူအရာ တခုကို ဖော်ပြ ဖို့အတွက် မဖြစ်နိုင်သော်လဲ။ ကိုယ်နေဟန်ထားဖြင့် ချူယွင် အဆင်ပြေကြောင်းတော့ ပြသ၍ ရသေး သည်။

ဘဏ္ဌာ စိုးရဲ့ နောက်ထပ် စကားတခွန်း ထပ်ကြားသည်။

“သတို့သားများ ရိုးရာဓလေ့ထုံစံ အတိုင်း လုပ်ဆောင်ရပါမယ်”

ချူယွင် လက်နှစ်ဖက်ယှက်ပြီး ကိုယ် အနည်း ငယ်ကိုင်းသည်။ ဒါပဲ။ ပြီးတော့မှာပါ။ နောက်ဆုံးအဆင့်ကိုရောက် နေပါပြီ။ နောက်ပြန်မလှည့်တော့ပေ။ ယခုချိန်တာ ။သူရဲ့မိသားစု၊တိုင်းပြည်နှင့် ဘုရင်မင်းမြတ်ကို အရှက်ရစေမယ်ဆိုရင် ကျိန်းသေ ကွာရှင်းခံရမည်သာ။

ဘဏ္ဌာစိုးမှ

“ပထမဆုံးကောင်းကင်နှင့် မြေကြီးကိုဂါဝရပြုပါမယ်”

ချူယွင် လက်နှစ်ဖက်ကို ထပ်တင်ပြီး ဒူးထောက်က ကိုယ်ကိုညွှတ်ချလိုက်စဉ် သူ့ရဲ့အကြည့်က ရှောင်ကျိုက်ရဲ့ အနီရောင် မင်္ဂလာ ဝတ်စုံပေါ် ကျရောက်လာပြီး ဖြူဖွေးဖွေးလက် တစုံက သူ့မြင်ကွင်းထဲ ရောက်ရှ်လာသည်။

&&&&&&

မင်္ဂလာပွဲ မြန်မြန်ဆန်ဆန်နှငိ့ ပြီးဆုံးသွားပြီး သူ့ကို မင်္ဂလာခန်းသို့ အစောင့်အရှောက် များ နှင့် အလျင်စလို ပြန်ပို့သည်။ ဆို‌ တော့ ထိုအခန်းတွင် ဧည့်သည်များကို ဧည့်ခံနေသော ရှောက်ကျိုက်ကို စောင့်ရမည့် သဘောပင်။

ဤ အရာက ကျွေ့နဲ့ရှင်းရဲ့ကွာခြားချက် ဖြစ်သည်။ ရှင်းတိုင်းပြည်တွင် နှစ်ယောက်အတူ ပရိတ်သတ်များကို ဧည့်ခံသည်။ စားသောက်ပွဲ တွင် အတူတကွ ပါဝင်ရသည်။ ခေါင်းအသွင်သွင် ခါမိပြီး မင်္ဂလာအိပ်ခန်းထဲတွင် သူ့ကိုတယောက်တည်း စောင့်စေတာက ဘာကို ရည်ညွှန်းနေတာများလဲ။

အနီရောင်ခန်းစီးစများ နံရံ တွင် တွဲ ချထားပြီး အဆောင်အဦးမျက်နှာစီးကို ပိုးထည်နီများသုံးထားပေမယ့် သူ့အတွက် ကြည့်ပျော်ဖွယ်မရှိပေ။

သူတယောက်တည်း အခန်းထဲတွင် တိတ်ဆိတ် စွာထိုင်နေရင်း ရှောင်ကျိုက် ရောက်လာလျင် ဘယ်ကနေ စပြော ရမည်နည်း ဆိုသည့် အချက်ကို စဉ်းစား မရပေ။
ရှောင်ကျိုက်က သူ့ရဲ့ ကြင်ယာတော်ဖြစ် လာပေပြီ။

အချိန်ခတ္တမျှ ကြာပြီးနောက် သူရဲ့ မင်္ဂလာ အိပ်ခန်းတံခါးခေါက်သံကို ကြားရသည်။ သူထင်သည်က သူ့အတွက် စားသောက်စရာ များ လာပို့သည်ပေါ့။ ထို့ကြောင့် သူဝင်ခွင့် ပြုသည်။

သူ့အံ့အားသင့်ခဲ့ရသည်။ အလုပ်သမားဝတ် စုံဝတ်ထားသော အစေခံတယောက်အစား ငွေဖြူရောင်တော်ဝင် ဝတ်စုံဝတ်ထားသော အမျိုးသား တဦးဝင်ရောက်လာခြင်းပင်။ ထိုသူရဲ့သွယ်လျလျ လက်ပေါ်တွင် စားသောက်ဖွယ်ထည့်ထားသော လင်ဗန်း တခုတင်ထားသည်။

