Part 2 (ကံတရားချိတ်ပိတ်ခံရခြင်း)

1.4K 182 0
                                    

Unicode version


ချူယွင်ရဲ့ အရာရာကိုလုပ်နိုင်စွမ်းတိုးတက် လာမယ့်အခြေအနေကို ဘုရင်မင်းမြတ် မလို လားနိုင်ပေ။

“ကိုယ်တော်ရဲ့အမိန့်ကပြောင်းလဲမှာ မဟုတ်ဘူး”

ဘုရင်မင်းမြတ်ရဲ့နူတ်မှထွက် လာသည့်လေသံမှာမာတင်းနေပြီး သူ့ကိုလှောင်ပြောင်နေသလိုပင်။

“ကျွေ့ဘုရင်ကလဲ ကိုယ်တော်ရဲ့သဘောထား ကိုနားလည်တယ်။ တိုင်းပြည်နှစ်ခု အတွက် သင့်လျော်တဲ့မင်္ဂလာပွဲမှာ ဘာပြဿနာမှ မဖြစ်ချင်ဘူး။ဒီကိစ္စအပေါ်မှာထားတဲ့ မင်းရဲ့ ခံစားချက်က မင်္ဂလာပွဲနဲ့မသက်ဆိုင် စေရဘူးဆိုတာမင်းသိထားသင့်တယ်”

ချူယွင် နောက်တကြိမ် ဒူးထောက်ကျ သွားခဲ့ တော့သည်။ဘုရင်မင်းမြတ်ကို မှောက်၍ အရိုအသေပေး မလိုပုံစံ ဖြစ်လာခဲ့သည်။

“ကျတော်မျိုးက ကျတော်မျိုးဖခင် ရဲ့တဦးတည်းသော Alpha မျိုးဆက်ပါ။ ဒါကြောင့် အရှင်မင်းကြီးပြန်လည်စဉ်းစား ပေးပါ”

နောက်ဆုံးတကြိမ် ရက်စက်ကြမ်းကြုတ် တဲ့ လမ်းကနေလွတ်မြောက်နိုင်ဖို့ ဘုရင်မင်း မြတ်ရှေ့တွင် သူ တောင်းဆိုလိုက်တော့သည်။

ချူယွင်သည် သူ၏ ကံတရားကို ချောက်နက်ထဲမကျစေဖို့ အတွက် သူ့ရဲ့ဦးရီးတော် ဖြစ်သူအရှင်မင်း ကြီးရဲ့ ခံစားချက်မှာ တဦးတည်းသော Alpha တူတော် မျိုးဆက် ဆိုသည့် အခြေအနေကို သတိပေးသည့်သဘော ဖြစ်သည်။

“ကိုယ်တော်ကို နားပူနားဆာ လုပ်နေတာတော် လိုက်တော့။ မင်းက မင်းတို့ရဲ့မျိုးဆက်ပြန့်ပွားရေး အတွက် တာဝန်ရှိသူဆိုရင် ဘာကြောင့် Omega တယောက်ကို မြန်မြန် လက်မထပ်နိုင်ခဲ့လဲ”

ချူယွင် လျာကိုက်ထားမိတော့သည်။ အရှင်မင်းကြီးက သူ့ကိုဘာပြန်ပြောစေချင် နေတာလဲ။

Alpha တယောက်အနေနဲ့မွေးဖွားလာပြီဆိုလျင် အရွယ်ရောက်လာသည်နှင့် မျိုးဆက် ပျံ့ပွား ဖို့အတွက် အိမ်ရာထူထောင်ဖို့အတွက် ကိုယ်နဲ့ကိုက်ညီတဲ့ မိတ်။ တယောက်။ နှစ်ယောက်မက။

ကိုယ်လုပ်တော်။မောင်းမ စသကဲ့သို့ အများအပြား ထားရှိခွင့်ရှိသည်။
ချူယွင်အနေနဲ့ သူနဲ့အဆင်ပြေသော သူ့ရဲ့ မိတ်ကို ရှာဖို့စိတ်မဝင်စားသေးသလို တခြား Alpha တယောက်နဲ့လဲ အတူနေဖို့မဖြစ်နိုင်ပေ။

သူ့ဘဝတလျောက်လုံး တဖက်သားကို ဖိနှိပ်ဆက်ဆံတက်တဲ့ Alpha တွေနဲ့ အပေါင်းအသင်း မလုပ်ဘဲ ရှောင်ကျဉ်နေခဲ့ သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)حيث تعيش القصص. اكتشف الآن