Part 12 (ယောက္ခမတော်ရဲ့ လက်ဆောင် လက်ခံရရှိခြင်း။)

570 65 0
                                    

Unicode version


ချူယွင်။သူရဲ့ ယောက္ခမတော်နှင့် အတူ စားသောက်ဖို့ အတွက် အသင့်ရှိနေသည်။ သူစားသောက်မည်ဆိုလျင် အနီရောင် ခေါင်းဆောင်းပုဝါကို  ဖယ်ရှားရမည် ဖြစ်သည်။ ချူယွင်စဉ်းစားနေမိသည်။ ကုဝေ သူ့ဆီကို စားသောက်ဖို့ အတွက် ချည်းကပ်လာတာ တခုထဲ မဖြစ်နိုင်‌ဟု‌။

သူစားသောက်နေတဲ့တချိန်လုံး သူ့ကိုစူးစူး ရဲရဲ စိုက်ကြည့်ပြီးစကားစမည် ပြောနေသည် ပင်။သူပြောဆိုနေတဲ့စကားက သာမန် ခင်ကြောင်းမင်ကြောင်းဆိုပေမယ့် ချူယွင် လှုတ်ရှားပုံအားလုံးကို နည်းနည်းလေးမှ အလစ်မပေးဘဲ စောင့်ကြည့်နေသည်။ သူ့ကိုမမေ့သွားအောင် နှလုံးသားထဲမှာ စွဲမှတ်ထားတော့ မလိုပင်။

ထိုသို့ပြုမူနေသည်ကို ချူယွင်ဘက်က သိချင်စိတ်ရှိပေမယ့် မေးခွန်းမထုတ်ဖြစ်ခဲ့ ပေ။

ကုဝေသည် သူရှင်းတိုင်းပြည်မှာ တွေ့ခဲ့သော ဒမ်များနှင့် မတူချေ။ ကုဝေ ပုံစံက အေးတိအေးစက် ဆက်ဆံတက်တဲ့ အသွင်ရှိပြီး သူရဲ့သက်တော်စောင့်များသည်ပင်လျင် သူနဲ့လက်တကမ်းမှာ အမြဲတမ်းရှိနေရ သည်။ ယခု သူနဲ့ရှောင်ကျိုက် လက်ထပ် လိုက်တော့ ကုဝေ အနေနဲ့ သူ့သားရဲ့ ကြင် ယာတော်ဖြစ်လာသည့် ချူယွင်ကို အေးတိအေးစက် ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်သည်။

တခြားရှိသေးလား။

ကိုယ်လုပ်တော်တွေရဲ့ အတင်းအဖျင်း မှာပါဝင်တဲ့အတိုင်း ကုဝေရဲ့လက်ချောင်း မှာ သွယ်လျလျလေးဖြစ်နေပြီး အသားအရည်မှာ အတော်နူးညံ့သည်။ ကုဝေရဲ့ အသားအရည်က နေ့အချိန်မှာ နေရောင်ထဲ မထွက်ဘဲ နေထိုင်တဲ့အသွင်ရှိသလို။ သူရဲ့သားတော်ထက် ပိုမိုကြီးလေးတဲ့ တာဝန်တခုကိုထမ်းဆောင်ထားရသည့် အသွင်ရှိသည်။
သူရဲ့ တော်ဝင်ကြင်ယာတော်နေရာကို တခြားသူဆီမပေးနိုင်တဲ့အထိ တွန့်တိုတယ်လို့ ကြားသိထားသည်။

“မြောင်ယန်းက အတော်လေးကို စဉ်းချင် တွေးတောတက် သူပဲ”

သေရည်ခွက်ကို မြှောက်ပြီး သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ မော့သောက်သည်။

“အမြဲတမ်းတိတ်ဆိတ်နေ‌ေတာ့တာပဲ”

