Part 29 (စိတ်ရိုင်းနှင့်ဝံပလွေ နိုးထလာခြင်း)

186 18 1
                                    

Unicode version

ဦီးခေါင်းကိုက်ခဲမှုနှင့်အတူ နားထင်ကိုလက်နဲ့ဖိရင်း နိုးထလာသည်။ လည်မျိုတွင်လဲ တခုခု ခံနေသည့်ကို ရှောင်ကျိုက် ခံစားနေရသည်။

အဓိက ကတော့ သူ့ရဲ့မျက်ခွံ့နှစ်ခုကို အတင်းဆွဲခွာရင်း ပတ်ဝန်းကျင်ကို သိရှိရန် အပြင်းအထန်ကြိုးစားနေရသည်။ ဆောင်ကြာမြိုင်တွင် သူအခန်းယူ ထားသည်ကို သူမှတ်မိသည်။ သူမှတ်မိထား သည်ထက် ဖရိုဖရဲဖြစ်နေမည် ဆိုတာကိုတော့သူ သတိထားမိသည်.

ညီးညူခြင်းနှင့်အတူ ခြုံလွှာကိုဖယ်ရှားရင်း အိပ်ရာပေါ်မှ ထနိုင်ရန်ကြိုးစားရတော့သည်။ အခန်းအခြေအနေက မြင်းစောင်းကနေ မြင်းတွေလွှတ်လိုက်တဲ့ အတွက် ပွစာကျဲနေတာနှင့် ဆင်တူနေသည်။ အရာအားလုံးပြိုလဲ နေပြီး သေရည်အိုးများလဲ မှောက်လိုမှောက်၊ လဲလို လဲ၊ကြမ်းပြင်ပေါ်မှာ ကျနေသည့် သေရည်များမှာ ယခုထက်ထိ မခြောက်သွေ့သေးပေ။

ရှောင်ကျိုက်သန်းဝေရင်း မျက်လုံးကိုပွတ်သပ်လိုက်သည်။

"ခြုံလွှာကိုမင်းတစ်ယောက်ထဲ အပိုင်စီးဖိုမကြိုးစားနဲ့"

ပလုံးရူတ်ထွေး မပြီမသနှင့်အသံအောအောက သူ့ဘေးနားက ထွက်ပေါ်လာသည်။

ခြုံလွှာအထူကို လည်ပင်းအောက် တွင်ထိုးခံရင်း သူ့ဘေးမှာလှဲလျောင်းနေသည့် ချူယွင်ပင်၊ သူ့ရဲ့မြေခွေးနားရွက် ကတဖျက်ဖျက် ခက်ပြီး သက်တောင့်သက်သာ မဖြစ်သည့်အခြေအနေကို ဖော်ပြနေသည်။ တဖက်တွင်တော့ သူ့ရဲ့ ဆံနွယ်တွေက ပြေလျော့နေခဲ့သည်။

သူ့ရဲ့အမြီးကိုးချောင်းသည်လဲ ကောဇောခင်းထားသလို ဖျာထွက်နေသည်။

"အားးး" ရှောင်ကျိုက်လုပ်နိုင်တာဆိုလို့အော်တာ တခုပဲရှိမည်။ ရှောင်ကျိုက် ကိုယ့်သူကိုယ်ပြန်ကြည့်တော့ ကိုယ်လုံးတည်း. ချူယွင်သည်လဲ ကိုယ်လုံးတည်းပင်၊

"ထတော့" ချူယွင်ရဲ့ပုခုံးကိုလှုတ်ပြီးနိူးလိုက်သည်၊ ချူယွင်ညီးညူရင်း ထကာ သူ့ရဲ့အဝါရောင်မျက်ဝန်းများကို ဖွင့်ပြီးရှောင်ကျိုက်ကိုကြည့်ကာ

"ကောင်းမွန်တဲ့နံနက်ခင်းပါ"

ရှောင်ကျိုက်ရဲ့

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now