Part 13 (အိပ်ရာဝင်ခြင်း)

1.1K 84 2
                                    

Unicode version


ကျွေ့တိုင်းပြည်ရဲ့ သံကိုယ်စားလှယ်က ချူယွင်ကို ပြောခဲ့ဖူးသည့် အကြောင်းအရာ တခုရှိသည်.ထိုသည်မှာ လက်ထပ်ပြီးည။ မင်္ဂလာဦးည‌တွင်။ ကျွေ့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ သူနဲ့ရှောင်ကျိုက် နှစ်ဦးလူံး မူလ အသွင်အပြင်ကို ထုတ်ဖော်ပြသရ မည် ဟူ၍ ဖြစ်သည်။

ချူယွင်ကိုယ်တိုင်လဲ ဆန္ဒရှိသည်။ သူသည် ကျွေ့တိုင်းပြည်ရဲ့ ကြောက်မက်ဖွယ် သားရဲ ဖြစ်သည်။ပြီးတော့ ထက်မြက်ရဲရင့်သော မိသားစု ရဲ့ ဆက်ခံသူ တယောက်ဖြစ်သည်။ ဟူ၍ ထုတ်ဖော်ပြချင်သည်။

ရှင်းတိုင်းပြည်မှာတော့ လွတ်လပ်သည်။ မိမိ ရဲ့သားရဲ ပုံစံထက် တဖက်သူရဲ့သားရဲ ပုံစံကို မိမိ မိသားစု ဝင်များကသာ မြင်ခွင့်ရှိခြင်းပင်။ လန်ကျိုးမှာ ထိုကိစ္စကို အထူးတလည် မပြုလုပ်ပေ။ အကြောင်းက မြေခွေးက မြေခွေးအသွင်။ မြွေက မြွေ အသွင် ဗျိုင်းက ဗျိုင်းအသွင် ဖော်ပြဖို့ ဘာအခန်းအနားမှ မလိုအပ်ပေ။ ကလေး ရချင်၍ တဖက်သား ဒမ် ကို ညှင်းပန်းနှိပ် စက်ခြင်း။ မိတ်ဆွေ အခြင်းခြင်း အရှက်ကွဲ စေသည့် အရာများကို တော့ သတ်မှတ်ချက် တခုဖြင့် တားမြင်ထားသည်။

အမြှီးကိုးချောင်း ချူမျိုးနွယ် မြေခွေး များက ရှင်းတိုင်းပြည်ကို ရာစုနှစ်တခုထိ အုပ်စိုးထားနိုင်ခဲ့ပြီ။ ချူမျိုးနွယ်များသည် မိမိ အမှတ်အသား ပြုလုပ်ထားသည့် ဒမ်အပေါ် သည်းခံသည်။ ဒေါသကို ချုပ်တည်းသည်။
ရှင်းတိုင်းပြည် နယ်နိမိတ်တွင် တခြားသော ‌ဖေးဆိုသည့် မြွေ မျိုးနွယ်စု၊ ယင် ဆိုသည့် ကျိုးကြာမျိုးနွယ်စုများ နေထိုင်သည်။ ထိုမျိုးနွယ်စု တခုတိုင်းတွင် ယဉ်ကျေးမှု ရိုးရာ ဓလေ့များ အရ သားရဲ အသွင် ဖော်ပြ မှုများရှိသည်။ ပြင်ပမျိုးနွယ်စုများထက် သာလွန်သော စည်းမျဉ်းများလဲရှိသည်။ ထိုအချင်းအရာများက ရည်ရှည် အငြင်းပွားမှုကို  ရပ်တန့်စေနိုင်ခဲ့သည့် သာဓက များလဲရှိသည်။

အုပ်ချုပ်သူ ဘုရင် မရှိသော မျိူးနွယ် စုများ လဲရှိသည်။ ရှင်းတိုင်းပြည်တွင် သားရဲ အသွင် ဖော်ပြခြင်းက ကိုယ်ရေးကိုယ်တာ ဟု တညီတညွှတ်တည်း သတ်မှဝ်ထားသည်။ ခါးဝတ် ကဲ့သို့ ထားသည့် အရာပင်။ မိမိ ပုံစံအမှန်ကို လူမြင် ကွင်းတွင် ‌မဖော်ပြလျှင် အကောင်း ဆုံးဖြစ်သည်။ အကယ်၍ ဖော်ပြခဲ့လျင် တပါးသူကို ထိခိုက်မှု မဖြစ်စေရန် အရေးကြီးသည်။
ထို့ကြောင့် ကျွေ့ တိုင်းပြည်ကို ခြိမ်းခြောက် ရလိမ့်မည်။

ယခု ချူယွင်သည် သေရည် မူးနေသော အနေအထား ဖြစ်သည်။ ရှောက်ကျိုက်ရဲ့  နီရဲ နေသော မျက်နှာထား။သူ့အကြည့် တွေက ချူယွင်ရဲ့ အမြှီးဖြူဖြူ များ ဆီရောက် မေသည်က ပို၍ ရယ်ရွင်ဖွယ် ကောင်းသည်။

ချူယွင် သူ့အမြှီးသူ ကိုင်ပြီး

“အမြှီးဘယ်န ချောင်းရှိလဲ ဆိုတာ မင်း ရေတွက် နေတာလား။  ကိုင်ကြည့်ချင်လဲ ရတယ်နော်”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now