Part 4 (လိုအပ်ချက်တခု)

915 107 0
                                    

Unicode version

ချူယွင်။ မင်္ဂလာလက်ဖွဲ့ နှင့်ပါတ်သတ်ပြီး ဆွေးနွေး နေသည့်အချိန်တွင် ရှိရှိသမျှ အရာအားလုံးလွင့်ထုတ်ပစ်ချင်သည်အထိ စိတ်ထဲမှာ အဆင်မပြေနေပါ။

“ကျင်းသခင်မရဲ့ တိုက်တွန်းချက်အရ ကျောက်စိမ်းတုံးကို မင်္ဂလာလက်ဖွဲ့ မှာထည့် သွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်”

“အမေ့ရဲ့ဆန္ဒက မင်္ဂလာလက်ဖွဲ့ သေတ္တာမှာ အဖိုးတန်ပစ္စည်း တွေနဲ့ ဖြည့်တင်းထား ဖို့ မဟုတ်လား” ချူယွင် ယက်တောင် တဖျက်ဖျက် ခက်ရင်းပြောဆိုသည်။

သူ အခန်းတွင်းမှ ပြတင်းပေါက် ဘောင်ပေါ်တွင် ထိုင်ပြီးသဘာဝ အလှတရားကို ရူ့စားကာ စိတ်အစဉ် ငြိမ်သက်စေရန် အတော်ကြိုးစား နေခဲ့ရ သည်။

အလုပ်မဖြစ်ပါဘူး။ သူရဲ့လူယုံနဲ့ အစေခံများမှ လက်ဖွဲ့တွင် ဘာထည့်သွင်း ရမလဲ ဆိုတာ တတီတီ မေးမြန်းနေသည့်  အတွက်ကြောင့် ဖြစ်သည်။

“ကျွေ့ဘက်က စေ့စပ် လက်ဖွဲ့ ရောက်လာခဲ့ ရင် ကျင်းသခင်မကို ပြသပေး ဖို့ ပြောထား ပြီးဖြစ်ပါတယ်”

ဘဏ္ဌာထိန်းက လေသံကို အနည်းငယ်ထိန်း ပြီး သူ‌ကြားစေရန်ထပ်ပြောလာခဲ့သည်။
ချူယွင် လက်ထဲက ယက်တောင်ကို ဖျက် ခနဲ သိမ်းလိုက်ပြီး သူထိုင်နေရာဘေးသို့ ဆတ်ခနဲ ချလိုက်ကာ

“မရဘူး။ကျတော်မကျေနပ်ဘူး။ ဘယ်လိုစီစဉ်စီစဉ် ကျတော် ကျေနပ်မှာ မဟုတ်ဘူး”

ဘဏ္ဌာ ထိန်းက ချက်ချင်းပဲ ဦးခေါင်းကို ညှတ်ကာ

“ကျတော်မျိုး မပြောသင့်တာပြောမိ ပါတယ်”

ချူယွင် စိတ်ပြန်ထိန်းလိုက်သည်။ သူရဲ့ သနားစရာဘဏ္ဌာ ထိန်းမှာ ဘာမှ မသိဘဲ ခိုင်းစေသည့် အတိုင်းဆောင်ရွက်နေရသည် မဟုတ်လား။ ထို့ကြောင့်

“စီစဉ်ထားတဲ့လက်ဖွဲ့ပစ္စည်းတွေက
သာ ထည့် လိုက်။ ကျတော်မိဘတွေပြောသလို လုပ်ရင် အဆင်ပြေပြီ”

“အရှင့်သ စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင် ပါမယ်”

ဘဏ္ဌာထိန်း ပြန်လည်ထွက်ခွာတော့မည် အပြု

“ကျတော့်ညီလေးပြန်ရောက်လာဖို့ အကြောင်း ဘာသတင်းကြားထားသေးလဲ”

“သခင်လေး မနက်ဖန် ရောက်ပါမယ်”

သနားစရာဘဏ္ဌာထိန်းရဲ့စကားကို အသိအမှတ်ပြုသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချူဟန့်က တော်ဝင် အမိန့်တော်ရောက်ရှိချိန်တွင် သူရဲ့ ‌စောင်းတီးခက်မှုတဲ့သင်ဆရာ နာမကျန်း ဖြစ်နေတဲ့အတွက် ခရီးထွက် ကာ သွားရောက် တွေ့ဆုံနေခြင်း ဖြစ်သည်။ ထို့ကြောင့် စာရေးအကြောင်း ကြားထားပြီး မင်းသားကျင်းရဲ့အိမ် တော်ကို အမြန်ပြန်လာစေရန် စာတွင် ရေးသား ထားသည်။

ရှင်းတိုင်းပြည်တွင် ဒမ်(Omega) ဆိုသည်မှာ အလွန်အဖိုးတန်ပြီး တန်ဖိုးထားခံရတသော လူတန်းစားဖြစ်သည်။ ပညာသင်ကြားရေး၊ကိုယ်ရေးသွေးကိစ္စ တွေနဲ့ အားလပ်သည်ကို မရှိပါ။ချူဟန့် ငယ်ငယ်ကလေးထဲက ရှင်းတိုင်းပြည်က ပန်းချီဆရာ၊ တေးဂီတ ဆရာများ နှင့် ရင်းနှီး ကြွမ်းဝင်ပြီးသားဖြစ်သည်။ သူရဲ့ရည် ရွယ်ချက်က နန်းတွင်းဝင်နိုင် ဖို့နှင့် သူ့ရဲ့နောက်လိုက် ဝမ်းကွဲ ညီအကို မောင်နှမတွေကို သင်တန်းပြန်လည်ပို့ချ ပေးရန် ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော ချူယွင် ရဲ့ အကြပ် အတည်းက သူရဲ့ ညီ ဖြစ်သူကိုတော့ လုံခြုံ စေနိုင်မယ့် အာမခံချက် တခုဖြစ်သည်။
ရှင်းတိုင်းပြည်မှ ဒမ်(Omega)များသည် ဗဟုသုတ‌ကြွယ်ပေမယ့်  အသည်းမာသော ကျွေ့ဝံ့ပုလွေများ၏ သားဖောက် ပေးဖို့သာ ဆက်ဆံခံရသူများ ဖြစ်လာလိမ့်မည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now