Part 7 (မမျှော်လင့်ထားသော အရာတခုကိုရှာဖွေတွေ့ရှိခြင်း။)

865 110 2
                                    

Unicode version


ရှောင်ကျိုက်ရဲ့အကြည့်တွေက ခန်းမ အလယ် တွင် ရပ်နေသော ဒမ် တယောက်ဆီ မှာ မခွာနိုင်ဖြစ်နေသည်။ထိုသူတွင် မီးအိမ်များ ထွန်းညှိထားသော အလင်းရောင် အောက်တွင် ချောမွေ့နေသည့် အသားအရည်ကို ပေါ်လွင်စေသော အလှတရားရှိသည်။

သေချာသည်ကတော့ မင်းသားကျင်း၏ ဒမ်သားတော် ဖြစ်ရမည်။ထိုသူ၏ ဦးခေါင်း တွင် တပ်ဆင်ထားသော ဆံထိုးနှင့် ဝတ်စားပုံကြောင့် ထိုသို့သတ်မှတ်ခြင်း ဖြစ်သည်။ ကျောက်လှေကားထစ် များ ကိုနင်းဖြတ်ကျော်လာပြီး သူနေသင့်သော နေရာသို့ လျောက်လာနေသည်။ သူ၏ လက်ထဲတွင် မိန်းကလေးတယောက် ပွေ့ချီထားပြီး ထိုကလေးမှာ အသက်ငါးနှစ်ထက်ပိုမည် မဟုတ်။

ထိုကလေးမသည် သူရဲ့အကို တော်ကို တွယ်ကပ်နေပြီး သူ့လက်ကို ဆုတ်ကိုင်ကာ ရှောင်ကျိုက်ကို အကဲခက်သကဲ့ သို့ ကြည့် နေသည်။ရှောင်ကျိုက်ထိုသူကို ကြည့်ပြီး အသဲယား လာသည်။ထို့ကြောင့် ကိုယ့်သူကို လက်သီးဆုတ်ထားလိုက်သည်။

မင်းသားကျင်းတွင် ဒမ် သားတော်တပါး သေချာ ရှိနေတာပဲ။ သူရဲ့ခမည်းတော်က တိုင်းပြည်နှစ်ခုပူးပေါင်းရန်အကြံအစည် ကောင်းရှိနေတယ်ဆိုရင်(သို့) မဟာမိတ်လက်ထပ်ပွဲတခုဖန်တီးဖို့ လိုအပ်တယ်ဆိုရင် မင်းသားကျင်း၏ ဒမ်သားတော်နှင့် စီစဉ် ခဲ့၍ ရသည်။

ယခုအခြေအနေ တွင် ရှောင်ကျိုက် မှာ မရေရာ သော အတွေးများနှင့်ရူတ်ထွေးနေ သည်က သူ့ကို အကဲခက်နေသော ဒမ် မင်းသား တပါးကြောင့် ဖြစ်မည်မှာ ဧကန်ပင်။

“အရှင့်သားနဲ့မိတ်ဆက်ပေးပါရစေ၊ဒုတိယသားတော် ချူဟန့်ပါ။ ဒီမိန်းကလေးက မင်းသားကျင်းအိမ်တော်ရဲ့ မင်းသမီးငယ်လေး ချူမီပါ”

ချူဟန့်က သူရဲ့ညီမလေးကို ရှောင်ကျိုက်ဆီလှမ်းပေး‌ေတာ့ ပွေ့ချီလိုက်ပြီး ထိုကလေးမလေးမှာ သူ့ကို တွယ်ဖက်ပြီး လက်ကိုအတင်းဆုတ်ကိုင် ထားသည်။

ရှောင်ကျိုက်ဘာမှမလုပ်တက်ပေမယ့် ပြုံးပြရုံတော့ ကူညီတက်သေးသည် ။ထိုအပြုံးမှာ နူးညံ့သိမ်မွေ့ပြီး အထက်ဆီး ဆန်သော အသွင် နည်းနည်း လေးမှမရှိတဲ့ အတွက် အင်မတန် ကြည်နူးဖွယ်ကောင်း သည်။

ချူဟန့် ဆီသို့ ကလေးပြန်ပေးလိုက်တဲ့အချိန် မျက် လွှာ ချထားသော ချူဟန့်ရဲ့ နားရွက်ဖျားလေး များနီရဲနေသည် ကိုတွေ့လိုက်ရတော့ အတော်ပင်အံ့အားသင့်သွားခဲ့သည်။ ရှောင်ကျိုက် အတွက် နေရခက်သော အနံ့ ကို ထပ်မံရရှိလိုက်သည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Where stories live. Discover now