Part 28 (မြေခွေးကလေးထိန်းနေသည်)

305 22 0
                                    

Unicode Version

မနက်လင်းအိပ်ရာနိုးသည့်အချိန်တွင်တော့။

တမြို့လုံးမှာသူ့ကိုရှာခြင်းဖြင့် တနေကုန် ခန့် အချိန်ကြာပြီးနောက် လန်ကျိုးရဲ့နာမည်အပြီးဆုံးဆောင်ကြာမြိုင်မှာ အရက်မူးနေသည့်ရှောင်ကြိုင်ကိုသီးသန့်ခန်းဆီထမ်းပိုး ခဲ့ရသည်ဆိုသော အဖြစ်အမှန်ကို သူ မယုံကြည်နိုင်ဖြစ်နေခဲ့တော့သည်။

ဆောင်ကြာမြိုင်မှာရှိနေတဲ့ သူတွေရဲ့ အကြည့်ကို သူသတိထားမိသည်။ ရှောင်ကျိုက်ရဲ့လက်မောင်းကို သူ့ပုခုံးပေါ်တင်စေပြီး ပြည့်တန်ဆာတယောက် နဲ့ဆင်တူ နေသော အမူအယာ ဖြစ်စေနေကာ အပေါ်ထပ် သို့ ခေါ်ဆောင်သွားသည်။

ဆာ တယောက်က တခြားဆာ တယောက်ကို သီးသန့်ခန်းထဲ ခေါ်သွားသည့် ဖြစ်ရပ်ကို မမြင်ဖူးသည့် အသွင်ဖြင့်ကြည့်နေကြခြင်းပင်။

တချိန်ထဲမှာပဲ ရှောက်ကျိုက်‌အိပ်နေလောက် သေးသည်ဟု အတွေးဝင်ကာ ။သူ့ကိုအသုံးချပြီး အနီးအနားက အခန်းတွေမှာ သူတို့အကြောင်းဘာပြောနေလဲ နားထောင်ခိုင်း ရမည်။

သီးသန့်ခန်းတွေရဲ့သော့ကအလွယ်အကူပင်။ သူ့ရဲ့အတွင်းအိတ်ထဲကနေ ရယူပြီး ပြဿနာက တံခါးရှေ့ရပ်မှာရှိနေသည့် ရှောင်ကျိုက်က ပြဿနာပင်။

"တံခါးကိုကျော်ပြီးဝင်ခဲ့"

ရှောင်ကျိုက်ညီးတွားသံဖြင့် ပြောဆိုလာပီ့း တံခါးဘောင်ကို လက်တဖက်နဲ့ ဆန့်တန်းပြီးပိတ်ထားသည်။

"မင်းငါ့ကိုဘယ်နေရာကပြောနေတာလဲ" ချူယွင် သူ့ကိုမမြင်ရ၍ မျက်တောင်ပုတ်ခက်ပြီး အာရုံစိုက်သည်။ ထို့နောက်တော့

" လန်ကျိုးရဲ့နာမည်အကြီးဆုံးဆောင်ကြာမြောင်မှာ အခန်းယူထားတာကို မှတ်မိလား"

ရှောင်ကျိုက်က အရပ်မြင့်သူမို့ သူ့ရဲ့ မျက်တောင်တွေကို အပေါ်စီးမှမြင်ရသည်မှာ လဲအားသာချက်တမျိူးပင်။

"မင်းကငါ့အိပ်ရာပေါ်တက်ချင်တာလား"

ရှောင်ကျိုက်မချိုမချဉ်ပြုံးကာ။

"ဒါပေမယ့် ငါက လက်ထပ်ပြီးသားမို့ မင်းငါ့ကို ခွင့်လွတ်ပေးဖို့တော့လိုအပ်လိမ့်မယ်"

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Место, где живут истории. Откройте их для себя