Part 14 (ဆွေမျိုးတော်ဆက်မည့်သူများနှင့် တွေ့ဆုံခြင်း။)

726 69 0
                                    

Unicode version


ချူယွင် သူရဲ့ စိန်ခေါ်မှုကိုလက်ခံပြီးနောက် အိပ်ဆောင်အတွင်း တဖန် ဝုန်းဒိုင်းကျဲ နေခဲ့ပြန်သည်။ ရှောင်ကျိုက်အနေဖြင့် ချူယွင်၏ ရန်လိုနေသော အနေအထားမှာ  အမှတ်အသားပြုလုပ်ရန် မကြိုးစားပေ။ မည်သို့ပင်ဖြစ်စေကာမူ သူရဲ့ရည်ရွယ်ချက်က ချူယွင် ကိုယ်ပေါ် တွင် သူပိုင်ဆိုင်ကြောင်း အမှတ်အသား ပြုလုပ်နိုင်ရန်ဖြစ်သည်။ နှစ်ဦးလုံး ဆာ ဖြစ်နေအုံးတော့ လိုအပ်မယ်လို့ သူယုံကြည် သည်။

ဆာ တယောက်ရဲ့ အမှတ်အသားပြုလုပ်မှုကို ဒမ် ဖြစ်သူမှ လက်မခံနိုင်လျင် စာချုပ် စည်းချိုးပျက်နိုင်သည်။ ထိုသို့သော အခြေအနေဖြစ်ခဲ့လျင် အမှတ်အသား ပြုလုပ်ခံရသော ဒမ်မှာ ဖျားနာပြီး ပုံမှန် မဟုတ်သော Pheromones ထွင်ပေါ်လာလိမ့် မည်။ Alpha နဲ့ Omega နှစ်ဦးကြား( ဆာ နဲ့ ဒမ် နှစ်ဦးကြား) တွင် အလိုအလျောက် စာချုပ်စည်းကျိုးပျက်တယ် ဆိုတာ မရှိသလောက် ရှားပါသည်။ Al pha နှင့် beta ဆိုလျင်တော့ ကျိုးပျက်မှု ဖြစ်နိုင်ချေ များသည်။

ဆာ တယောက်မှ တခြားဆာ တယောက်ကို အမှတ်အသား ပြုလုပ်နိုင်သည် ဆိုသည်မှာ ကြားပင် မကြားဖူးခဲ့ပေ။ရှောင်ကျိုက်ရဲ့ အမှတ်အသားပြုလုပ်ပြီးနောက် ယခုချိန်မှာတော့ စည်းစာချုပ်ကျိုးပျက်မှု မရှိဘဲ အကောင် အထည် ပေါ်လာသည်။ ပထမဆုံးသော နိုင်ငံရေးအရ လက်ထပ်သည့် မင်္ဂလာပွဲက ခက်ခက်ခဲခဲ နှင့် အောင်မြင်သွားခဲ့ရသည်။

ဆာ နှစ်ဦးက အမှတ်အသား စည်း စာချုပ် မရှိဘဲ အတူတူနေထိုင်လျင် beta တဦးနှင့် နေထိုင်ခြင်း နှင့်တူညီလိမ့်မည်။ ယခု အခြေအနေကတော့ ထူးခြားဖြစ်စဉ်ပါ။ရှောင်ကျိုက်ရဲ့စိတ်ဆန္ဒ ပြည့်ဝဖို့အတွက် သံကိုယ်စားလှယ်မှ ကြင်ဖက် ကိုအမှတ်အသားပြုလုပ်ရန် မဆိုထားလျင်တောင် သူ့ဘက်က လုပ်ရန်ဆန္ဒရှိသည်။

သူလှဲ လျောင်း၍ အနားယူနိုင်ဖို့ ခဲရင်းသည်။ အိပ်ပျော်ဖို့ဆို လျင်ပို၍ မဖြစ်နိုင်ပေ။ ‌ချူယွင်ရဲ့ အနှောက်အယှက်ပေးနေသော မြေခွေးအသွင်ရှိတဲ့ အမြှိးရယ်။ အဝါရောင်သန်းနေတဲ့ မျက်ဝန်းတစုံရယ်။

