Part 23 မြေခွေးရဲ့ဒေါသ။

749 68 13
                                    

Unicode version

ရာသီအချိန်စက်ဝန်းအတွင်း ဒမ်(အိုမီဂါ)တယောက်ရဲ့ အနံ့ပြင်းပြင်းက အမှားမခံပေ။ ထို့အပြင် ရှောက်ကျိုက်ကိုလဲ အပြင်းအထန် ထိခိုက် စေသည်။

ဖြစ်ချင်တော့ သူကရေထဲရောက် နေခဲ့ပြီ။ စိတ်မနှံ့တဲ့သူ အသိစိတ်ကင်း လွတ်နေတဲ့ သူတယောက်အနေနဲ့ ရေပူစမ်းထဲကို အကြောက်အလန့်မရှိ ဆင်းလာသည်။
ချူဟန့်ဘာလုပ်နေတာလဲ။

ရှောင်ကျိုက်ရဲ့ alpha ဖြစ်တည်မူ့ရဲ့စရိုက် အရ ထိုအနံ့နောက်ကို လိုက်ရန် တိုက်တွန်း နေသည်။ ရှေ့မှာရှိသော သားကောင်ကို တခုခုပြုလုပ်စေလိုသည်။ သို့သော်။ ရှောင်ကျိုက ရေပူစမ်းအတွင်းမှ အလှဆင် ထားသော ကျောက်တုံးကိုမှီလျက်အနေအထား မို့ လက်ချောင်းတွေနဲ့အတင်းဆုတ်ကိုင်ထား ပြီး မလှုတ်မရှက်အနေအထား ဖြစ်စေရန် ထိန်းချုပ်နေသည်။

“ထွက်သွား။ ဒီမှာလူတယောက်ရှိနေတာ မင်းမသိဘူးလား”

ရှောက်ကျိုက် ထိုသို့ပြောရင်း သွားကိုတင်းတင်း ကျိတ်ကာရေရွတ်ပြီး မိမိခန္ဓာကိုယ်ကတုံ့ပြန်မှုကို မနည်း ထိန်းချုပ် နေသည်။ သူပြောတဲ့စကားကို ကြားဖို့နေနေသာသာ။ အနံ့များ အင်မတန်ပြင်းထန်လာပြီး ချူဟန့်ရဲ့အသက်ရူသံပြင်းပြင်းနှင့်အတူ။

“ဆာ။ အရမ်းနာနေတယ်”

သူ့အနားကိုချူဟန့်ရောက်လာပြီဆိုတာ အနံ့ ရရုံနှင့် ရှောင်ကျိုက်သိနေသည်။ ရှောင်ကျိုက် မျက်ဝန်းကိုအမြန်ပိတ်လိုက်ပြီး တဖက်က တိုက်ခိုက်လာမည့် အခြေအနေကို ပြန်လည်ခုခံရန် ပြင်ဆင်သည်။ ရေပူစမ်း အတွင်းမှ လှုတ်ရှားသံနှင့် အတူ သူ့ရဲ့ဒူးကိုထိတွေ့လာသည့်နောက်

“ဆာ။ ဘာလို့ငါ့ကိုမကြည့်တာလဲ”

အရမ်းနီးကပ်နေသည့်ချူဟန့်ရဲ့အနံ့က ဝန်းကျင်တခုလုံးဖုံးလွှမ်းသွားသည်။ ရှောင်ကျိုက်သည် အတားအဆီးမရှိ နှစ်လိုဖွယ်ကောင်းသော အနံ့ပိုင်ရှင်ရဲ့ အသား အရည်ကို ထိတွေ့ပြီး စိတ်ဆန္ဒအ လျောက် စားသုံးပစ်ချင်သည်။

“ကျေးဇူးပြု၍ ထွက်သွားပေးပါ”

ထိုသို့ သူတောင်းပန်သည်။စိတ်ခံစားမှုချုပ်ထိန်းရန် အောက်နူတ်ခမ်း ကိုက်ထားသည်မှာ သွေးပင်စို့နေသည်။
ချူဟန့်ရဲ့ညီးညူသံသဲ့သဲ့နှင့်အတူ သူ့ရဲ့ လည်တိုင်အနားသို့ချည်းကပ်လာပြီး

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now