Part 15 (နှစ်ကိုယ်သူစံမြန်းမဲ့အသိုက်အမြှုံ)

663 72 2
                                    

Unicode version


ရှောင်ကျိုက်နဲ့ အိမ်ရှေ့စံ တို့နှစ်ယောက် ကြားမှာ အခြေအနေ ဆိုးတခု ဖြစ်တည်နေတယ် ဆိုတာ ချူယွင်သတိ ထားမိသည်။ ဘုရင်ကြီးနဲ့ ရှောင်ကျိုက်ဆင် တူတယ်ဆိုပေမယ့် မာနကြီး တဲ့အသွင်အပြင်မှာတော့ အနည်းငယ် ကွဲပြားသည်။ အံကြိတ်ထားလျင် ရှောင်ကျိုက် မေးရိုးတွေက တန်းနေတက် သည်။

အိမ်ရှေ့စံရဲ့ အမူအယာက တချိန်မှာ ထီးနန်းဆက်ခံရမယ့် သူဆိုတာ မေးခွန်းထုတ် ရန်မလိုပေ။ လက်ရှိဘုရင်မင်းမြတ်ရဲ့ နန်းမွေ ကိုသူဆက်ခံရမည်ဆိုတာသေချာရုံမက။စဉ်း စားစရာတခုက ကံကုန် မိဘုရားကြီးရဲ့ သားတော်မဟုတ်ပါပဲ။ အိမ်ရှေ့စံ နေရာသို့ရရှိခြင်းပင်။ ဟွားနန်ယီ ရဲ့စကား အရ ကံကုန်မိဘုရားကြီးမှာ ဆာ မင်းသမီး တပါးရှိခဲ့သည်။မိန်းကလေးတိုင်းကိုယ်ဝန် ဆောင်ချိန်တွင် ထိုမင်းသမီးလေးမှာ ကိုယ်ဝန်ဆောင်နိုင်မည် မဟုတ်။ ထို့ကြောင့် အိမ်ထောင်မပြုခဲ့လျင် သက်တမ်းစေ့ နေနိုင်မည်။ ထိုသို့သော အခြေအနေကြောင့် မိဘုရားကြီးနှင့်အတူ  မိမိကိုယ်ကို အဆုံးစီရင်ခဲ့လေသည်။

ရှင်းတိုင်းပြည် တွင် ပထမဆုံးမွေးဖွားသော ဆာ ကို ဆက်ခံသူတယောက် အဖြစ်သက် မှတ်သည်။ ကျား/ မ ဆိုသည်ကို လျစ်လျူရှူ့သည်။ ကျွေ့တိုင်းပြည် တွင်တော့ ထိုသို့ မတွေ့ရပေ။ ချူယွင် အရှင်မင်းကြီးကို တချက်အကဲခက်သည်။ ဘုရင်ကြီးရဲ့ မျက်ဝန်းတစုံက မနှစ်မျို့ခြင်း အထင်သေးခြင်းဆိုတဲ့‌အသွင်ဆောင် နေပြီး။ အိမ်ရှေ့စံရဲ့ အပြုအမူကိုသေချာ စောင့်ကြည့်နေသည်။ ချူယွင် ရဲ့ကောက်ချက်အရဆိုရင် အိမ်ရှေ့စံတယောက် ဖြစ်လာပေမယ့် အားလုံးအဆင်ပြေချောမွေ့နေခြင်း တော့ မဟုတ်ပေ။

ချူယွင်ရဲ့အကြည့်တွေက သူနဲ့ရှောင်ကျိုက် ရှေ့သို့ ခြေစုံရပ်လိုက်သော အိမ်ရှေ့စံ ဆီသို့ တဖန်ပြည်လည် ရောက်ရှိလာသည်။
ချူယွင် ရှေ့တွင်လက်နှစ်ဖက်ကို ယှက်ပြီး ဝမ်းဗိုက်နားသို့ ကပ်ထားကာ ဦးညွှတ် လာသည့် အိမ်ရှေ့စံ။

“ဝူယွမ်။ ယောက်ဖ တော်ကိုနူတ်ခွန်းဆက် ပါတယ်။ ယနေ့တွေ့ဆုံသည့်အချိန်ကစပြီး ယောက်ဖတော် နှစ်တသောင်းမက ပျော်ရွင်ပါစေ”