&&&&&&&

နောက်တရက် မနက်။

မင်္ဂလာအိပ်ရာပေါ် တယောက်ထဲ အိပ်ပျော်နေသူ ချူယွင် နိုးထလာသည်။ သူရဲ့ မင်္ဂလာဝတ်စုံက ကြမ်းပြင်ပေါ် အပုံ လိုက်ရှိနေသည်။ ဆံပင်တွေလဲရူတ်ပွနေပြီး ခေါင်းမှာထိုးထားတဲ့ ရွှေဆံထိုးပင် ညက သောင်းကျန်းထား၍ ဘယ်ဆီရောက် မှန်းမသိပေ။

ညက သူအိပ်ပျော်နေတယ်ဆိုပေမယ့် ရှောင်ကျိုက် ဒီမှာ မအိပ်တာတော့ သူသိသေး သည်။ ပုံမှန်အနေအထားအရဆိုလျင် သူနဲ့ရှောင်ကျိုက် ဘုရင်းကြီးဆီ သွားရောက် တွေ့ဆုံကာ သားမက်တော် တယောက်အနေဖြင့် နူတ်ခွန်းဆက်ရမည် ဖြစ်သည်။ ဘုရင်ရဲ့ မိဘုရားကြီးသာရှိလျင် သူ့အတွက် ပိုအဆင်ပြေနိုင်သည်။ မိဘုရားကြီး အသက်ရှင်လျက်မရှိတော့တဲ့ အတွက် ဘုရင်ကြီးရဲ့ မယ်တော်ကိုတော့ အထူးတလည် နူတ်ဆက် ဖို့ကို သူကြိုးစား မည် မဟုတ်ပေ။

အိပ်ရာပေါ်မှဆင်းပြီးအခန်းထဲမှ ထွက်လာကာ အစေခံများကို ‌အထဲဝင်ရန် အမိန့်ပေးသည်။ ဟွားနန်ယီ အရင်ဦးဆုံးဝင် ရောက်လာပြီးဟန်ဆောင် ပြုံးကာ

“အရှင့်သား ညက ကောင်းကောင်းအိပ်စက် နိုင်မယ်လို့ ကျတော်မျိုးမ ယုံကြည်ပါတယ်”

အစေခံတွေရဲ့ရှေ့မှာရှောင်ကျိုက်အကြောင်းကို ဘယ်တော့မှပြောမည်မဟုတ်ပါ။ တော်ဝင်မျိုးနွယ် ဖြစ်သည့် အတွက် သူစည်းစောင့်ရမည်။

“လန်းဆန်းသွားတာပဲ”

ဟွားနန်ယီကိုတော့ အ‌ ခြေအနေ တခုခုထူးခြား ကြောင်းအရိပ်အယောင် ပြလိုက်ခြင်းဖြစ်သည်။

ဟွားနန်ယီက အစေခံများကို ရေစည် ယူလာစေပြီးနောက် ကိုယ်လက်သန့်စင်ပေးကာ ဆံပင်ကို သေချာဖီးသင်ပေးသည်။ သူတို့ဝတ်ဆင်ရသည်က စိမ်းပြာရောင်။ ပိုးသားလွှာနှစ်ထပ်ရှိသည့် နန်းတွင်း အစေခံ ဝတ်စုံပါ။ ‌ရှင်းတိုင်းပြည်တွင် ထိုသို့ ဝတ်ဆင်ခြင်းမနှစ်သက်ပေမယ့် ကျွေ့တိုင်းပြည်ရဲ့ရာသီဉတုကြောင့် မဖြစ်မနေ ဝတ်ဆင်ရသည်။

“ဒီဝတ်စုံက အရှင်သားနဲ့အတူ အရှင်မင်းကြီးကို နူတ်ခွန်းဆက်ဖို့ သွားရောက် တွေ့ဆုံချိန် ဝတ်ဆင်ရမှာပါ”

