Part 5 (မျှော်လင့်ထားသည်ထက် ပိုမိုစောလျင်ခဲ့သည့် မင်္ဂလာပွဲ။)

773 98 0
                                    

Unicode version


ချူယွင်ရဲ့ဖခင်၊မင်းသားကျင်းရဲ့အမိန့် အရနန်းတော်ဂိတ်တံခါးကို ဖွင့်လစ်ပေးခဲ့ သည်။တဆက်တည်း ကျွေ့တိုင်းပြည်မှ သံအမတ်များဝင် ရောက်လာသည်။

ချူယွင် ရဲ့ အိမ်တော်က လူတွေကို တုန်လှုတ် သွားစေတဲ့ ကျွေ့နိုင်းပြည်၏ မြင်းလှည်းနှင့် မြင်းနက် ကြီးတွေကို အိမ်တော် ရှေ့ဖြတ်တဲ့အခိုက်အတံ့ အချိန်မှာ ကြည့်နေခဲ့သည်။ သူ့ဘေးတွင် ရှိနေသော ချူဟန့် က ကျွေ့တိုင်းပြည်ရဲ့ ကိုယ်စားလှယ်တွေ ဝတ်ဆင်ထားသော သားမွေးအထူကြီးကို ကြည့်ပြီး မျက်လုံး ပြူးနေသည်။

“ယခုချိန်မှာ ကျတော်တို့ရဲ့ရှင်းတိုင်းပြည် ရာသီဉတုက မဆိုးရွားသေးပါဘူး”

ချူဟန့် အသံကိုနိမ့်ပြီး သူရဲ့အကိုတော် ကြားနိုင်ရုံသာအသံထွက်သည်။

“သူတို့မပူအိုက်ကြဘူးလားမသိဘူး”

သူတို့သားမွေးတွေ ဝတ်ဆင်ထားပေမယ့် မသက်မသာဖြစ်ခြင်းနှင့် ပူအိုက်ခြင်း ဖြစ်နေတံ့ အမူအရာမရှိပေ။ အစောပိုင်းက ရွာထားသော မိုးကြောင့် အအေးဓါတ်ကို ထိုသားမွေးများက ကာကွယ်ထားသလိုပင်။

“နန်းတော်အပြင်ဘက်မှာ ‌မိုးရေစိုခဲ့မယ် ဆိုရင် သူတို့တွေ အပူရှက် ပီ့းသေသွားနိုင်လောက်တယ်”

ချူယွင် ကဲ့ရဲ့ပြစ်တင် သည့်သဘောနှင့် ပြောဆိုလိုက်သည်။ချူဟန့်က မျက်မှောင်ကုတ်လိုက်သည်။

“အကိုတော် အခုလိုပြောလိုက်တာက အနာဂါတ်ခင်ပွန်းလောင်းရဲ့ လူယုံတွေကို မကြားစေနဲ့နော်”

ချူဟန့်ရဲ့အသံလေးက တေးဂီတ အသွင် ဖန်တီးထားသလိုပင်။
သတိထားရမယ့် အချက်က ချူဟန့်နှင့် သူ၏အကိုတော် ရဲ့စကားကို ရယ်ရွင်စရာ ဟာသတခု အသွင်အနေနဲ့သာ မှတ်ယူကြမည် ဖြစ်ပြီး လှောင်ပြောင်ခြင်း အပြစ်တင်ခြင်း စသည်တို့ကို ပြုလုပ်မည် မဟုတ်သော်လည်း။

ကျွေ့တိုင်းပြည်မှ သံကိုယ်စားလှယ်အဖွဲ့ က်ုတော့ ဝိုင်းဝန်းစိုက်ကြည့်နေသည်မှာ ပြည်သူတွေရဲ့ အကြည့်က သူတို့တွေကို မီးလှောင်ပြာချ နိုင်သည် အထိ စူးရဲနေသည်။

မင်းသားကျင်းရဲ့အိမ်တော် ထိပါးမှုနှင့် ပါတ်သတ်လာခဲ့လျင် တိုင်းသူပြည်သား အများက မနှစ်သက်ကြပေ။ ထို့ကြောင့် သူ့တိုင်းပြည် ကိုယ့်တိုင်းပြည် ဘယ်လိုဘယ်ပုံကွာခြား သည် ဆိုသည် ကိုဝေဖန်နေကြခြင်း ဖြစ်သည်။

