Part 18 (ယောက္ခမတော်ထံမှအိမ်တက်လက်ဆောင်ရရှိခြင်း)

449 55 0
                                    

Unicode version


ဘယ်လိုစိတ်ပျက်စရာမနက်ခင်းကြီးလဲ။
ဟွားနန်ယီဝတ်ဆင်ပေးသော အဝတ်ကို ဝတ်ဆင်ရင်း ကျွေ့တိုင်းပြည်က အဝတ်တွေက ဘာဖြစ်တယ်ညာဖြစ်တယ်။ မနက်စောစောစီးစီး အိမ်လည်လည်တလေး ဘာလေးနဲ့ တပျစ်တောက်တောက်ရေရွတ်နေသည်။ ကုဝေကို တွေ့ဆုံဖို့အတွက်ရှင်းတိုင်းပြည်ရဲ့ အဝတ်အစားကိုသာ ဝတ်ဆင်ရန်ဆုံးဖြတ် ထားသည်။ ကျွေ့တိုင်းပြည်ရဲ့ရာသီဉတုနှင့် ဆန့်ကျင်ဘက်ဖြစ်သော်ဌား မိမိတိုင်းပြည်၏ အဝတ်အစား ကသာ သက်တောင့်သက်သာ ရှိသည်ဟု သူယူဆသည်။ အပေါ်ဝတ် ပါးလွှာသော အထည် ကို သလဲသီးရောင် ရှိသော ခြံထည်ကို ဟွားနန်ယီ ယူလာပေးသည်။ ဦးခေါင်းထက်မှာ သရဖူကို အနက်ရောင် ဆံထိုးနှင့်တွဲဖက်ပြီးဝတ်ဆင်သည်။

ချူယွင်သည် သူ၏ ဒမ် ယောက္ခမတော်ကို ကိုင်တွယ်ဖို့ခက်ခဲမယ်ဆိုတာကြိုတင်သိရှိ နေပြီးသားပင်။ ရှင်းတိုင်းပြည်မှာကြားဖူး သော ပုံပြင်တပုဒ်ရှိသည်။ ဒမ် ဦးဆောင်သော မိသားစုသည် ဆက်ခံသူ မျို ဆက်အတွက် အထူးအလေးထားလေ့ရှိ သည် ဟူ၍ ဖြစ်သည်။ ကုဝေအတွက် သူမွေးထားတဲ့သားရဲ့  အိမ်ထောင်ပြုခြင်း ဆိုသည်မှာ မင်္ဂလာသတင်း ဟုယူဆမည်မ ဟုတ်။ ဒါပေမယ့် ကုဝေသည် သူလိုချင်တာ ရဖို့အတွက် ချူယွင်ကို ဆွဲချ နင်းချေဖို့ အထိတော့ မလုပ်တန်ကောင်းရဲ့။ ကုဝေသည် သူ့သားအတွက် ရည်မှန်းချက် အကြီးကြီးထားရှိထားနိုင်ပေမယ့် ချူယွင် ရဲ့ဦးတည်ချက်နဲ့တော့ ကွဲလွဲနေမှာ အမှန်ပင်။

****””””””

ရှောင်ကျိုက်သည် အိမ်တော်ရဲ့ဧည့်ခန်း ဆောင် တွင် ကုဝေနှင့်အတူ ‌ရှိနေပြီး ချူယွင် လှမ်းဝင် လာသည်ကို စောင့်ကြည့် နေသည်။ချူယွင်ခံစားမိသည်။ ထိုသည်က သူတို့နှစ်ယောက်လုံးမှာ ချူယွင်ဝတ်ဆင် ‌ထားသော မရင်းနှီးသည့် အဝတ်အစားပေါ်တွင် အာရုံစိုက်နေခြင်း ဖြစ် သည်။သူက ကုဝေကို ဦးညွှတ်ပြီး ရှောင်ကျိုက်ရဲ့ ဘေးမှ ‌ခုံနေရာလွတ်တွင် ဝင်ထိုင်သည်။

ကုဝေရဲ့အကြည့်တွေက အရင်တခါ တွေ့ ခဲ့တဲ့ပုံစံ အတိုင်းပါပဲ။ လှသည် အေးချမ်းသည်။ ရေကန်ထဲတွင် အရိပ်ထင် နေသော မိုးမခပင်ကဲ့သို့ တည်ငြိမ်နေသည်။

“ယောက္ခ‌မတော်ကို မနက်စောစော လာလည်စေတဲ့အကြောင်းအရာက ဘာများ ပါလဲ”

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Donde viven las historias. Descúbrelo ahora