Part 22 နှစ်လိုဖွယ်အနံတခုကို ရရှိခြင်း။

518 42 0
                                    

Unicode version


ချူယွင် သူ၏ အိမ်တော်ကိုပြန်လည် ရောက်ရှိသောကြောင့် အတိုင်းမသိပျော် ရွင်နေသည်။ သူမွေးဖွားခဲ့သည့်နေရာ။ သူကြီးပြင်းခဲ့သည့်နေရာ။ ဘယ်အရာမဇ ပြောင်းလဲခြင်းမရှိဘဲ လက်ထပ်သည့် ကိစ္စက ဘာမှမဖြစ်ခဲ့သလို အချိန်ကာလ တခုပြန်ရောက်သွားသကဲ့သို့ပင်။

အစေခံများမှ သူ့ကိုသခင်လေး လို့ အခေါ်ရှိကြပြီး သူသာ ယခုလို ကိစ္စမျိူး နဲ့အိမ်တော်နဲ့ကင်းကွာမှုမရှိခဲ့လျင် ယခုချိန်မှာ နန်းတော်ရဲ့တရားရုံးတော်မှာ အပြစ်ပေးမှုတစုံတရာဖြင့် ရောက်ရှိခဲ့ နိုင်သည်။ လက်ထပ်ခြင်းက ကောင်းမွန်သော ခံစားချက်မဟုတ်ပေမယ့် သူ့ဘဝရဲ့ တစိတ်တပိုင်းတော့ ဖြစ်နေပါသေး သည်။

မိခင်ဖြစ်သူရဲ့ဖော်ရွေမှုက သူ့ရဲ့သား ချူယွင် အပေါ်သာမက ရှောင်ကျိုက် အပေါ် ကိုလဲ သက်ရောက်စေသည်။

ရှောင်ကျိုက်က သူပြုလုပ်ရမယ့် တာဝန်ဝတ္တရား များကို အပြည့် အဝ လုပ်ဆောင်ရန် အသင့်ပါ။ ‌ချူယွင်ရဲ့ ခမည်းတော် မင်းသားကျင်းနှင့် လက်ဖက် ရည် အတူသောက်နေသည်။ ပြီးနောက် အစားအစာ အတွက် ချူယွင်ရဲ့ မိခင်ကို ချီးကျူးစကားပြောသည်။

လက်ရှိအခြေအနေတွင် တစုံတယောက် ပျောက်ဆုံးနေသည်။

" ဟန့်။ ဘယ်မှာလဲ"

ထိုအခါ ချူယွင်ရဲ့မယ်တော်က နူတ်ခမ်းကို လက်ကိုင်ပုဝါ လေးနှင့် အနည်းငယ်ဖုန်းကွယ်ပြီး အသံနှိမ့်ကာ

"သူ ရာသီလာနေတယ်။ သားလေးကပဲ သူ့ကို တွေ့ဖို့ စောင့်ပေးမှရမယ်"

ယခုချိန်က သူ့ရဲ့ ညီတော်မှာ နေမကောင်း ဖြစ်နေသည့် အချိန်ဖြစ်သော ကြောင့် အချိန်ကာလ တခုအထိ စောင့်ရမည် ကိုနား လည်လိုက်သည်။ ကျွေ့တိုင်းပြည်မှာ နေထိုင် ခဲ့ရသည့် အချိန်ကာလကို ပြန်လည် မှန်းဆမိသည်။

ချူဟန့် ယခုချိန်မှာ မသက်မသာ ဖြစ်နေမည် မှာ အမှန်ပင်။ စကားလုံး နည်းနည်း နှင့် အခြေအနေကို ဖော်ပြသည် ဆိုပေမယ့် ထိုထက် ဆိုးရွားသော အခြေအနေဆိုသည်ကို နားလည်သည်။ မိခင်ဖြစ်သူမှ ချူယွင်စိတ်မသက်မသာဖြစ် နေသည့်အခြေအနေကိုသတိထားမိပြီး ကျောလေးကိုပွတ်သပ်ကာနှစ်သိမ့်ရင်း

"သိပ်မကြာခင်အဆင်ပြေသွားမှာပါ။ မနက်ဖန် ဆိုရင် သူနဲ့တွေ့လို့ရပါပြီ"

မိတ်မရှိသေးသော ဒမ် (Omega) ဖြစ်သည့် ချူဟန့်သည် ယခုလိုအချိန်ကာလ ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြတ်သမ်းရ မည်ဖြစ်သည်။ ယခုလိုအခြေအနေကို အဆင်ပြေပြေဖြတ်သန်းရဖို့အတွက် ဆေးဝါးများရှိသည် ကို ရှောက်ကျိုက် သိထား သည်။သို့သော်။ သူနဲ့ချူယွင်က ညီအကိုမဟုတ်သည့် အတွက် Alpha အချင်းချင်းထိုကိစ္စကို ဆွေးနွေးရန် မစဉ်းစားခဲ့ဖူးပေ။

&&&&&&&&&&&&&

ချူယွင်ရဲ့ ရှင်းတိုင်းပြည်တွင် ရောက်ရှိ နေသော ကြောင့် ချူယွင်မှ ညစာ အချိန်တလျောက်လုံး ရှောင်ကျိုက်နှင့် သူ့ရဲ့အကြောင်းကို အပြုသဘောဆောင် သည့် အခြေအနေမျိုးဖြင့် ပြော‌ဆိုနေဆဲပင်။ အကြောင်းမှ သူ့ရဲ့မိသားစုမှ ရှောက်ကျိုက်ကြောင့်စိတ်အနှောက်အယှက် ဖြစ်မည့် အခြေအနေကို ရှောင်လွဲနိုင်ရန် ဖြစ်သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now