ဇီးနှံ့ အသွင်ရှိသော အမွှေးနံ့တခု ချူယွင် နှာဖျားတွင်တိုးဝင်လာပြီး ရုဝ်ချည်းသူရဲ့ ဦးခေါင်း ကိုက်ခဲလာစေတော့သည်။ ထိုသူက ဒမ် တယောက်ပင်။ ချိူအီသော မွေးရနံ့ရှိသည်။ ရှင်းမှာရှိစဉ်က ဒမ် တွေ မှာ ယခုလို အနံ့မျိုးမရှိကြပေ။ရှင်းတိုင်းပြည် တွင် ချိူမွေးတဲ့အနံ့များရှိကြပြီး ထိုအနံ့မှာ ဆောင်း‌ရာသီတွင် ပွင့်သော ဇီးနံ့ ဖြစ်သည်။
ထိုအနံ့က ဝိုင်ကဲ့သို့ယဇ်မူးစေ သလို ကတိစာချုပ်တခု ရှိပြီးသားဆိုသည့် အသွင်ရှိသည်။အဲဒီထက်တော့ မပိုပါ။ဆိုလိုသည်မှာ Alpha တယောက်က သူရဲ့မိတ်ကို အမှတ်အသားပြုလုပ်ခြင်းကို ဆိုလိုသည်။

“အရှင့်သားကိုအနှောက်အယှက်ဖြစ်စေခဲ ရင် တောင်းပန်ပါတယ်။ ဒါပေမယ့် မရင်းနှီးတဲ့ပါတ်ဝန်းကျင်မှာတယောက်ထဲ ဖြစ် နေမယ်လို့ ကျတော်ထင်ပါတယ်”

ထိုအမျိုးသားက ယူဆောင်လာသော လင်ဗန်းကို အိပ်ရာရှေ့မှ ချူယွင်ထိုင် နေသော နေရာရဲ့ စာပွဲပေါ်သို့ အသား ချသည်။
ချူယွင်မတွေးတော နိုင်တော့ပေ။ ကျွေ့ တိုင်းပြည်မှာ ဆာ တယောက်ရှိနေသော နေရာသို့ ဒမ်က အလွယ်တကူ လာရောက် နိုင်သည်လား။ပြီးတော့ ယခုလို လက်ထပ်ပြီးစ ဆာ တယောက်ရဲ့အနားကိုပါ။

သူစိတ်မသက်မသာဖြစ်နေသည့် အတွက် ထိုအမျိုးသားက ပြုံးသည်။ ထိုသူရဲ့ မျက်ခုံးတဖက်ပင့်တက်သွားပြီး နူတ်ခမ်း မဲ့သွားသည်။ အသက်ကိုခန့်မှန်းကြည့်မယ် ဆိုရင် သူတို့ထက် အနည်းငယ်ကြီးမည် ထင်သည်။

“အခုဆိုရင် ကျတော်တို့က မိသားစု တွေ ဖြစ်နေပြီ။ အရှင့်သားက ကျတော့်ကို ကုဝေ လို့ခေါ်နိုင်ပါတယ်။ လောကသိ နာမည်ကိုတော့ မပြောတော့ပါဘူး”

ထို အမျိုးသားက ချူယွင်ထိုင်နေသော နေရာ နားမှာပဲ ရပ်နေပြီး လက်ဟန်ချေဟန် ပြပြီးစကားပြောသည်။ ထို့ကြောင့်

“ထိုင်ပါ”

ချူယွင် သူ့ကိုသတိထားရမည်။ ဟွားနန်ယီ ကြားထားသော ထိုသူနဲ့ပါတ်သတ်တဲ့ ကောလဟာလ က အများကြီးပင်။ ကုဝေရဲ့ လောကသိနာမည်က ပိုင်လျို့ပါ။
ရှောင်ကျိုက်ရဲ့ ဒမ်ခမည်းတော်ပါ။

အများသိကြတဲ့အတိုင်း နန်းတွင် ကြင်ယာ တော်ဆောင်ဆိုသည်မှာ ရက်စက်မှုများ နှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ထိုသူရဲ့ ဆာ သားတော်ကို ဘုရင်ဖြစ်စေချင်မည်သာ။ တချို့ကောလဟာလ အရဆိုရင် ကြင်ယာတော် သေဆုံးခဲ့သည့် ဖြစ်စဉ်မှာ ကုဝေ ပါဝင်ပါတ်သတ် နေသည်ဟူ၍ ဖြစ် သည်။

“ယောက္ခမတော်ရဲ့ကြင်နာမှုကို ကျတော် မျိုးခံစားမိပါတယ်”

ဘာပဲဖြစ်ဖြစ် ကုဝေသည် ချူယွင် နဲ့ထိပ်တိုက်တွေ့စေသည့် အခြေအနေ ထက်ပိုမို သင့်လျော်သည့် နည်းနှင့် အစီအစဉ် ချမည်သာ။

&&&&&&&&

To be continue
Original Author Note;

ကုဝေ အကြောင်းဟွားနန်ယီကြားလာခဲ့ သည့် သတင်းကအမှန်လား။ ကုဝေကို မုန်းတီတဲ့တွေက တမင်ချောက်ချပြီးသတင်းဖြန့်တာလား။
ကျွနိုပ်မပြောပြသေးဘူးနော်။ သိချင်ရင် အတူတူ ရှေ့ဆက်ရအောင်။


Zawgyi Version

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now