ချူယွင် ထိုမေးခွန်းကိုပြန်ဖြေရန် သေရည်ခွက်ကို ချလိုက်သည်။ နန်းတော် ထဲမှာ လူဦးရေထူထပ်လာတာနဲ့ အနံ့ပေါင်း စုံကလဲ ရောနှောလာမည်သာ။ ဒမ် ဆိုသည်မှာ ဆာ တွေအတွက် မိတ်လိုက်ခံရမည့် သတ္တဝါများဖြစ်သည်။

ယခု သူတို့နှစ်ယောက်တည်းရှိနေသည်။ ချူယွင်သည် ကုဝေရဲ့အနံ့ကို မျောပါ မသွားစေရန် ကြံ့ကြံ့ခံ ကြိုးစားနေရသည့် အချိန်ဖြစ်သည်။

ကုဝေရဲ့အနံ့က သူ့အတွက် အတော်ကို တွန်းလှန် ခုခံ နေရသည့် အနေအထား ဖြစ်နေသည် ။ ထိုသို့ တွန်းလှန်နိုင်ရန် တခုခုလုပ်နေမှအဆင်ပြေမည် ဖြစ်၍ လင်ဗန်းထဲက အသီးများသုံးဆောင်နေ သည်။ ချူယွင်ကိုက်စားနေသော အသီးများအား လုံးသည် ချဉ်တူးနေသည်။ နည်းနည်းလေးမှ မချိုပေ။

“ယောက္ခမတော်ကို ညီးငွေ့စေတဲ့အတွက် တောင်းပန်ပါတယ်”

ချူယွင် အပြုံးပန်းဆင်ရင်း ‌ဆိုသည်။

“ယောက္ခမတော်လဲ နားလည်မယ်လို့ ယုံ ကြည်ပါတယ်”

ကုဝေ သေရည် မော့သောက်ပြီး အသက်ပြင်းပြင်းရူသည်။

“ကျတော် သိပါတယ်။ မြောင်ယန်း မစိုးရိမ် ပါနဲ့။ ကျိုက်ကျိုက်က ကျတော် ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ သားတယောက်ပါ။ လူကြီးလူကောင်းမပီသတဲ့လုပ်ရပ်မျိုးကို လုပ်မှာ မဟုတ်ပါဘူး”

“ယောက္ခတော်။ ကျတော်ကို ချူယွင်လို့ ခေါ်နိုင်ပါတယ်”

မွန်းကြပ်နေသော အပြုံးနှင့် ချူယွင် ဆိုသည်။ ကုဝေက

“အာ။ကောင်းသားပဲ။ ယွင်အာ”

ချူယွင် မျက်နှာက မသိမသာ မဲ့သွားသည်။ သူရဲ့ငယ်နာမည်ကို ခေါ်ဆိုတဲ့အခေါ်အဝေါ် က အတော်ကို ကွာ ခြားနေသည်။ဒီကို မလာမှီရက်တွေမှာပင်။ သူရဲ့ မိခင်မှာ စိတ်မကြည်မလင် ဖြစ်နေတဲ့အတွက် သူ့ကို ယွင်အာ လို့မခေါ်ပေ။

ကုဝေ သေရည်သောက်ပြီးသည့်နောက် စာပွဲဝိုင်းမှ ထရပ်သည် ။ သူရဲ့ဝတ်ရုံရှည် ထဲမှ တခုခုကို ရှာဖွေနေသည်။ ဝတ်ရုံကို ခါထုတ်ပြီး ၊ပျားဖယောင်း၊မြေစေးနှင့် ဖန် ရောစပ်ပြုလုပ်ထားသော မြေအိုးတလုံးကို ချူယွင်ရဲ့ လက်ထဲ ထည့်ပေးသည်။

“အကယ်၍ သူက လူကြီးလူကောင်း ပုံစံ မပြုမူတက်ဘူးဆိုရင် ဒါလေးက အကူအညီ ပေးလိမ့်မယ်”

ချူယွင် ထိုမြေအိုးလေးကို ဝတ်ရုံရဲ့ အိတ်ထဲထည့်လိုက်စည် ခန္ဓာကိုယ်က ပူလောင်လာပြီး ပါးနှစ်ဖက်မှာလဲ ပူလာ သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now