အစေခံတယောက်မှ သူဝတ်ဆင်ရမည့် တော်ဝင် ဝတ်ရုံတော်ကို ယူလာသည်။
ချူယွင် ကိုယ့်သူကိုယ် ရွှေရောင်မှန်သားပေါ် ကြည့်ရူ့အကဲခက် ရင်း ကျွေ့တိုင်းပြည် ညီလာခံသဘင် တွင် အများသူဌာထက် ကြည့်၍ ပိုကောင်း နေမည် ကိုကျေနပ်နေတော့သည်။

&&&&&&&&

ရှောင်ကျိုက်သည် ညီလာခံသဘင်ခန်းမတံခါးရှေ့တွင် ချူယွင်ကို ရပ်စောင့်နေသည်။ သူဝတ်ဆင်ထား သည်က အစိမ်းရင့်ရောင် နက်ပြာနှင့် ရောစပ်ထားသော ဝတ်စုံဖြစ် သည်။ အစေခံများကတော့ သူ့ဝတ်စံာက ချူယွင်ထက် ပိုကြည့်၍ ကောင်းမည်ဟူ၍ ဖြစ်သည်။ သို့ပေမယ့် သက်တောင့်သက်သာ မရှိခြင်းကိုတော့ ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ ချူယွင်က သူ့ထက်သာအောင် ပို၍ နက်သော ပြာသော။မှောင်သော ဝတ်စုံကို ရွေးဝတ်မည်ဟု သူယူဆထားသည်။ ချူယွင်ရဲ့ ပုံစံက လင်းတဲ့အရောင်ထက် မှောင်တဲ့အရောင်နဲ့ပိုလိုက်ဖက်သည်။ ရှောင်ကျိုက်က နက်ပြာရောင်ဝတ်ဆင် ထားသည့် အတွက် သူတို့နှစ်ယောက်လုံးကျီးကန်းတောင်ပံဖြန့်ထားသလို ဖြစ်နေမည် မှာသေချာသည်။

ရှောင်ကျိုက်အနေနဲ့ ကံကြမ္မာဆိုး ဟုယူဆထား သော်လဲ ချူယွင်ဘက်မှ မကြိုက်နှစ်သက်သည့်အခြေအနေတခု မှ ကောင်းမွန်တဲ့ဘက်ကို ကူးပြောင်းနိုင်စွမ်း ရှိချင်ရှိလိမ့်မည်။ ပြီးခဲ့တဲ့ညက ကြည့်ကောင်းကောင်းနဲ့ သူ့ကို စော်ကားမော်ကား ပြောဆို ပြုမူနေသည်ကို ကိုယ်တိုင်ကျုံတွေ့ထားသည့် အတွက် ဖြစ်သည်။

ဘဏ္ဌာ ထိန်းမှ တံခါးဖွင့်ပေးပြီး သူတို့ဝင်ရောက် လာသည်ကို ကျယ်လောင် သော အသံဖြင့် ခန်းမအတွင်းအများသူဌာကြားစေရန် အသိ ပေးကြော်ညာသည်။

ရှောင်ကျိုက်မျှော်လင့်ထားသည်က ခမည်းတော်နှင့် မယ်တော်ကြီးကို သာတွေ့ဆုံရန်ဖြစ်သည်။ သို့သော် သူရဲ့ အကိုတော် ဝတ်ဆင်ထားသည့် လိမ္မော်ရောင် ဝတ်စုံက သူ့မြင်ကွင်းထဲဝင် ရောက်လာသည်။ အရှင်မင်းကြီးရဲ့ ဝတ်ရုံတော်ထက် အရောင်အနည်းငယ် ပိုထွက်ပြီး အိမ်ရှေ့စံ ဆိုသည့် သူရဲ့ဖြစ်တည် မှုကိုဖော်ပြ နေသလိုပင်။ ထို့ကြောင့်ရှောင်ကျိုက် အနေနဲ့ ဆွံ့အနေခဲ့သည်။

ရှောင်ကျိုက်ရဲ့ အဆင်မပြေဖြစ်နေသော အနေအထားကို ချူယွင်သတိပြုမိသည်။ ထို့ကြောင့် သူ့ဘက်ကပြုံးနေသင့် သည်ဟုယူဆသည်။

