Part 10 (ဝံပုလွေ အသိုက်အမြုံသို့ ရောက်ရှိခြင်း။)

707 80 2
                                    

Unicode version


မယုံနိုင်လောက်အောင်ပင်။ နောက်ဆုံး တော့ ကျွေ့တိုင်းပြည် ရဲ့မြို့တော် ကို ခြေချ ခဲ့ပြီ ဖြစ်သည်။ သူ့အတွက် ရှည်လျားတဲ့ခရီးဟုထင်ခဲ့ပေမယ့် တကယ်တော့ ရက်အနည်းငယ်သာ ကြာမြှင့်ခဲ့ခြင်းဖြစ်သည်။


ထပ်မံဖြစ်ပေါ်လာမည့် အဖြေကို စဉ်းစားမိ ပေမယ့် ထိုအထိတော့ သူအတွေးမလွန်ချင်။

သူတို့ဆန္ဒရှိချဲ့လျင် တော့ ဖြတ်ကျော်ရမည်။ သို့သော် အလျင်လိုမည် မဟုတ်။ အဘယ်ကြောင့်ဆို‌သော်။ နှစ်ဦးနှစ်ဖက် ပေါင်းဖက်သည့် အခြေအနေ မှာ ရှောင်လွဲလို့မရတဲ့ ကိစ္စဖြစ်နေသည့် အတွက် ကြောင့်ဖြစ်သည်။

ဟောက်လင်မြို့တော်သည် တောင်တန်းနှစ်ခုရဲ့ အလယ် လွင်ပြင်ချိုင့်ဝှမ်းတွင် တည်ရှိနေသော မြို့တော် ဖြစ်သည်။ သစ်တောများထူထပ်အုံ့ဆိုင်းပြီး စိမ်းလမ်း စိုပြည်သောဟု အဓိပ္ပာယ်ရသည်။ အိုမင်း နေသော သစ်တော်ရဲ့တည်ရှိပြီး ထိုသစ် တောကိုလွန်မှာမြို့ရိုးအုတ်တံတိုင်းတည်ရှိသည်။ကျောက်ဖြူများဖြင့် တည်ဆောက် ထားသော အိမ်များမှာ ကျေးလက်ပုံစံ အမိုးပြန့်များမိုးထားပြီး မိုးပြာရောင်ပုလဲ များဖြင့် အလှဆင်သည်။မြင်ကြည့်ရုံနှင့် သူတခြားဒေသကို ရောက်ရှိ နေသည်မှာ ငြင်းဆန်လို့မရပေ။

တောင်တန်းများက မြို့အပေါ် အုပ်မိုးထား သကဲ့သို့ မြို့နှင့် မြို့ပါတ်ဝန်းကျင်ကို အအေးဓါတ်လွမ်းမိုးစေသည်။ တောင်ပေါ် မှသဘာဝအလျောက် ရေများစီးဆင်း နေပြီး မြို့တွင်းသို့ ရေအနည်းငယ်သာယူပြီး ရေမြောင်းသဖွယ် ဖောက်ထားသည်။ ထိုရေမြောင်းမှာ လှေတမာန်များသွား လာနိုင် ပြီး ဟောက်လင် မြို့ရဲ့ အဓိက ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သည်။ ကုန်းလမ်းအနေနဲ့က ကျောက်ပြား များအသုံးပြုပြီး လမ်းဖောက် ထားပါသည်။

အနီရောင်ခန်းစီးလိုက်ကာ ကြားမှမြင်ရသောမြင်ကွင်းသာရှိပြီး ဒီမင်္ဂလာပွဲ မည်မျှ အာရုံစိုက်ကြ သနည်းဆိုသည်ကို သူသတိထားနေသည်။

လမ်းကိုဖြတ်ကူးရန် အချက်ပေးသံကြားလိုက်ပြီး မြင်းခွာသံများ ရပ်တန့်သွားချိန် လမ်းပေါ်မှ လူတွေ စားသောက်ဆိုင် အတွင်းမှ ပြည် သူတွေရဲ့ သိချင်စိတ်ပြင်းပြသော စကားသံများကို ချူယွင်ကြားနေသည်။

ဟောက်လင်မှာ လူဦးရေဘယ်လောက် ရှိလဲသိချင်သည်။ ကျွေ့တိုင်းပြည်ဘယ်လောက် ကျယ်ကျယ်။ မင်္ဂလာပွဲနှင့်ပါတ်သတ်ပြီးကြားသိပြီးဖြစ် ရမည်။ သူတို့ မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ချူယွင်က ကျွေ့တော်ဝင်မျိုးနွယ်နဲ့ လက်ထပ် ရမည်ဆိုသည်မှာ ရှင်းရဲ့တိုင်းပြည် သူသား အတွက် ဝမ်းသာဖွယ်သတင်း ဟု သူလက်မခံနိုင်။ သူသည် ဘုရင့်တူ တော်ဖြစ်သည်။ ထို့ကြောင့် ဆာ ချင်း ဆာ လက်ထပ်သည့် ကိစ္စမို့တော့ ဘဝမှာ ကြုံတောင့်ကြုံခဲ ပဲ ဆိုနဲ့ အယူအဆသာ ရှိကြပါလိမ့်မည်။

