Part 25(ဒုတိယအကြိမ်စဉ်းစားခြင်း)

314 30 2
                                    

Unicode Version

သူ၏မိခင် ထွက်သွားပြီးနောက် ချူယွင်မယ်တော်ရဲ့စကားတွင်ပဲ ပိတ်မိနေသည်။ သူနဲ့ ချူဟန့်က အမြဲတမ်းနီးစပ်တယ်လို့သူထင်ခဲ့သည်။ ညီအကိုအရင်းဖြစ်သည့် အတွက်ကြောင့် ဟု သူထင်ခဲ့ဖူးသည်။ ဒါပေမယ့် ယခုတကြိမ်ထပ်။စဉ်းစားမိသည်မှာ ချူဟန့်ကသူလိုကိုယ်လို အခြေအနေမျိုးမဟုတ်တော့။နန်းတော်ထဲ အတူသွား။ အတူလာ အခြေအနေမှာ အများပြောစရာ ဖြစ်နေနိုင်သည်။

မနေ့ကအခြေအနေနဲ့ ယှဉ်ကြည့်မယ်ဆိုလျင် အိမ်‌တော်ထဲတွင် ရုန်းရင်းဆန်ခပ် ဖြစ်ခဲ့သည်။ ချူယွင်အခြေအနေကိုမြင်တွေ့သွားကြသည့် အစေခံများ အတွက်ပြောစရာတခုပိုလာခဲ့ပေ သည်။

သူချူဟန့်ကိုသွားတွေ့ချင်သည်။ သို့သော် သမားတော်နဲ့တွေ့ထားပြီးဖြစ်သည့် အတွက် သွား၍ နှောက်မယှက်ချင်တော့ပေ။ ချူယွင် ပင်မ ဆောင်၏ ပြတင်းပေါက် ဘောင်ပေါ်တွင် ထိုင်နေသည်။ အတွေးထဲနစ်ဝင်နေချိန် သူ၏ ခမည်းတော် အနားသို့ ရောက်လာခဲ့တော့ သည်။

သဘာဝပါတ်ဝန်းကျင်အလှကိုမြင်တွေ့ရလျှင် သူ့ရဲ့ အတွေးဆိုးများကို ပယ်ဖျက်နိုင်မည်ဟုထင်မြင် ခဲ့သော်လဲ အလုပ်မဖြစ်ပေ။ ဘယ်နေရာ ကိုသွားလျင် အကောင်းဆုံးဖြစ်နိုင်မလဲဆိုပြီး တွေးတော နေမိသည်။ အိမ်တော်ရဲ့တနေရာတွင် ရှောင်းကျိုက်ရှိမည် ဆိုပေမယ့် သူနဲ့ထိပ်တိုက် မတွေ့ချင်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ"

ဆိုကာ သူနဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ချူယွင်ကို

"မင်းကို လိုက်ရှာနေတာ။ မင်းရဲ့ညီတော် အခြေအနေ ကောင်းနေပြီ။ သူ့ရဲ့ ရာသီကာလ ပြီးသွားပြီ။ သူမင်းကို တွေ့ချင်နေတယ်"

ချူယွင်ခေါင်းညိတ်ပြီး

"ကျွန်တော်သွားတွေ့လိုက်မယ်" ဆိုပြီး ထိုင်ရာမှထရပ်ကာ နေရာမှထွက်ခွာလာချိန် သူ့ခမည်းတော်က သူ့လက်ကိုဆွဲထားသည်။

"ကျွေ့တိုင်းပြည်မှာ ဘယ်လိုလဲ။ သူတို့ဂရုစိုက်ရဲ့လား"

ကျွေ့တိုင်းပြည်ဘုရင်က သူနဲ့ရှောင်းကျိုက်ကို ဆကိဆံပုံ။ သစ္စာဖောက်တယောက်၏နေအိမ် တွင်နေစေခဲ့သည့် ကိစ္စ။ ရှောင်းကျိုက်ရဲ့ ဒမ် ခမည်းတော်က ကံကုန်မိဖုရားကြီး၏ သေဆုံးမှုတွင် ပါဝင်ပါတ်သတ်မှုကို ပြန်လည ်တွေးတောမ ိသည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now