နှစ်ယောက်အတူအရှင်မင်းကြီးစံမြန်းရာပြလ္လ အနားသို့ချည်းကပ်လာသည်။ အရှင်မင်းကြီးသည် တိုင်းပြည်ရဲ့ အရှင်သခင် ဖြစ်သည်။ အတွက် ရှေ့တွင်ရှိသည်။ မယ်တော်ကြီးက အရှင်မင်းကြီးရဲ့အနောက်ဘက် လိုက်ကာ နောက်ကွယ်တွင် ဖြစ်သည်။

“ကျတော်မျိုးမြောင်ယန်း။ အရှင်မင်းကြီး။ ယောက်ဖတော်နဲ့ မယ်တော်ကြီးကိုဂါဝရပြု နူတ်ခွန်းဆက်ပါတယ်”

ချူယွင်ဘက်မှ လေးနက်သော အမူအယာ ဖြစ့်နူတ်ဆက်သည့်နောက် ရှောင်ကျိုက်သည် လဲ ထိုနည်းတူ ပြုမူသည်။ အရှင်မင်းကြီးမှ သူတို့ကို အသိအမှတ်ပြု ဦးမော့စေသည့်အသံက ပြတ်သားသည်။

ချူယွင်အတွက် ပထမဆုံး အရှင်မင်းကြီးနှင့် အနီးကပ်တွေ့ဆုံခြင်း ဖြစ်သည်။ ရှောင်ကျိုက်နှင့် အရမ်းဆင်တူ လွန်းသည့်အတွက် အတော်ပင်အံ့အားသင့် သွားခဲ့သည်။ ရှောင်ကျိုက်ဘာကြောင့် အရမ်းကြည့်ကောင်းနေခဲ့လဲ။ အသားအရည် ပါးလျပြီး မျက်ဝန်းမှာ ဖီးနစ် တကောင်ကဲ့သို့ စူးရှနေသည်။ ဘုရင် တပါးရဲ့အကြည့်က တဖက်သား ကို ယုံကြည်မှုကင်းမဲ့နေသည်ဟု ယူဆနိုင်သော အကြည့်ဖြစ်ပြီး စူးရဲလွန်းသည်။

ယခုလို တော်ဝင် ဝတ်ရုံတော်က‌ ကြောင့် ကြည့်ကောင်းနေခြင်းမဖြစ်နိုင်။ ဘုရားကျောင်းတွင် အဖြူရောငါ ဝတ်စုံဖြင့် တရားထိုင်နေခဲ့လျင်ကို ဘုရင်တပါးဆိုတာ ငြင်းနိုင်ဖွယ်မရှိ

“ ကိုယ်တော်အနေနဲ့ မြောင်ယန်းကို နွေးထွေးစွာကြိုဆိုပါတယ်။ ဇီလန် နဲ့လက်ထပ် ပေးတဲ့အတွက် ပျော်ရွင်ရတယ်။ ဂုဏ်ကျက်သရေလဲ တိုးတယ်”

ချူယွင် ဦးခေါင်းကိုညွှတ်ချသည်။ သူဆန္ဒမရှိသော်လဲ ရိုကျိုးယောင်ဆောင် နေရသည်ဟု တွေးနေမိသည်။ ဘေးနားက ရှောင်ကျိုက်ပုံစံက စိတ်အိုက်နေသလိုပင်။
ချူယွင် နောက်တကြိမ်ဦးမော့ချိန်မှာတော့ အိမ်ရှေ့စံမှ သူရဲ့ နေရာကနေ ဆင်းလာပြီး ဟန်ဆောင်လုပ်ယူထားသည့် အပြုံးတခုကို တွေ့ရသည်။ အိမ်ရှေ့စံရဲ့ မဲနက်နေသော မျက်ဝန်းတစုံက သူရဲ့ညီတော်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။

&&&&&&&

To be continue

Original Author Note;

အိမ်ရှေ့စံကဘယ်လိုလူဆိုတာ သိချင်ပြီ။
ချူယွင်က‌။ ဒီမင်္ဂလာပ္ဲကို သူမကြိုက်ဘူးဆိုရင် ရှောင်ကျိုက်နဲ့ အတူနေဖို့ ဘာကြောင့်တွေးတောနေကတာလဲ။

Zawgyi Version

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now