ပထမဆုံးအကြိမ်အဖြစ် ချူယွင်ကို နူတ်ဆက် လာခဲ့သည့် အတွက် အိမ်ရှေ့စံရဲ့ အတွေးမှာ သူ့ကို ရှောင်ကျိုက်က ဘာမှမပြောထား၍ အခုလို ပြုမူနေသည်ဟု ထင်သွားနိုင်သည် မဟုတ်ပါလား

ရှောင်ကျိုက်အပေါ် အိမ်ရှေ့စံ ဖြစ်စေချင်သော အမူအရာကို ရှာဖွေ မတွေ့ရှိသွားသည့် အတွက် အိမ်ရှေ့စံစိတ်ခုနေမှာ အမှန်ပင်။

(T/N အိမ်ရှေ့စံနဲ့ ရှောင်ကျိုက်နှစ်ဦးကြားက အဖုအထစ် ကဘာဆိုတာ မသိရပေမယ့် အိမ်ရှေ့စံရဲ့ ရှောင်ကျိုက်မသက်မသာ ဖြစ်စေမှုကို ရှာဖွေပေမယ့် အခြည်းအနှီးသာ ဖြစ်ခဲ့သည် ဟုဆိုရမည်။)

ယခု သူတို့နှစ်ယောက်ကလက်ထပ်ထားပြီးပြီ။ ထို့ကြောင့် တယောက်ကို တယောက် ကာကွယ်‌ေပးရမည်မှာ အမှန်ပင်။ ချူယွင်က သူစိမ်းနယ်မြေမှာ အရူးလုပ်ခံဖို့ လာခဲ့ခြင်းမဟုတ်ပါ။

“မြောင်ယန်း အိမ်ရှေ့စံကို နူတ်ခွန်းဆကါသ ပါတယ်”

ချူယွင် က ဘေးနားက ရှောင်ကျိုက်ရဲ့ အေးစက်နေသော လက်ကို ဆုတ်ကိုင်ပြီး

“ကျတော် မြောင်ယန်းနဲ့ ခင်ပွန်းသည်ကလဲ အရှင့်သားပျော်ရွင်စေဖို့ ဆန္ဒရှိပါတယ်”

ခန်းမ အတွင်းမှ ရှိရှိသမျှအားလုံး ထိတ်လန့် ဖွယ် ရာ တစုံတခုကို မြင်လိုက် ရသလို မျက်နှာမျိုးဖြစ်ပျက်ကုန်သည်။
ရှောင်ကျိုက်သည်လဲ သူ့လက်ကို ဆုတ်ကိုင် ထားသည်ကို စိုက်ကြည့်နေပြီး ခေါင်းမမော့လာပေ။ ပြီးတော့ ‌ချူယွင်က မိသားစုဝင်တွေရှေ့မှာ သူ့ဘက်က ရပ်တည် မယ်လို့ တခါမှ ‌မမျှော်လင့်ခဲ့ဖူးပေ။

ထို့နောက် အရှင်မင်းကြီးရဲ့ အနောက်ဘက် လိုက်ကာအတွင်းမှ ညိုးငယ်သော အသံရှင်မှ

“ကလေး။ဒီကိုလာပါအုံး”

ချူယွင် ရှောင်ကျိုက်ကို လှည့်ကြည့်တော့ ရှောင်ကျိုက်သူ့ကို ခေါင်းညိတ်ပြသည်။ ရှောင်ကျိုက်ရဲ့ နူတ်ခမ်းမှာ စိတ်အိုက်နေတဲ့ ပုံစံမျိုးက်ုဖော်ကျူးနေသည်။

ချူယွင် လက်န‌ဖက် ကိုတင်းတင်း ဆုတ်ထား ပြီး ရာဇပုလ္လင် ရှိရာသို့ ခေါင်း ငုံ့ပြီး လျောက်လာသည်။ အရှင်မင်းကြီးကို ဦးညွှတ်ဂါဝရ ပြုပြီး မယ်တော်ကြီး စံမြန်းရာ နောက်ဘက် လိုက်ကာ ရှိရာသို့ ရောက်လာသည်။
ပိုးထည်ဖြင့်ပြလုပ်ထားတဲ့ ထိုင် ခုံ ပေါ် တွင် ခန့်ညားစွာ ထိုင်နေသည်။

