Part 31 (မြေခွေးရဲ့မမျှော်လင့်ထားသည့် ဧည့်သည်)

182 14 0
                                    

Part 31

Unicode version

လန်ကျိုးမြို့တော်ကနေ ရှောင်ကျိုက်နှင့် အတူ ပြန်လာပြီးကတဲက ချူယွင်သည်လဲ သူ့ရဲ့မိသားစုနှင့်အတူ အဆင်ပြေပြေ နေနိုင်ခဲ့သည်၊ ချူဟန့်က ညစာအတွက်ပြင်ဆင်ပေးရုံသာမက အိမ်တော်မှာရှိတဲ့သူတွေ ကိုလဲ ကုချင်တီးချက်ပြီးဖျော်ဖြေပေးသည်၊

တောင်ပေါ်မှာရှိတဲ့ ဂီတတီးခက်မှု ကျောင်းတွင်သင်ကြားခဲ့မှုကြောင့် တေးဂီတကို ကျွမ်းကျွမ်းကျင်ကျင် တီးခက်နိုင် သည်။ သူတီးခက်ပြသမှု ကနေ သူ့ရဲ့ တိုးတက်လာသည့် အရည်အချင်းကို ကိုယ်တိုင်လဲသတိပြုမိ သည်။

ရှောင်ကျိုက်သည်လဲ အမြဲလိုလို တိတ်ဆိတ်နေတက်ပေမယ့် နိုင်ငံရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို တော့ ချူယွင်ရဲ့ မိဘတွေနှင့် ပြောဆိုတက်သည်။မင်းသားကျင်း ရဲ့ ကိုယ်လုပ်တော်များကလဲ အခါပါးလျော်စွာ သူတို့ချင်း ကိုစေ့စပ်ပေးသည့် စကားများပြောလာသည်။

ဒါတွေအားလုံးကချူယွင်အတွက် အကောင်းဆုံးအနေအထားတစ်ခုဖြစ်သည်။ ရှောင်ကျိုက်က ယခုလိုပဲ ကျိုးနွံ့နေမယ်ဆိုရင် ကျွေ့တိုင်းပြည်ကို ပြန်တဲ့အချိန်တွင် သူ့ဘဝက ပိုပြီးအဆင်ပြေသွားပါလိမ့်မည်။ အဲဒီညက ရှောင်ကျိုက်နှင့်ချူယွင် ပြဿနာတစုံတရာမဖြစ်ပဲ တခန်းထဲတွင် အတူအိပ်စက်အနားယူခဲ့ကြသည်။ ချူယွင်နဲ့ အကွာအဝေးတစ်ခု တွင် အိပ်စက်ချင်သော်လဲ သူတို့အတူရှိနေသည့် အိပ်ရာသည် လူလေးယောက်ခန့်ကျယ်ကျယ် ဝံ့ဝံ့ အိပ်နိုင်သော နေရာဖြစ်နေတော့ သည်။

++++++++++++++++++++++++++

နောက်တစ်ရက်တွင် သူတို့တွေ ကျွေ့တိုင်းပြည်ကို ပြန်ခဲ့ကြသည်၊။ ပုံမှန်ဖြစ်စဉ်အရ ကျင်းသခင်မသည်မှာလဲ ငိုကျွေးရင်းဖြင့်နူတ်ဆက်သည်။ ချူယွင်သူလဲ သူ့မယ်တော်ကို တင်းကြပ်စွာပွေ့ဖက်ရင်း

"ချူဟန့်ကို စောင့်ရှောက်ပေးပါ" ကျင်းသခင်မသည်လဲ အလျင်မြန်ပင် ခေါင်းညိတ်ပြီး အသံတိတ် သဘောတူညီ ချက်ရယူထားသလို အမူအယာရှိနေသည်။ချူဟန့် က ဂီတကို ချစ်မြတ်နိုးသော်လဲ အမြဲတစေ ထိုကျောင်းတော် တွင်နေထိုင်ရန်မသင့်ပေ၊။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now