Part 8 (ပထမဆုံးအကြိမ် ထင်မြင်ချက်တခု ဖန်တီးခြင်း။)

891 91 0
                                    

Unicode version


ကျွေ့တိုင်းပြည်ရဲ့ ဆာ(Alpha) တွေရဲ့ အနံ့က ချိုမွှေးနေမယ်လို့ သူ တကြိမ်လေးမှ မမျှော်လင့်ခဲ့ပေ။

ရှောက်ကျိုက်ရဲ့အနံ့က ဝုဘယ်ရီသီး သေရည် နံ့ပါ။ ထိုအနံ့က ယစ်မှူးစေသည်။  စိတ်စွမ်းအားကိုတိုးစေပြီး။ကြည်လင်လန်းဆန်းစေသည်။ထိုတင်မက ကြာကြာ ရူမိလျင် သေရည်မှုးသလို ဆွဲဆောင်နိုင် စွမ်းရှိသည်။ pheromones ‌ အတွင်းက ချိုမြိန်မှု ကို ဖုန်းကွယ်စေရန်။ ယစ်မှုးစေတဲ့အသွင် ဆောင်‌ေနခြင်း ဖြစ်သည်မှာ မငြင်းနိုင်ပေ။

ပထမဆုံးသော ချိုမြိန်သည့် ဝုဘယ်ရီဝိုင် နံ့က ချူယွင် နှာဖျားဆီသို့ ပထမဆုံးအကြိမ် လာရောက်ကလူကျီဆယ် ခြင်းဖြစ်သည်။
ရှင်းတိုင်းပြည်တွင် ဒမ် များသည် သစ်သီးနံ့ရှိပြီ။ဆာ များသည် ထင်းရူးပင် အနံ့ရှိသည်။ နှစ်မျိုးပေါင်းထားတဲ့အနံ့ဆိုလျင်လဲ သူသဘောကျသည်။ ရှောင်ကျိုက်က သူ့ကို ဝေါယာဉ် အတွင်းပို့ဆောင်စဉ် အချိန်ခဏလေးမှာပဲ သူတွေးတောမိခြင်း ဖြစ်သည်။

မင်္ဂလာဝေါယာဉ်က သူမျှော်လင့်ထားသိလို ပါပဲ။ သက်တောင့်သက်သာ နည်းနည်း လေးမှ မရှိပါဘူး။ယခုခရီးစဉ် မှာ သူ့အတွက် အဆင်မပြေကြောင်း ပြောချင်‌ေပ မယ့် ယခုချိန်မှာတော့ အတွေး လွန်နေသည့်အတွက် ဘယ်လိုစတင် ပြောဆို ရမည် ဆိုသည်ကို မသိတော့ပါ။

ရှောင်ကျိုက် မျှော်လင့်သလို ဖြစ်လား မဖြစ်လား ဆိုတာ စိတ်မဝင်စားပေမယ့် သူ့ကို ပထမဆုံး တွေ့လိုက်ရသည့် အချိန်မှာတော့ အမှတ်တမဲ့ ပြုံးလိုက်မိတဲ့အတွက် ဒီခရီးက သူထင်ထားသလို စိတ်ပင်ပန်းမှာ မဟုတ် ဘဲ အနည်းငယ်တော့ သက်သာစေလိမ့်မည်။ ဒီမတိုင်ခင်တော့ ချူယွင်က သူ့ထက် အရပ်မြင့်မယ်လို့ ထင်ထား ခဲ့ဖူးသည်။

အရင်က ချူယွင် ဆိုသူကို စိတ်ကြီးဝင်နေ တဲ့မင်းသားတပါးလို့ ထင်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ သူထင်သလို ဖြစ်မနေခဲ့ ပါ။ သူရဲ့မျက်နှာသွင်ပြင်ကပြုံးနေပြီး စိုးရိမ် စိတ် နည်းနည်းလေးမှ မရှိသည့် အသွင်ကို ဆောင် နေသည်။ သူ့အကြည့်တွေက ထိုးဖောက်မြင်နိုင်သည့် ပုံစံနှင့်စူးရှသည်။ မျက်ဝန်းထောင့်အနေအထားက  အရေးမပါ တဲ့အရာတွေအပေါ် ဉပက္ခာပြု နိုင်တယ်ဆိုတဲ့ ပုံစံပါ။

ချူယွင်ဘက်က ကြည့်လျင်သူတို့ချင်း ပထမဆုံးတွေ့ဆုံတဲ့အချိန်မှာ ခေါင်းဆောင်း ပုဝါ လွှမ်းခြုံထားတဲ့အတွက် အတိုင်းမသိဝမ်းသာနေတော့သည်။

ဝေါယာဉ်တချက်လှုတ်ခါသွားသည့် အတွက် အိမ်တော်ကနေ ထွက်ခွာလာပြီဆိုသော အသိကြောင့် အနီရောင်ခန်းစီးစကိုဖယ်ပြီး ကိုယ့်မိသားစုဝင် တွေကို ပြန်ကြည့်ချင် ပေမယ့် မသင့်တော်တဲ့ အပြုအမူပါ။ မင်္ဂလာ ဆောင်ပြီး သုံးရက်နေရင်တော့ ပေးပြန်မယ် ထင်ပါတယ်။ စိတ်မပါတဲ့ ခရီး တလျောက် သူသည်းခံပြီးစောင့်ရမည်။

ချူယွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်နေတဲ့အချိန် ချူဟန့် မျက်နှာမှာ ဝမ်းနည်းသည့် အသွင်အပြင် တွေ ကို သူမြင်ခဲ့သည်။ ယခုကဲ့သို့ ရှက်ရွံ့ဖွယ်ကောင်းတဲ့ အခြေအနေ၊ မနစ်မျို့စရာကောင်းတဲ့ အသွင်အပြင်ကို စိတ်မသက်မသာ ဖြစ်နေသည်ကို သူကြည့်နေသည့် မှန်ပေါ် မှ တစိတ်တပိုင်းတွေ့မြင်လိုက်ခြင်းပင်။ ချူဟန့်ရဲ့ အသွင်အပြင်က သူထင်ထား သလို ဖြစ်နေမည်ဆိုတာ မဖုန်းကွယ်နိုင်ပေ။

“ဒါက ဘာလဲ”

ချူယွင် မေးခွန်းထုတ်သည်။ ချူဟန့်က  အစေခံကို ခေါင်းညိတ်ပြပြီးထွက်သွားစေ သည်။ ချူဟန့်ခဏမျှ အဖြေမပေးဘဲ တိတ်ဆိတ်နေကာ။

“အခုအပြင်အဆင်က ကျတော့်လက်ထပ်ပွဲ မှာ ကျတော်ပြင်ဆင်ရမယ့် ပုံစံနဲ့ အတူတူပဲ ဆိုတာသိရဲ့လား။ တကယ်တော့ အကိုတော် ဒီကိစ္စကို ခေါင်းရှောင်သင့်တယ်’

ထိုစကားကြောင့် ချူယွင်က အပျော်အပျက် သဘောနဲ့ ရယ်လိုက်သေးတယ်။ တကယ်တော့ အခုအခြေအနေ ကို သူဝမ်းနည်းနေခြင်းဖြစ်သည်။

“ဟုတ်တယ်။ မင်းက ဒမ် (Omega) တကယ်တော့ ဒီအပြင်အဆင်က မင်းအတွက် ဖြစ်ရမှာ”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now