Part 17 (အကြံအစည်)

385 50 0
                                    

Unicode version


ရှောင်ကျိုက် သူ့ကို စကားမပြောနိုင်အောင်ပင် တအံ့တဩ ကြည့်နေခဲ့တော့သည်။ သူ့ကို အုပ်စိုးနိုင်မည် ထင်ထားခဲ့ပေမယ့် တက်တက်စင်အောင် လွဲနေသည်။ ရှောင်ကျိုက် စကားဆိုရင် အနိုင်ယူပြော ဆိုမည် ဟု မထင်ထားခဲ့။

နောက်ဆုံးတော့ ရှောက်ကျိုက် ခေါင်းတသွင် သွင်ခါပြီး ခပ်သဲ့သဲ့ ရယ်သွမ်း ကာ

“ကံဆိုးချင်တော့။ ငါက သူမွေးထားတဲ့ သား ဖြစ်နေတယ်”

ချူယွင် မျက်ခုံးပင့်တက်သွားသည်။

“အစကတော့ အခုလို စိတ်ပျက်စရာကောင်း မယ်လို့ ငါမထင်ထားဘူး။ ကျွေ့က တကယ်ကို ထူးဆန်းနေတာပဲ”

ရှောက်ကျိုက် ဘယ်ကနေစလို့ ဘယ်လိုရှင်း ပြရမှာလဲ။ ဒမ်ခမည်းတော်ရဲ့အခန်း လိုက်ကာ နောက်ကွယ်မှာပုန်းကွယ်နေခဲ့ ရသည့် ကလေးငယ်ဘဝက။ တံခါးတချပ်လှပ်နေသော မြင်ကွင်းမှ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တခု။ ထိုသည်က သူ့ရဲ့ ခမည်းတော်က ကုဝေကို မညှာမတာ ရိုက်နှက်ငြင်းပန်းနှိပ်စက်နေခဲ့ သည်။ ဖျားနာနေသောသူနဲ့ ဒမ် ခမည်းတော်  ညှင်းပန်းနှိပ်စက်ခံရမှုမှ ကယ်ဆယ်ခံရမည့် ရက်မတိုင်ခင် အချိန်ကာလ ကိုမည်သို့ ရှင်းပြရပါလိမ့်မည်နည်း။

ချူယွင် သူ့ကိုမြင်မည့် ပုံစံက သူသည် လက်ရှိမြင်ရသည့်အတိုင်း ယောက်ျားပီးသသည်။ နန်းဆန်သည်။ သိက္ခာရှိသည်။ ကြင်နာတက်သည်။ ဆွဲဆောင်မှု ရှိသည်။ လက်တွေ့မှာတော့ ရှောင်ကျိုက်ရဲ့ဘဝဆိုသည်မှာ နန်းတော်ထဲက နေသစ္စာဖောက်ပြီး သုံး‌ာက်အတူတူ ထွက်ပြေးသွားဖို့ပင်။ သူရဲ့ ဆာ ခမည်းတော်။ ဒမ် ခမည်းတော်နှင့် အတူ ထိန်းချုပ်ခံဘဝကနေ လွတ်မြောက် ရာမှာပြင်ပလောက တနေရာမှာ  အတူတူနေထိုင်သွားဖို့ပင် ဖြစ်သည်။ သာမန်လူတန်းစားတွေကဲ့သို့ မွေးလာသော ကလေးငယ်နှင့်အတူ ဘဝကိုဖြတ်သန်းရင်း ပေါ့။
လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ သူရဲ့ ဒမ်ခမည်းတော်က အမြဲတမ်းသတိပေး သည်။ မျက်စိရှေ့မြင်ရသူက ဘယ်သူလဲ။ ဘယ်သူက မင်းရဲကခမည်းတော်လဲဆိသည် ကိုပင်။

“မင်းရဲ့ခမည်းတော်က ဘယ်သူဆိုတာ ဘယ်တော့မှ မမေ့နဲ့”

တဲ့။ ကုဝေထိုသို့ ပြော တက်သည်။ ထိုအခါမျိုးတွင် ကုဝေရဲ့ပေါက်ပြဲနေသော နူတ်ခမ်းကို သူ အမြဲလိုလို ဆေးထည့်ပေးသည်။

“သူကမင်းကိုထီးနန်းပေးမယ့်သူပဲ”

ထိုစကားကိုရှောင်ကျိုက် အမြဲလိုလို မှတ်သား ထားသည်။ ဘုရင်ကသူ့ကို ထီးနန်းပေးလိမ့်မည်။ သူ့ရဲ့ ဒမ်ခမည်းတော် ဘဝကို ကယ်တင် လိမ့်မည်။ ရှောင်ကျိုက်ရဲ့ အခန်းထဲမှာပင် ကုဝေအရိုက်ခံရသည့် အဖြစ်အပျက်တွေ နှင့် နားမခံသာစကားတွေက သူ့နှလုံးသား ထဲတွင် နစ်ဝင်နေသည်။
ထို့ကြောင့် ယခု ။ချူယွင်ရဲ့ မျက်ဝန်းတွေကို သေချာစိုက်ကြည့်ပြီး

“ခမည်းတော်က ငါ့ကို ထီးနန်းအပ်နှင်း လိမ့်မယ်”

ထိုအခါ ချူယွင်က စားပွဲပေါ် လက်ချောင်း လေးများနှင့် အသာခေါက်ရင်း

“ဒါဆိုရင် မင်းကို ငါနဲ့လက်ထပ်‌စေ တာ ဒါကြောင့်ပေါ့”

“ဖြစ်နိုင်တယ်”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now