“ကလေး၊လာပါအုံး”

သူမ အသံက ပျက်သားနေပြီး လိုက်ကာ နောက်ကွယ်မှ သေချာရှင်းလင်းစွာ ကြား ရသည်။

“အနားတိုးခဲ့ပါအုံး၊ သေချာကြည့်ပါ ရစေအုံး”

ထိုသို့စကားဆိုတိုင်း သူပြုမူသည်။ သို့ပေမယ့် ရုတ်တရပ်ဆန်စွာ သူရဲ့မေးရိုးကို ဆက်ခနဲဆွဲယူလိုက်သော သန်မာသော လက်တစုံကြောင့် သူပြင်ဆင် ချိန်မရလိုက်ပေ။ မယ်တော်ကြီးရဲ့ ဝင်းလက်နေသော မျက်ဝန်းတစုံကို တွေ့မြင်လိုက်ရတဲ့အတွက် အင်မတန် လန့်ဖြန့်သွားသည်။

“ရှင်းတိုင်းပြည်က မြေခွေးမျိုးနွယ်စုတွေအကြောင်း ကြားဖူးထားခဲ့တာ အမှန်ပဲကိုး”

မယ်တော်ကြီးမှ ဘုရင်ကြီးကို သူရဲ့ထင်မြင် ချက်တချို့ထုတ်ဖော်လာသည်။ သူ့ရဲ့မေးရိုး ကိုပြန်လွတ်ပေးပြီး ကိုယ်ကို နောက်သို့ ပြန်ရုတ် သွားသည်။ ချူယွင်က

“ရှင်းတိုင်းပြည်က မြေခွေးမျိုးနွယ်စုတွေ အကြောင်းကို ဘယ်လိုများကြားထားပါ လဲ။ မယ်တော်ကြီး”

ချူယွင် ယခုလို ပြန်မေးဝံ့မယ်လို့ မယ်တော်ကြီးထင်ထားပုံမရ။ ထို့ကြောင့် ရယ်သံခပ်ညှင်းညှင်း ထွက်ပေါ်လာသည်။ မြေခွေးမျိုးနွယ်စုကို စော်ကားပုဒ်ခပ် ထားတာ ရှိပေမယ့် ချူယွင်အနေနဲ့ မယ်‌ တော်ကြီး မည်သို့ ဝေဖန်လာမည်ကိုတော့ ကြားချင်သေးသည်။ သို့ပေမယ့် ချူယွင် စိတ်မကျေနပ်နိုင်သည့် အဖြေက

“ထပ်ပြီးပြောနေလဲ ဘာမှထူးမလာပါဘူး”

ချူယွင်သွားကြိတ်ပြီး ပြုံးသည်။ မယ်တော်ကြီး သူ့ကိုပြုံးပြသည်။ မယ်တော်ကြီးသည် တချိန်က အင်မတန်လှပသော အမျိုးသမီးဖြစ်ရမည်။ သို့သော် အချိန်ဆိုသည်မှာ ရပ်နေသည် မဟုတ်။ မယ်တော်ကြီးရဲ့အနံ့မှာ တောင်ဝှေးပန်းနံ့ဖြစ်ပြီး မယ်တော်ကြီး နဲ့ပါတ်သတ်သော သတင်းကောင်းဆို သည်ကို သူမကြားခဲ့ဖူးပေ။

ဒမ် များသည် သူတို့ကို အနံ့ကို အချိန်ကာလ တခုအတွင်းထိ ထိန်းသိမ်းထားနိုင်ပြီး ထိုထက် အသက်ရ လာလျှင်တော့ ထိန်းသိမ်းရန်မလွယ်ကူပေ။

သို့ပေမယ့် မယ်တော်ကြီးသည်။ ကံကုန် ဘုရင်ကြီးရဲ့ မိဖုရား။ ယခုလက်ရှိဘုရင်ရဲ့ မယ်တော်။ ဘယ်လိုအကြောင်းကြောင့် အနံ့ကို ထိန်းသိမ်းထားနိုင်ပါသလဲ။ ကန့်သတ်ထားတဲ့အချိန်က ကျော်လွန်နေပါ ပြီ။ မဟုတ်လျင်လဲ လုနီးပါးအချိန်ကာလ ရောက်နေခဲ့ပါပြီ။