ချူယွင်က သူ့ရဲ့ မွေးရာပါအကျင့် ဖြစ်တဲ့ ယပ်တောင်ကို မျက်နှာ တဝက်ခန့်ဖုံးကွယ် ပြီး စောင့်ကြည့်နေတက်သလို။ ချူဟန့်က လဲ ယပ်တောင်တဖျက်ဖျက် ခက်ပြီး စောင့် ကြည့်နေသည်။ ညီအကိုနှစ်ယောက်  ‌နားလည်ထားသည်က ပြည်သူတွေထဲ ယခုလို နေထိုင် ခြင်းက သူတို့ဘယ်သူဆိုတာ ကျွေ့တိုင်းပြည်က လူတွေကို ဖုန်းကွယ်နိုင် ဖို့အခွင့်ကောင်းပင်။

ဒမ် (Omega) အတော်များများသည် ယပ်တောင်၊လက်ကိုင်ပုဝါ၊ စသည်ဖြင့် ရှူတ်ရှက်ခက်နေတက်ပေမယ့် ချူဟန့်သည် အမြဲလိုလို သူရဲ့အကိုတော်ရဲ့ အပြုအမူ အတိုင်းသာ နေထိုင်တက်သည်။

တခါတရံ ချူယွင် အပေါ် ချစ်စရာကောင်း အောင် ချွဲနွဲ့တက်ပေမယ့် တခါတရံ လူကြီးဆန် တဲ့အပြုအမူရှိသည်။

သံကိုယ်စားလှယ်သည် မင်းသားကျင်းနှင့် တွေ့ဆုံပြီး နူတ်ခွန်းဆက်ပြီးနောက် ရောက်တက်ရာရာပြောဆိုနေသည်။ ချူယွင် ရဲ့ဖခင်မှ သူတို့ရဲ့မင်္ဂလာကိစ္စနှင့် ပါတ်သတ်ပြီး နှစ်ဖက် မိဘ ကတော့ခန်း အကြောင်း ဆွေးနွေးနေသည်ကိုလဲ သတ်ထားမိသည်။
ဆွေးနွေးပွဲတွင် စိတ်မသက်မသာ ဖြစ်တယ် ဆိုပေမယ့် ချူယွင် အဆင်ပြေစေရန် ဆွေးနွေး နေသည်မှာ အမှန်ပင်။

“သူတို့ပြောတာက သားတော်ရဲ့မင်္ဂလာ ပွဲမှာ နှစ်ဖက် အပြန်အလှန်ကန်တော့ ဖို့အတွက် သားတော်နဲ့ပဲ ဆွေးနွေးချင်နေတယ်”

သူ့ကို လှမ်းပြောတာကြားလိုက်ပေမယ့် သံကိုယ်စားလှယ် နှင့် တခြားသော အကြောင်း အရာဆီကူးပြောင်းချိန်ထိ ချူယွင် တွင် အဖြေမရှိပါ။ ဘာမှတက် မလုပ် နိုင်တဲ့ အခြေအနေ တရပ် ဖြစ်လာ သည်။
မင်းသားကျင်းရဲ့အကြည့် တွင် အဓိပ္ပာယ်များသွာ ပါဝင်နေပြီး

“သံအမတ်တို့ နေထိုင်မယ့် နေရာမှာ ရဲမက် တွေက အပြည်ြ အဝ လုံခြုံရေး တာဝန်ယူပေးပါလိမ့်မယ်”

ချူယွင်နားလည်သည်။ သူ့ရဲ့ဖခင်မှာ ကြိုတင်ကာကွယ်မှု တခုကို စီစဉ် နေပြီဆိုတာ။

&&&&&&&&

ချူယွင်က သံအမတ် များသူ့ကို လာတွေ့ မည်ဆို၍ အဆင်သင့် နေရာယူထား နှင့်သည်။

“ကျတော့်ကို ကုန်း ဟု အခေါ် ရှိပါတယ်။ အရှင်မင်းသား”

ထိုအမျိုးသားမှာ ကျွေ့ထုံးတမ်းစဉ်လာ မင်္ဂလာပွဲ အသုံးအဆောင်များ ရဲ့ရှေ့တွင် သူ့ကို ဦးညွှတ်၍ နူဝ်ခွန်းဆက်လာသည်။
ချူယွင်အံ့အားသင့်သွားခဲ့သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now