ရှင်းတိုင်းပြည်ရဲ့ တိုင်းပြည်နှစ်ခု ပေါင်းစည်းမှု အရစီစဉ်တဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပါဝင်ဆင်နွဲနိုင်ဖို့ သူကြိုးစားရ ပါတော့မယ်။ သူ့အတွက်ကတော့ မင်္ဂလာပွဲဆိုသည်မှာ အသုဘ နဲ့မခြားနားပါဘူး။

&&&&&&&

ချူယွင် ။ သူရဲ့ဖြစ်တည်မှုကို မစူးစမ်းချင် တော့ပေ။ အနီရောင်ခန်းစီးစကို အနည်းငယ် မတင်ပြီး ကျွေ့နန်းတော်ထဲ ဝင်သည့် ဂိတ်တံခါးမှဖြတ်ဝင်နေပြီဆိုသည် ကို တွေ့ရသည်။

လသရဖူနန်းတော်သည် ရှည်မျောမျော အသွင် ပုံစံရှိပြီး သီးခြားအဆောက်အဦးဖြစ်သည်။ နန်းတော်အတွင်းပိုင်းမှာ ဆဠဂံ ကွက် များဖြင့်အလှဆင်ထားသည်။ ဘုရင်စံမြန်းရာ ပုလ္လင်ထားရှိသော ထီးနန်းစိုးစံရာ နန်းဆောင်။ မောင်း‌မဆောင်။ ကြင်ယာတောါ ဆောင်။ အသီးသီးရှိသည်။ကြင်ယာတော်နဲ့ကိုယ်လုပ်တော် တွေရဲ့ သီးသန့် နန်းဆောင်ဟူ၍လဲ ထားရှိသည်။ ထိုနန်းဆောင်တွင် ခန်းမ ကျယ် တခုရှိသည်။

ထိုသို့သော အပြင်အဆင်ကို ချူယွင် တချက်ကြည့်ရုံဖြင့် ရယ်စရာကောင်းသည် ဆိုသည့် အပြုအမူကို မထိန်းထားနိုင်ပါ။ ထို့နောက် လိုက်ကာကို ပြန်ချထားလိုက်သည်။ ကျွေ့တိုင်းပြည် တွင်ရှိသော အရာအားလုံးသည် အဖြူရောင် နံရံ။ အနက်ရောက်သစ်သားနှင့် ရွဲစေးဖြင့်ပြုလုပ်ထားသော အမိုးများသာ ဖြစ်သည်။ လန်ကျိုးမြို့နဲ့ယှဉ်မည် ဆိုလျင် ဟောက်လင် ဆိုသည်မှာ ဘာမှမဟုတ်ပေ။

ဟောက်လင်မြို့နဲ့ပါတ်သတ်သော အရာ အားလုံးသည် နန်းတော်အပါအဝင် စိတ် ညစ်ညူးဖွယ်ကောင်းသည်။ ရေစီးနေတဲ့ အသံကို နားမထောင်ချင်မှအဆုံး။ ပြီးတော့ ထင်းရူးပင်တွေဆီပွတ်တိုင်လျက်ရှိသော လေတိုက်သံ။

ချူယွင် အပေါ်သားမွေးဝတ်စုံကို တင်းတင်း ဆွဲပြီး သူရင်ဆိုင်ရမယ့် ဘဝတခုကို အဆင့်သင့်အနေအထား ဖြစ် ရန်ပြင်ဆင်နေတော့သည်။

&&&&&&&

သူဝေါယာဉ်ထဲက ထွက်လာသည်နှင့် ပင်မ နန်းတော် ကို ဝန်းရံထားသော အဆောင် ငယ် တခုဆီသို့ ရောက်နေသည်။ နန်းဆောင် တခုချင်းဆီတွင် သက်ဆိုင်ရာ အစေခံများ အသင့်ရှိပြီးဖြစ်သည်။

ကံကောင်းသည်က သူရဲ့မိဘတွေ ထည့်ပေး လိုက်သော ဟွားနန်ယီနဲ့ အစေခံများက နန်းဆောင်ထဲဝင်ခွင့် ရှိခြင်း ပင်။

ကျွေ့အစေခံများ ရဲ့ တာဝန်မှာ နန်းဆောင်ကို ရောက်ရှိလာသော မည်သူမဆို ညွှန်ကြားချက်ပေးနိုင်ခြင်းပင်။ ထို့ကြောင့် ရေချိုးရမည်။ မင်္ဂလာအခန်းအနား အတွက် မင်္ဂလာ ဝတ်စုံ ဝတ်ထားရန်လိုအပ်ပေသည်။

ချူယွင် ရေချိုးကန် ရှေ့တွင် ရှိနေပြီး ဟွားနန်ယီမှာလွဲ၍ ကျန်သည့်အစေခံများ ကို ထွက်သွားစေသည်။ သူရေချိုးပြီးသော အချိန်မှသာ သူတို့တွေ ပြန်လာရမည် ။ ဟွားနန်ယီနှင့် သူ ။နှစ်ယောက်တည်းရှိပြီဆို မှ ဝတ်ဆင်ထားသော အဝတ်အားလုံးကို ခုံတန်းပေါ်ပစ်တင်ပြီး ရေကန်ထဲ ခုန်ဆင်းလိုက်သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now