“မင်းနဲ့ရှောင်ကျိုက်။ ယခုထိ ‌အိမ်တော်အသစ် ဆီကို မရောက်ကြသေး ဘူးမဟုတ်လား။ တခါတည်းသွားကြည့်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်တော့။ ငါ သေချာ‌ေစာင့်‌ေရှာက်ထားပေးတယ်”

ချူယွင်ကို အနီးကပ်မြင်ရပြီးသည့် အတွက် လက်ကိုဝှေ့ယမ်းပြီး သူ့ကို ထွက်သွားရန် ဆိုသည်။ ချူယွင် ဦးညွှတ်ပြီး နောက်ပြနါဆုတ်သည်။ ‌ထို့နောက် ဘုရင်ကြီး ကိုနောက်တကြိမ် ဦးညွှတ်ပြ္း ရှောင်ကျိုက်ရှိရာ ပြန်လျောက်လာခဲ့ တော့သည်။

&&&&&&&&&&&

ရှောင်ကျိုက် က အိမ်တော် အသစ်ကို သွားရောက် ဖို့အတွက် ဝေါယာဉ် ပြင်ဆင် သည်။ နန်းတော်ထဲမှာနေရသည် ထက် အိမ်တော် အသစ်ကို သွားရောက် ဖို့သာ စိတ်အားထက်သန်နေသည်။ ချူယွင် နှင့် နည်းတူ  ဖိနှိပ်ခံရမှုကြောင့် ဖြစ်ပေါ် လာ သည့် ဒေါသကို သူလဲ သည်းခံနေရသည်။

အနည်းဆုံးတော့ ရှောင်ယွမ်ရဲ့ ရန်စကားဆိုမှု ကို မယ်တော်ကြီးမှ ခွင့်မပြု ထားခြင်းက အနည်းငယ် အဆင်ပြေသွား သည်ဟု သူယူဆလိုက်သည်။

ရှောင်ယွမ် သူ့ကိုရန်စဖို့ စီစဉ် တဲ့အချိန်က ချူယွင် သူ့ဘက်က ရပ်တည်ခဲ့တဲ့ ကိစ္စ ကိုတော့ သူမယုံကြည်နိုင်သေးပေ။ ချူယွင် သူ့လက်ကို ကိုင်ခဲ့သည့် ကိစ္စက သူစိတ်ထင် နေတာများလားဆိုပြီး လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။ ထို့ကြောင့် အိမ်တော်အသစ်ကိုရောက်ရှိချိန်မှပဲ ကျန်သည့် ပြဿနာများကို ဆက်ပြီး ဖြေရှင်း ရမည်။

“ငါ မင်းကို အိမ်တော်အသစ်နဲ့ပါတ်သတ် ပြီး တချို့ကိစ္စတွေ အတွက်သတိပေးထား ရအုံးမယ်”

ထိုစကားကိုရှောင်ကျိုက်စပြောစဉ် သူတို့လမ်းတဝက်မှာ ပဲ ရှိသေးသည်။ သူတို့ရဲ့ဝေါယာဉ်က ခန်းနားထည်ဝါသည်။ သို့သော သက်သက်ဖြုန်းတီးနေသည်ဟု ယူဆထားသည်။

ချူယွင် ညီးညူသံက

“ငါဘာသိထားရအံုးမှာလဲ”

ရှောင်ကျိုက် နူတ်ဆိတ်သွားသည်။ သူ ပြောလို့ မဖြစ်ဘူး။ မဟုတ်ရင် အိမ်တော် တခုလုံးကို သူကိုင်တွယ်ဖို့ခဲရင်းသွားလိမ့် မည်။ မကြာခင် ချူယွင်မြင်ရမှာပဲ။ သိသွားပါလိမ့်မည်။

&&&&&&&&&

အိမ်ရှေ့စံရဲ့ လောကသိနာမည်က ဝူယွမ်ပါ။ မွေးနာမည်က ရှောင်ယွမ်။

&&&&&&

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now