Part 24 (မြေခွေးအမှားလုပ်ခဲ့သည်)

391 39 1
                                    

Unicode Version

ရှောင်းကျိုက်။ သူ၏ မျက်နှာကို ချူယွင်ရဲ့အနံ့များဆွဲကပ်နေသည့် အိပ်ရာပေါ် အတင်းဖိကပ်ထားသည်။ချူဟန့်ရဲ့ သစ်ခွနံ့ကို သူ့စိတ်ခဲမှာအမြန်ပျယ်ပျောက်စေရန် အတွက် ထိုကဲ့သို့ပြု မူခြင်းဖြစ်သည်။ထိုအချိန်မှာပဲ သူ့ရဲ့ရှူတ်ထွေးနေသည့်အတွေးမှာတဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာသည်။ တဆက်ထဲ မီးလောင်ထားသည့် နေရာမှာအချိန်အတော်ကြာနေခဲ့ရသည့် ခံစားချက် ကြောင့်မအီမသာပင်။
ရေပူစမ်းတွင် သူနှင့် ချူဟန့် မည်သည့် အခြေအနေမှ မဖြစ်ခဲ့ဘူးဆိုတာရှင်းရှင်းလင်းလင်းသိရှိလာသည်။ ချူဟန့်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်(သို့မဟုတ်) တစုံတယောက်ရဲ့ ကြားဝင်စွက်ဖက်မှုကိုတော့ သူသေချာမသိသေးပေ။သို့ပေမယ့် မင်းသားကျင်း အိမ်တော်မှလူများမှာထိုသို့ တွေးထင်မည် မဟုတ်။

ချူယွင်ပြန်မရောက်လာခင်အထိ အချိန်မည်မျှ ထိကြာသွားသူကိုသူမသိတော့အပြင် တံခါးနှစ်ချပ် ထိစပ်ပြီးပိတ်လိုက်သည့်ဘအသံကြောင့် သူ့အတွေးများမှာ လက်ရှိအချိန်သို့ပြန်လည်ရောက် ရှိလာ‌တော့သည်။

"ချူဟန့်အိပ်ပျော်နေပြီ"
ထိုစကားကိုပြောပြီး ရှောင်ကျိုက် ထိုင်နေသည့် အိပ်ရာဆီသို့လျောက်လာပြီး သူ့ကိုအကဲခက်ကြည့်လာသည်။
"ငါ့မိဘတွေကို ပြောထားခဲ့ပြီ။ ဒါပေမယ့် မနက်ဖန် တော်ဝင်သမားတော်ရောက်လာတဲ့အချိန်မှ သေချာစစ်ဆေးကြည့်ရမယ်။ သူ့ကို..."

ချူယွင်တံတွေးမျိုချပြီးသွားကျိတ်ကာ
"ဆာ တယောက်ကထိတွေ့ခဲ့လားဆိုတာ"

ရှောင်ကျိုက်က
"မင်းရဲ့ညီကိုလက်ဖျားနဲ့တောင် မတို့ခဲ့ဘူး" ဆိုပြီး ချူယွင်ကိုပြန်လည်စိုက်ကြည့်သည်။ ချူယွင်က

"အဲ့တာပြဿနာမဟုတ်ဘူး။ငါ့ညီက တော်ဝင်မိသားစုဝင်။ ဒါကြောင့် အနာဂါတ်မှာ ခင်ပွန်းလောင်းရှာဖွေတဲ့အချိန် သူ့အတွက် မလိုလား အပ်တဲ့မေးခွန်းတွေနဲ့ ဘဝခရီးလမ်းအနှောက်အယှက် မဖြစ်စေချင်ဘူး"

ချူယွင် အိပ်ရာရဲ့တဖက်စွန်တွင်ထိုင်ပြီးသက်ပြင်းချသည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now